Saturday, November 4, 2017

အခ်စ္မွာ အေၾကာင္းျပခ်က္႐ွိသလား၊မ႐ွိဘူးလား?? စံခ်ိန္စံၫႊန္း႐ွိလား မ႐ွိဘူးလား???


အခ်စ္မွာ အေၾကာင္းျပခ်က္ရွိသလား၊ မရွိဘူးလား။ စံခ်ိန္စံညႊန္းရွိလား၊ မရွိဘူးလား။

ေထြရာေလးပါးစဥ္းစားရင္း ဒီေခါင္းစဥ္ ေခါင္းထဲေရာက္လာတယ္။ လူေတြေျပာၾကတာ ၾကားဖူး ပါတယ္၊"ငါ သူ႔ကို ဘာေၾကာင့္ခ်စ္မိမွန္း မသိပါဘူးကြာ" ဆိုတာမ်ိဳး၊ ဒါမ်ိဳးကို ေကာင္ဆိုးေလးေတြ၊မိန္းမဆိုးေလးေတြကို ခ်စ္မိတဲ့ သူေတြ၊ ဒါမွ မဟုတ္ အမ်ားက မတူဘူး မတန္ဘူး မလိုက္ပါဘူး ေျပာခံရတဲ့ အတြဲေတြ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ အၾကိဳက္ခ်င္းတစ္စက္မွ မတူတဲ့ အတြဲေတြမွာ ခပ္ညည္းညည္းေလး ေျပာတာ ၾကားဖူးတာပါ။
ဒါလည္း ျဖစ္ႏုိင္ပါတယ္၊ ဘာေၾကာင့္မွန္းမသိ ခ်စ္မိပါတယ္ဆိုတဲ့ Statement ကိုေပါ့။ ကၽြန္ေတာ္ကေတာ့ အခ်စ္မွာ အေၾကာင္းျပခ်က္တစ္ခုခု (အနည္းဆံုး ဖံုးဝွက္ထားသည္ပဲ ျဖစ္ျဖစ္) ရွိတယ္လို႔ ယံုၾကည္တဲ့အတြက္ အဲဒီဘက္က ေရးမွာပါ။
ျမင္ျမင္ခ်င္းခ်စ္တယ္ဆိုတာကို မယံုၾကည္ပါဘူး၊ ျမင္ျမင္ခ်င္း တျမည့္ျမည့္ တသသျဖစ္တယ္ဆိုတာ မရွိမဟုတ္၊ ရွိႏုိင္ေပမယ့္ ရာခုိင္ႏႈန္းဆို ၁% ေလာက္ပဲ ရွိမွာပါ။ ဒါေတာင္ ေနာက္၁လ၊ ၂လၾကာလို႔ ေမ့ေပ်ာက္သြားမယ္ဆိုရင္ ျမင္ျမင္ခ်င္း ၾကိဳက္တာ ျဖစ္သြားပါျပီ။
အခ်စ္မွာ အေၾကာင္းျပခ်က္မရွိဘူးဆိုေပမယ့္ သူ႔ကိုေတြ႔ေတြ႔ခ်င္း၊ သိသိခ်င္းမွာ ကိုယ္သေဘာက်တဲ့၊ ကုိယ့္စိတ္ကို လႈပ္ခတ္သြားေစတဲ့ အျပဳအမူ၊အေျပာအဆို၊ အသံဟန္ပန္အမူအရာတစ္ခုနဲ႔ ရင္ကို စထိခတ္ရတာပါပဲ။ ဒါေၾကာင့္လည္း အခ်စ္အေၾကာင္းမတရားဖြဲ႔တဲ့ ဝတၳဳေတြမွာေတာင္ 'ငါသူ႔ကို သတိထားမိတာ အဲဒီ မ်က္ဝန္းညိဳေလးေတြကေပါ့'ဆိုတဲ့ အဖြဲ႔မ်ိဳးကို ေတြ႔ရတာပါ။
မယံုမရွိပါနဲ႔။ သုေတသနျပဳမႈေတြအရ လူေတြဟာ ကုိယ္အထင္မၾကီးတဲ့ သူကို ခ်စ္လို႔ မရပါဘူးတဲ့။ ဘယ္ေလာက္ပဲ လူသတ္၊ဝရမ္းေျပး လူဆိုးၾကီးကို ခ်စ္ပါတယ္ဆိုတဲ့ သူကို ေမးၾကည့္ရင္.. သူဒီလို ၾကမ္းရမ္းေယာက္က်ားဆန္တာေလးကိုမွ သေဘာက်လို႔ ဆိုတဲ့ အခ်က္ကို ေတြ႔ရတာမ်ိဳးေတြပါ၊ ဒီလိုပဲ..အျပန္အလွန္အေနနဲ႔ ဘယ္ေလာက္ပဲ မိုးပ်ံေအာင္ေတာ္ပါေစ၊ကိုယ္ေတာ္ေတ္ာအထင္ေသးတဲ့ အခ်က္ရွိရင္ ၾကိဳက္လို႔ မရပါဘူးတဲ့။
ဒီေနရာမွာ စိတ္ပညာေလ့လာခ်က္တစ္ခုက လာပါျပီ..လူေတြရဲ့ မသိစိတ္မွာ ပံုေဖာ္ထားတဲ့ တစ္စံုတစ္ေယာက္ရွိတယ္ဗ်၊ တျခားသူေတြနဲ႔ ေပါင္းသင္းဆက္ဆံရင္လည္း သိစိတ္က ဒီတုိင္းေပါင္းလိုက္တာပဲဆိုရင္ေတာင္ မသိစိတ္က အဲ့ဒီ တစ္စံုတစ္ေယာက္နဲ႔ သူ႔အလိုလို ခ်ိန္ထိုးအကဲျဖတ္ေနပါလိမ့္မယ္..။ ဒါေၾကာင့္ပဲ တခ်ိဳ႕မွာ ရည္းစားေဟာင္းေတြရဲ့ မ်က္ႏွာဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ဆင္တူလို၊စက္ရုံထြက္ေတြလို ျဖစ္ေနတာ။ ရည္းစားေဟာင္းေတြ အၾကိဳက္ခ်င္းတူတာ၊ အက်င့္ခ်င္းတူတာေတြကို ထူးထူးဆန္းဆန္းေတြ႔ရတာပါ။
ဒါကေတာ့ အေၾကာင္းျပခ်က္လိုမလို ဆိုတဲ့ အပိုင္းကို ေျပာခ်င္တာ ျဖစ္ျပီး ေနာက္တစ္ခ်က္ကေတာ့ စံခ်ိန္စံညႊန္းပိုင္းေပ့ါ။
ဟုတ္ပါျပီ၊ ရင္ခုန္သံကိုပဲ ၾကားနာျပီး ခ်စ္ပါျပီတဲ့။ အဆင္မေျပႏုိင္ဘူးလား၊ ေျပသမွ ေျပတာေပ့ါဗ်ာ၊ ေရတိုအတြက္ေပ့ါ။ လူႏွစ္ေယာက္ခ်စ္ၾကျပီဆိုတာနဲ႔ ခႏၶာကိုယ္ဟာ သူနဲ႔ သက္ဆိုင္ရာ ေဟာ္မုန္းေတြ ထြက္ပါတယ္ခင္ဗ်ာ၊ ဒါေတြေၾကာင့္ပဲ ပိုခ်စ္လာတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ေဟာ္မုန္းဆိုတဲ့ အတုိင္း အျမဲထြက္ေနတာ မဟုတ္ေတာ့ ေနာက္တစ္ႏွစ္တန္သည္၊ ႏွစ္ႏွစ္တန္သည္မွာ မထြက္ေတာ့ပဲ မခ်စ္ေတာ့သလို ခံစားရတတ္ပါတယ္။ ဒါေၾကာင့္ပဲ သမီးရညး္စားေတြ၊ လင္မယားေတြ ကြဲၾကတာမ်ိဳးေပါ့။
ေနာက္ျပီးေတာ့ ဘဝမွာ ခ်စ္ေရး၊ၾကိဳက္ေရးတင္ မဟုတ္ဘဲ စီးပြားေရးေတြ၊ သမီးသားအေရးေတြ၊မိသားစုေရးေတြ ပါလာျပီး ပင္ပန္းၾကတဲ့အခါ အရင္လို ခ်စ္ဖ်စ္ညစ္တစ္စိတ္ေတြ ေပ်ာက္ျပီး သည္းမခံႏုိင္၊အက္ေၾကာင္းေလးေတြ ထလာတတ္ပါတယ္။
ဒီအခ်ိန္မွာ အိမ္ေထာင္သည္ေတြက သံေယာဇဥ္ေတြ၊ သားသမီးေတြနဲ႔ ကိုယ့္ RS ကို ဆက္ထိန္းျပီးေတာ့၊ လူလြတ္ရည္းစားေတြကေတာ့ ကြဲၾကတာ မ်ားပါတယ္။ ျပီးမွ ျပန္ၾကိဳက္တာကေတာ့ တစ္မ်ိဳးေပါ့ေလ။
ဒီေနရာမွာ ခုန ေရတို၊ ေရရွည္ကိစၥ စကားေျပာလာပါျပီ။ အခ်စ္တစ္ခုကုန္သြားတဲ့ အခ်ိန္မွာ အျပစ္ေတြ ျမင္လာတတ္ၾကပါတယ္။ နဂိုက ေကာငး္တဲ့ သူ ျဖစ္ရင္ေတာင္၊ အျပစ္ျမင္တတ္ၾကပါတယ္ဆို၊ နဂိုတည္းက သိပ္သေဘာမက်ခဲ့တဲ့သူဆိုရင္ေတာ့ ျပီးပါေလေရာပဲ။ ခုလက္ရွိ RS ေတြကြဲတယ္၊ စႏႈိက္ေၾကာ္ေတြ ဝင္တယ္ဆိုတာ ဒါမ်ိဳးပါပဲ။ ႏွလံုးသားက အခ်ိန္ၾကာလို႔ ထံုလာတဲ့ အခ်ိန္မွာ ဦးေႏွာက္က ပိုသာတယ္(လို႔) ထင္တဲ့ သူကို ေရြးတတ္တာမ်ိဳးေၾကာင့္ပါ။
ဒီလို ထံုလာခ်ိန္မွာ ကိုယ္သေဘာက်စရာအခ်က္ေတြ အမ်ားၾကီးရွိတဲ့ သူဆိုရင္ေတာ့ တစ္ေယာက္ကို တစ္ေယာက္ လြယ္လြယ္နဲ႔ ဆံုးရႈံးခံၾကမွာ မဟုတ္ဘဲ တတ္ႏိုင္သမွ် ခုိင္ျမဲေအာင္ ၾကိဳးစားၾကမယ္လို႔ ကၽြန္ေတာ္ကေတာ့ ျမင္ပါတယ္။
အသက္ၾကီးလာတာနဲ႔အမွ် အရင္လို ရုပ္ရည္ေတြ၊ ဂုဏ္ေတြ ၾကည့္တာထက္ Intellectual level ကို လိုက္ျပီးပဲ ေပါင္းႏုိင္တာ သိသာလာပါတယ္။ ကိုနဲ႔ စကားေျပာရတာ အဆင္မေျပရင္ ဘယ္ေလာက္ခ်စ္ခ်စ္ အဆင္မေျပဘူးလို႔ပဲ သတ္မွတ္လာၾကတာမ်ိဳးပါ။
ကဲပါ! ဒီေလာက္ထိေျပာေနလို႔ အခ်စ္က အေရးမပါဘူးမဟုတ္ပါဘူး။ အခ်စ္သာ မပါရင္ ဒီစာပိုဒ္ကို ဒီထိေတာင္ ဆက္ဖတ္စရာလိုမယ္ မထင္ပါဘူးခင္ဗ်ာ။

ရိုးလူ

[Unicode]

အချစ်မှာ အကြောင်းပြချက်ရှိသလား၊ မရှိဘူးလား။ စံချိန်စံညွှန်းရှိလား၊ မရှိဘူးလား။


ထွေရာလေးပါးစဉ်းစားရင်း ဒီခေါင်းစဉ် ခေါင်းထဲရောက်လာတယ်။ လူတွေပြောကြတာ ကြားဖူး ပါတယ်၊"ငါ သူ့ကို ဘာကြောင့်ချစ်မိမှန်း မသိပါဘူးကွာ" ဆိုတာမျိုး၊ ဒါမျိုးကို ကောင်ဆိုးလေးတွေ၊မိန်းမဆိုးလေးတွေကို ချစ်မိတဲ့ သူတွေ၊ ဒါမှ မဟုတ် အများက မတူဘူး မတန်ဘူး မလိုက်ပါဘူး ပြောခံရတဲ့ အတွဲတွေ၊ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းတစ်စက်မှ မတူတဲ့ အတွဲတွေမှာ ခပ်ညည်းညည်းလေး ပြောတာ ကြားဖူးတာပါ။

ဒါလည်း ဖြစ်နိုင်ပါတယ်၊ ဘာကြောင့်မှန်းမသိ ချစ်မိပါတယ်ဆိုတဲ့ Statement ကိုပေါ့။ ကျွန်တော်ကတော့ အချစ်မှာ အကြောင်းပြချက်တစ်ခုခု (အနည်းဆုံး ဖုံးဝှက်ထားသည်ပဲ ဖြစ်ဖြစ်) ရှိတယ်လို့ ယုံကြည်တဲ့အတွက် အဲဒီဘက်က ရေးမှာပါ။

မြင်မြင်ချင်းချစ်တယ်ဆိုတာကို မယုံကြည်ပါဘူး၊ မြင်မြင်ချင်း တမြည့်မြည့် တသသဖြစ်တယ်ဆိုတာ မရှိမဟုတ်၊ ရှိနိုင်ပေမယ့် ရာခိုင်နှုန်းဆို ၁% လောက်ပဲ ရှိမှာပါ။ ဒါတောင် နောက်၁လ၊ ၂လကြာလို့ မေ့ပျောက်သွားမယ်ဆိုရင် မြင်မြင်ချင်း ကြိုက်တာ ဖြစ်သွားပါပြီ။

အချစ်မှာ အကြောင်းပြချက်မရှိဘူးဆိုပေမယ့် သူ့ကိုတွေ့တွေ့ချင်း၊ သိသိချင်းမှာ ကိုယ်သဘောကျတဲ့၊ ကိုယ့်စိတ်ကို လှုပ်ခတ်သွားစေတဲ့ အပြုအမူ၊အပြောအဆို၊ အသံဟန်ပန်အမူအရာတစ်ခုနဲ့ ရင်ကို စထိခတ်ရတာပါပဲ။ ဒါကြောင့်လည်း အချစ်အကြောင်းမတရားဖွဲ့တဲ့ ဝတ္ထုတွေမှာတောင် 'ငါသူ့ကို သတိထားမိတာ အဲဒီ မျက်ဝန်းညိုလေးတွေကပေါ့'ဆိုတဲ့ အဖွဲ့မျိုးကို တွေ့ရတာပါ။

မယုံမရှိပါနဲ့။ သုတေသနပြုမှုတွေအရ လူတွေဟာ ကိုယ်အထင်မကြီးတဲ့ သူကို ချစ်လို့ မရပါဘူးတဲ့။ ဘယ်လောက်ပဲ လူသတ်၊ဝရမ်းပြေး လူဆိုးကြီးကို ချစ်ပါတယ်ဆိုတဲ့ သူကို မေးကြည့်ရင်.. သူဒီလို ကြမ်းရမ်းယောက်ကျားဆန်တာလေးကိုမှ သဘောကျလို့ ဆိုတဲ့ အချက်ကို တွေ့ရတာမျိုးတွေပါ၊ ဒီလိုပဲ..အပြန်အလှန်အနေနဲ့ ဘယ်လောက်ပဲ မိုးပျံအောင်တော်ပါစေ၊ကိုယ်တော်တေ်ာအထင်သေးတဲ့ အချက်ရှိရင် ကြိုက်လို့ မရပါဘူးတဲ့။

ဒီနေရာမှာ စိတ်ပညာလေ့လာချက်တစ်ခုက လာပါပြီ..လူတွေရဲ့ မသိစိတ်မှာ ပုံဖော်ထားတဲ့ တစ်စုံတစ်ယောက်ရှိတယ်ဗျ၊ တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရင်လည်း သိစိတ်က ဒီတိုင်းပေါင်းလိုက်တာပဲဆိုရင်တောင် မသိစိတ်က အဲ့ဒီ တစ်စုံတစ်ယောက်နဲ့ သူ့အလိုလို ချိန်ထိုးအကဲဖြတ်နေပါလိမ့်မယ်..။ ဒါကြောင့်ပဲ တချို့မှာ ရည်းစားဟောင်းတွေရဲ့ မျက်နှာဟာ တစ်ယောက်နဲ့ တစ်ယောက်ဆင်တူလို၊စက်ရုံထွက်တွေလို ဖြစ်နေတာ။ ရည်းစားဟောင်းတွေ အကြိုက်ချင်းတူတာ၊ အကျင့်ချင်းတူတာတွေကို ထူးထူးဆန်းဆန်းတွေ့ရတာပါ။

ဒါကတော့ အကြောင်းပြချက်လိုမလို ဆိုတဲ့ အပိုင်းကို ပြောချင်တာ ဖြစ်ပြီး နောက်တစ်ချက်ကတော့ စံချိန်စံညွှန်းပိုင်းပေ့ါ။

ဟုတ်ပါပြီ၊ ရင်ခုန်သံကိုပဲ ကြားနာပြီး ချစ်ပါပြီတဲ့။ အဆင်မပြေနိုင်ဘူးလား၊ ပြေသမှ ပြေတာပေ့ါဗျာ၊ ရေတိုအတွက်ပေ့ါ။ လူနှစ်ယောက်ချစ်ကြပြီဆိုတာနဲ့ ခန္ဓာကိုယ်ဟာ သူနဲ့ သက်ဆိုင်ရာ ဟော်မုန်းတွေ ထွက်ပါတယ်ခင်ဗျာ၊ ဒါတွေကြောင့်ပဲ ပိုချစ်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဟော်မုန်းဆိုတဲ့ အတိုင်း အမြဲထွက်နေတာ မဟုတ်တော့ နောက်တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည်မှာ မထွက်တော့ပဲ မချစ်တော့သလို ခံစားရတတ်ပါတယ်။ ဒါကြောင့်ပဲ သမီးရည်းစားတွေ၊ လင်မယားတွေ ကွဲကြတာမျိုးပေါ့။

နောက်ပြီးတော့ ဘဝမှာ ချစ်ရေး၊ကြိုက်ရေးတင် မဟုတ်ဘဲ စီးပွားရေးတွေ၊ သမီးသားအရေးတွေ၊မိသားစုရေးတွေ ပါလာပြီး ပင်ပန်းကြတဲ့အခါ အရင်လို ချစ်ဖျစ်ညစ်တစ်စိတ်တွေ ပျောက်ပြီး သည်းမခံနိုင်၊အက်ကြောင်းလေးတွေ ထလာတတ်ပါတယ်။

ဒီအချိန်မှာ အိမ်ထောင်သည်တွေက သံယောဇဉ်တွေ၊ သားသမီးတွေနဲ့ ကိုယ့် RS ကို ဆက်ထိန်းပြီးတော့၊ လူလွတ်ရည်းစားတွေကတော့ ကွဲကြတာ များပါတယ်။ ပြီးမှ ပြန်ကြိုက်တာကတော့ တစ်မျိုးပေါ့လေ။

ဒီနေရာမှာ ခုန ရေတို၊ ရေရှည်ကိစ္စ စကားပြောလာပါပြီ။ အချစ်တစ်ခုကုန်သွားတဲ့ အချိန်မှာ အပြစ်တွေ မြင်လာတတ်ကြပါတယ်။ နဂိုက ကောင်းတဲ့ သူ ဖြစ်ရင်တောင်၊ အပြစ်မြင်တတ်ကြပါတယ်ဆို၊ နဂိုတည်းက သိပ်သဘောမကျခဲ့တဲ့သူဆိုရင်တော့ ပြီးပါလေရောပဲ။ ခုလက်ရှိ RS တွေကွဲတယ်၊ စနှိုက်ကြော်တွေ ဝင်တယ်ဆိုတာ ဒါမျိုးပါပဲ။ နှလုံးသားက အချိန်ကြာလို့ ထုံလာတဲ့ အချိန်မှာ ဦးနှောက်က ပိုသာတယ်(လို့) ထင်တဲ့ သူကို ရွေးတတ်တာမျိုးကြောင့်ပါ။

ဒီလို ထုံလာချိန်မှာ ကိုယ်သဘောကျစရာအချက်တွေ အများကြီးရှိတဲ့ သူဆိုရင်တော့ တစ်ယောက်ကို တစ်ယောက် လွယ်လွယ်နဲ့ ဆုံးရှုံးခံကြမှာ မဟုတ်ဘဲ တတ်နိုင်သမျှ ခိုင်မြဲအောင် ကြိုးစားကြမယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ အရင်လို ရုပ်ရည်တွေ၊ ဂုဏ်တွေ ကြည့်တာထက် Intellectual level ကို လိုက်ပြီးပဲ ပေါင်းနိုင်တာ သိသာလာပါတယ်။ ကိုနဲ့ စကားပြောရတာ အဆင်မပြေရင် ဘယ်လောက်ချစ်ချစ် အဆင်မပြေဘူးလို့ပဲ သတ်မှတ်လာကြတာမျိုးပါ။

ကဲပါ! ဒီလောက်ထိပြောနေလို့ အချစ်က အရေးမပါဘူးမဟုတ်ပါဘူး။ အချစ်သာ မပါရင် ဒီစာပိုဒ်ကို ဒီထိတောင် ဆက်ဖတ်စရာလိုမယ် မထင်ပါဘူးခင်ဗျာ။

ရိုးလူ

အထူအပါး (၃)

အထူအပါး (၃)

မင္းအိမ္ျပန္အရမ္းေနာက္က်လို႔ ကိုယ္ေယာက္ယက္ခတ္ရတဲ့ညေတြမွာ
တိုက္တိုက္ဆိုင္ဆိုင္ပဲ မင္းဖုန္းေလးဟာ ဘက္ထရီအားကုန္ကုန္ေနတတ္တယ္။
သူတို႔ ေခၚသြားလို႔ ေနာက္က်တာဆိုတဲ့ စကားမွာ ကိုယ္က ျမင္ေတာင္ မျမင္ဖူးသူေတြကို ဆဲေရး၊ကိုယ့္ကိုယ္ကို ငရဲေပးမိတယ္။
အေစာႀကီး ျပန္ေရာက္ၿပီး ခ်က္ခ်င္းအိပ္ေပ်ာ္သြားတာလို႔ မနက္ခင္းမွာ ၾကားရဖို႔ တစ္ညလံုး ႏိုးတဝက္၊အိပ္တဝက္နဲ႔ ခ်စ္ျခင္းေမတၱာဟာ ေစာက္႐ူးသာျဖစ္တယ္လို႔ ေအာ္ေနမိတယ္...
မင္းေဘးမွာ ဘယ္ေကာင္႐ွိ႐ွိ ၊ဘယ္သူနဲ႔႐ွိ႐ွိိ မင္းအသက္နဲ႔ခႏၶာျမဲလ်က္သားေပ်ာ္ရႊင္ေနတယ္ဆိုရင္ေတာင္ ကိုယ္က ေက်နပ္တယ္။ခုေတာ့ ကိုယ္ဘာမွ မသိရဘဲ ဘယ္လိုအိပ္ေပ်ာ္ရမလဲကြယ္။
Are you still alive လို႔ေမးတိုင္း၊ ခြက္ထိုးခြက္လန္ရယ္ၿပီး Yes လို႔အေျဖေပးတိုင္း ၿငိမ္းေအးသြားတတ္တဲ့စိတ္ကိုလည္း ေစာက္႐ူးစိတ္လို႔ ထပ္ေခၚခ်င္တယ္။
ကိုယ္ေနမထိ ထိုင္မသာ ပူေလာင္ရသမ်ွ စြမ္းအင္အျဖစ္ေျပာင္းၿပီး မင္းဖုန္းမွာ အားဝင္သြားရင္လည္း ေကာင္းရဲ႕ေနာ္...။

ရိုးလူ

[Unicode]

အထူအပါး (၃)

မင်းအိမ်ပြန်အရမ်းနောက်ကျလို့ ကိုယ်ယောက်ယက်ခတ်ရတဲ့ညတွေမှာ

တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းဖုန်းလေးဟာ ဘက်ထရီအားကုန်ကုန်နေတတ်တယ်။

သူတို့ ခေါ်သွားလို့ နောက်ကျတာဆိုတဲ့ စကားမှာ ကိုယ်က မြင်တောင် မမြင်ဖူးသူတွေကို ဆဲရေး၊ကိုယ့်ကိုယ်ကို ငရဲပေးမိတယ်။

အစောကြီး ပြန်ရောက်ပြီး ချက်ချင်းအိပ်ပျော်သွားတာလို့ မနက်ခင်းမှာ ကြားရဖို့ တစ်ညလုံး နိုးတဝက်၊အိပ်တဝက်နဲ့ ချစ်ခြင်းမေတ္တာဟာ စောက်ရူးသာဖြစ်တယ်လို့ အော်နေမိတယ်...

မင်းဘေးမှာ ဘယ်ကောင်ရှိရှိ ၊ဘယ်သူနဲ့ရှိရှိ မင်းအသက်နဲ့ခန္ဓာမြဲလျက်သားပျော်ရွှင်နေတယ်ဆိုရင်တောင် ကိုယ်က ကျေနပ်တယ်။ခုတော့ ကိုယ်ဘာမှ မသိရဘဲ ဘယ်လိုအိပ်ပျော်ရမလဲကွယ်။

Are you still alive လို့မေးတိုင်း၊ ခွက်ထိုးခွက်လန်ရယ်ပြီး Yes လို့အဖြေပေးတိုင်း ငြိမ်းအေးသွားတတ်တဲ့စိတ်ကိုလည်း စောက်ရူးစိတ်လို့ ထပ်ခေါ်ချင်တယ်။

ကိုယ်နေမထိ ထိုင်မသာ ပူလောင်ရသမျှ စွမ်းအင်အဖြစ်ပြောင်းပြီး မင်းဖုန်းမှာ အားဝင်သွားရင်လည်း ကောင်းရဲ့နော်...။

ရိုးလူ

အထူအပါး (၂)

အထူအပါး (၂)

မင္းအိမ္က တစ္နာရီေလာက္ ေပ်ာက္ၿပီး တစ္ေယာက္ေယာက္နဲ႔ ႐ွိေနခ်ိန္ဟာ မင္းေခါင္းေလ်ွာ္ေနခ်ိန္ေတြျဖစ္ရင္ျဖစ္၊ဒါမွ မဟုတ္ ေမွးခနဲအိပ္ေပ်ာ္သြားတတ္တဲ့ အခ်ိန္ေတြျဖစ္တယ္လို႔ မွတ္ထားေပးရတယ္။
မင္းက ခုတေလာ ေခါင္းခဏခဏေလ်ွာ္၊ခဏခဏေမွးခနဲအိပ္ေပ်ာ္ေနတာပဲေနာ္...
အိမ္ကို အခ်ိန္မီျပန္မေရာက္တဲ့ အေခါက္ေတြမွာေတာ့ မီးျပတ္လို႔ ေခါင္းေျခာက္ေအာင္ သုတ္ေနရပါတယ္ဆိုတာေလးပါ ပိုလာတယ္။
မင္းဆံပင္ဖ်ားက က်လာေနတဲ့ေရစက္ေလးေတြ၊မင္းအိပ္မႈန္စံုမႊားမ်က္ႏွာေလးကို ဟာကြက္မ႐ွိေအာင္ ေျပာသမွ်လိုက္ပံုေဖာ္ၾကည့္ေပးပါ့မယ္။
မိုးႀကိဳးပစ္ကြာလို႔ ခ်စ္စဖြယ္ေျပာတိုင္း၊ ဘယ္အရပ္ေရာက္ေရာက္ မိုးၿခိမ္းသံေတြ ျကားတာနဲ႔ အေျပးအလြွားဆုေတာင္းအမႈျပဳရတယ္
"မင္း.....သြားလမ္းသာလို႔ လာလမ္းေျဖာင့္ပါေစကြယ္"

ရိုးလူ
[Unicode]

အထူအပါး (၂)

မင်းအိမ်က တစ်နာရီလောက် ပျောက်ပြီး တစ်ယောက်ယောက်နဲ့ ရှိနေချိန်ဟာ မင်းခေါင်းလျှော်နေချိန်တွေဖြစ်ရင်ဖြစ်၊ဒါမှ မဟုတ် မှေးခနဲအိပ်ပျော်သွားတတ်တဲ့ အချိန်တွေဖြစ်တယ်လို့ မှတ်ထားပေးရတယ်။

မင်းက ခုတလော ခေါင်းခဏခဏလျှော်၊ခဏခဏမှေးခနဲအိပ်ပျော်နေတာပဲနော်...

အိမ်ကို အချိန်မီပြန်မရောက်တဲ့ အခေါက်တွေမှာတော့ မီးပြတ်လို့ ခေါင်းခြောက်အောင် သုတ်နေရပါတယ်ဆိုတာလေးပါ ပိုလာတယ်။

မင်းဆံပင်ဖျားက ကျလာနေတဲ့ရေစက်လေးတွေ၊မင်းအိပ်မှုန်စုံမွှားမျက်နှာလေးကို ဟာကွက်မရှိအောင် ပြောသမျှလိုက်ပုံဖော်ကြည့်ပေးပါ့မယ်။

မိုးကြိုးပစ်ကွာလို့ ချစ်စဖွယ်ပြောတိုင်း၊ ဘယ်အရပ်ရောက်ရောက် မိုးခြိမ်းသံတွေ ကြားတာနဲ့ အပြေးအလွှားဆုတောင်းအမှုပြုရတယ်

"မင်း.....သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေကွယ်"

ရိုးလူ


အထူအပါး (၁)

အထူအပါး (၁)

မင္းကေတာ့ လ်ွာ႐ုိးမ႐ွိဘဲ စကားေတြ ေျပာလို႔။ သိေစခ်င္တဲ့ ေနရာမွာ ဖိလို႔၊မသိေစခ်င္တဲ့ ေနရာမွာ ေဖာ့လို႔ ။ျကာလာေတာ့ မင္းအသံဟာ ၈နာရီသတင္းေၾကညာတဲ့ မိန္းမႀကီးေလသံမ်ိဴး ျဖစ္လာတယ္။ ဘာၿပီးဘာလာမယ္ အလြတ္ရလို႔။
ငါကေတာ့ မ်က္ေတာင္ေလး ပုတ္ခတ္၊ပုတ္ခတ္လုပ္လို႔၊ ပါးစပ္ေလး ဟလို႔၊ေခါင္းၿငိမ့္ေခါင္းခါ သံေယာင္လိုက္မသိက်ိဳးကြၽံျပဳလို႔။ အဲ့ဒါ နိစၥဓူဝေလ။
ပံုျပင္ေျပာတမ္းေဆာ့ျကသလို ေပ်ာ္ရဲ႕မလား။
ရိုးလူ

[Unicode]

အထူအပါး (၁)


မင်းကတော့ လျှာရိုးမရှိဘဲ စကားတွေ ပြောလို့။ သိစေချင်တဲ့ နေရာမှာ ဖိလို့၊မသိစေချင်တဲ့ နေရာမှာ ဖော့လို့ ။ကြာလာတော့ မင်းအသံဟာ ၈နာရီသတင်းကြေညာတဲ့ မိန်းမကြီးလေသံမျိူး ဖြစ်လာတယ်။ ဘာပြီးဘာလာမယ် အလွတ်ရလို့။
ငါကတော့ မျက်တောင်လေး ပုတ်ခတ်၊ပုတ်ခတ်လုပ်လို့၊ ပါးစပ်လေး ဟလို့၊ခေါင်းငြိမ့်ခေါင်းခါ သံယောင်လိုက်မသိကျိုးကျွံပြုလို့။ အဲ့ဒါ နိစ္စဓူဝလေ။
ပုံပြင်ပြောတမ်းဆော့ကြသလို ပျော်ရဲ့မလား။

ရိုးလူ

ဆုေတာင္း

[Zawgyi]

ဆုေတာင္း

ကိုယ္နာက်င္ပူေလာင္ခဲ့ရသမွ်
မင္း ျငိမး္ခ်မ္းေအးျမပါေစေၾကာငး္။   ။

ရိုးလူ

[Unicode]

ဆုတောင်း

ကိုယ်နာကျင်ပူလောင်ခဲ့ရသမျှ
မင်း ငြိမ်းချမ်းအေးမြပါစေကြောင်း။ ။

ရိုးလူ

13 Reasons Why Part 2

[Zawgyi]


13 Reasons Why Part 2

Welcome back တဲ့ Hannah က ႏႈတ္ဆက္တယ္။ ကမာၻေလာကၾကီးကေရာ ျပန္ႏႈတ္ဆက္ပါရဲ့လား။
ဒီေနရာမွာ Clay ေရာ ၊ ငါေရာ နားမလည္ႏုိင္တာက ေအးစက္မႈေတြ ၊ ဘာမွ မလုပ္ခဲ့တာေတြက အျပစ္ျဖစ္သြားသတဲ့လား။
သူငယ္ခ်င္းဆက္ဆံေရးဆိုတာ ရႈပ္ေထြးပါတယ္တဲ့ ၊ အမွန္ပဲ Clay ေရ ။ မင္းတုိ႔၊ Hannah တို႔ ၾကံဳခဲ့ရသလုိပဲ သူငယ္ခ်င္းဆက္ဆံေရးဟာ ထင္သေလာက္ မလြယ္ မေႏြးေထြးတာေတြ ရွိရဲ့။
Best friend .. သူငယ္ခ်င္းေကာင္းေတြလို႔ ယံုၾကည္ခဲ့ၾကတယ္၊ ေတြ႔ခဲ့ၾကတယ္။ စေတြ႔တည္းက အၾကိဳက္တူတာေတြ ရွိ၊ မတူတာေတြ ရွိ ၊ အသက္ေတြ ၾကီးတဲ့ထိ ခင္သြားဖို႔ ဒီလိုပဲ ညွိယူႏုိင္မယ္ ထင္ထားၾကတာပဲ၊ ဒါေပမယ့္ ဘဝက ဒီေလာက္မရိုးရွင္းဘူး Clay ရဲ့။
Hannah နဲ႔ Jessica တုိ႔ ဇာတ္လမ္းေရာ ဘယ္သူက တကယ္မ်ား မွားလို႔လဲ။ အထက္တန္းေက်ာင္းပံုျပင္ေတြထဲက ျဖစ္ေနက် တစ္ပုဒ္ပဲ။ Monet’s မွာ ေခ်ာကလက္ပူႏွစ္ခြက္နဲ႔ သူမ်ား မေကာင္းေၾကာင္း၊ ကုိယ္ေကာင္းေၾကာင္း ေျပာခ်င္ ေျပာမယ္၊ ေလာကၾကီးကုိ ဆဲပစ္မယ္။ ဒီထိ ရိုးရွင္းေသးတယ္။ ေနာက္ပုိင္း ခက္သြားတာက မိန္းမႏွစ္ေယာက္နဲ႔ ေယာက္က်ားတစ္ေယာက္ပါဝင္တဲ့ သူငယ္ခ်င္းမ်ား ဇာတ္လမ္းျဖစ္လာလို႔ပဲ၊ ေကာ္ဖီတစ္ခြက္အတြက္ ခံုေပၚမွာ ေနရာနည္းနည္းဖယ္ေပးရတာမ်ိဳးေပါ့။
လူေတြဟာ စိတ္ေျပာင္းလဲလြယ္ၾကတယ္၊ သူငယ္ခ်င္းသံေယာဇဥ္ကေန ခ်က္ခ်င္းအေရာင္ဆိုးသြားႏုိင္တယ္၊ စိတ္ထဲေတာ့ ကုိယ့္ထက္ သူမ်ားကို ပိုဦးစားေပးတာ လူတိုင္းက ဘယ္ၾကိဳက္ပါ့မလဲ Hannah ရယ္၊ ျဖစ္ရိုးျဖစ္စဥ္ေတြပါ။ ဒါေပမယ့္ မင္းက မ်ိဳသိပ္ႏုိင္ခဲ့ပါတယ္။ ရုပ္ရွင္ရုံမွာ Alex ကုိမွ ကြက္ျပီး လက္မွတ္ဖိုးေတာင္းတဲ့ ကေလးဆန္မႈေလးကလြဲလို႔ေပါ့။
ဒါေပမယ့္ ဒါေပမယ့္ေပါ့ေလ... အေပၚမွာ ေျပာခဲ့သလိုပဲ မင္းရဲ့ မ်ိဳသိပ္ႏုိင္မႈ၊ ေအးစက္မႈေတြအတြက္ ဘယ္သူ
အသိအမွတ္ျပဳလဲ။ အသိအမွတ္ျပဳမႈက ပါးေပၚက်လာတဲ့ လက္ဝါးတစ္ခ်က္လား ။ လူေတြက ကိုယ္မသိတာကို မသိေၾကာင္းေျပာတဲ့အခါ “Don’t act innocence” လို႔ ေျပာခံရတာက အခံရခက္ဆံုး၊ နားမလည္ႏုိင္ဆံုး စကားတစ္ခြန္းျဖစ္ေနမယ္ဆိုတာ Hannah .. မင္းအစား ငါနားလည္တယ္။
“You needed it to be my fault, so it was my fault” တဲ့၊ နားမလည္ျခင္းေတြကို လွလွပပအလံျဖဴျပလိုက္တဲ့ စကား။ ဆယ္ေက်ာ္သက္ဘဝမွာ သူငယ္ခ်င္းက ဘယ္ေလာက္အေရးၾကီးတယ္ဆိုတာ မင္းမသိဘူး Jessica ရယ္၊ ေက်လည္မယ္ဆို ေစလိုရာသာ လုပ္သြားပါေတာ့ ဆိုတာမ်ိဳး။
Clay ကေတာ့ စံတင္ရပါတယ္။ ေနွးတယ္၊ ေတြေဝတယ္၊ ကိုယ့္ဘဝကိုယ္ဆံုးျဖတ္သြားရဲတဲ့ Hannah ရဲ့ တိပ္ေခြကိုေတာင္ ဆက္နားမေထာင္ရဲေလာက္ေအာင္ ေသြးေၾကာင္တာမ်ိဳးလည္း ရွိရဲ့။
အမွန္တရားဆိုတာလည္း Clay တိပ္ေခြနားေထာင္သလိုေပါ့၊ တျဖည္းျဖည္းနဲ႔ ေနာက္က်မွ ေရာက္လာတာမ်ိဳး။ ဒါေၾကာင့္ပဲ Jessica က Justin ကို “If Hannah was lying, why are you here” လို႔ ေမးခဲ့တာေပ့ါ။
Hannah လိမ္ခဲ့သလား၊ အရာရာအားလံုး .. သူ႔မိဘေတြ အပါအဝင္ေပါ့၊ လြန္သြားျပီးမွ ကိုယ့္သမီးအေၾကာင္းကိုယ္နားမလည္ခဲ့တဲ့ ေနာင္တအျပည့္နဲ႔ မိဘေတြေလ။ ပဲ့ေၾကြခဲ့သမွ် တစ္စစီ ျပန္လိုက္ေကာက္ေနရေသာ သူေတြ။
ငါတို႔ေရာ အခ်ိန္လြန္ကာမွ ေနာင္တေတြနဲ႔ တစစီျပန္လိုက္ေကာက္ေနရတာမ်ိဳးရွိလား။ ရွိရင္ လက္ေထာင္ပါ၊ Part 3 ကို ၾကည့္ျပီး ဆက္လက္အသက္ရွဴက်ပ္ၾကတာေပါ့။

ရိုးလူ

[Unicode]

13 Reasons Why Part 2

Welcome back တဲ့ Hannah က နှုတ်ဆက်တယ်။ ကမ္ဘာလောကကြီးကရော ပြန်နှုတ်ဆက်ပါရဲ့လား။
ဒီနေရာမှာ Clay ရော ၊ ငါရော နားမလည်နိုင်တာက အေးစက်မှုတွေ ၊ ဘာမှ မလုပ်ခဲ့တာတွေက အပြစ်ဖြစ်သွားသတဲ့လား။
သူငယ်ချင်းဆက်ဆံရေးဆိုတာ ရှုပ်ထွေးပါတယ်တဲ့ ၊ အမှန်ပဲ Clay ရေ ။ မင်းတို့၊ Hannah တို့ ကြုံခဲ့ရသလိုပဲ သူငယ်ချင်းဆက်ဆံရေးဟာ ထင်သလောက် မလွယ် မနွေးထွေးတာတွေ ရှိရဲ့။
Best friend .. သူငယ်ချင်းကောင်းတွေလို့ ယုံကြည်ခဲ့ကြတယ်၊ တွေ့ခဲ့ကြတယ်။ စတွေ့တည်းက အကြိုက်တူတာတွေ ရှိ၊ မတူတာတွေ ရှိ ၊ အသက်တွေ ကြီးတဲ့ထိ ခင်သွားဖို့ ဒီလိုပဲ ညှိယူနိုင်မယ် ထင်ထားကြတာပဲ၊ ဒါပေမယ့် ဘဝက ဒီလောက်မရိုးရှင်းဘူး Clay ရဲ့။
Hannah နဲ့ Jessica တို့ ဇာတ်လမ်းရော ဘယ်သူက တကယ်များ မှားလို့လဲ။ အထက်တန်းကျောင်းပုံပြင်တွေထဲက ဖြစ်နေကျ တစ်ပုဒ်ပဲ။ Monet’s မှာ ချောကလက်ပူနှစ်ခွက်နဲ့ သူများ မကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း ပြောချင် ပြောမယ်၊ လောကကြီးကို ဆဲပစ်မယ်။ ဒီထိ ရိုးရှင်းသေးတယ်။ နောက်ပိုင်း ခက်သွားတာက မိန်းမနှစ်ယောက်နဲ့ ယောက်ကျားတစ်ယောက်ပါဝင်တဲ့ သူငယ်ချင်းများ ဇာတ်လမ်းဖြစ်လာလို့ပဲ၊ ကော်ဖီတစ်ခွက်အတွက် ခုံပေါ်မှာ နေရာနည်းနည်းဖယ်ပေးရတာမျိုးပေါ့။
လူတွေဟာ စိတ်ပြောင်းလဲလွယ်ကြတယ်၊ သူငယ်ချင်းသံယောဇဉ်ကနေ ချက်ချင်းအရောင်ဆိုးသွားနိုင်တယ်၊ စိတ်ထဲတော့ ကိုယ့်ထက် သူများကို ပိုဦးစားပေးတာ လူတိုင်းက ဘယ်ကြိုက်ပါ့မလဲ Hannah ရယ်၊ ဖြစ်ရိုးဖြစ်စဉ်တွေပါ။ ဒါပေမယ့် မင်းက မျိုသိပ်နိုင်ခဲ့ပါတယ်။ ရုပ်ရှင်ရုံမှာ Alex ကိုမှ ကွက်ပြီး လက်မှတ်ဖိုးတောင်းတဲ့ ကလေးဆန်မှုလေးကလွဲလို့ပေါ့။
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ... အပေါ်မှာ ပြောခဲ့သလိုပဲ မင်းရဲ့ မျိုသိပ်နိုင်မှု၊ အေးစက်မှုတွေအတွက် ဘယ်သူ 
အသိအမှတ်ပြုလဲ။ အသိအမှတ်ပြုမှုက ပါးပေါ်ကျလာတဲ့ လက်ဝါးတစ်ချက်လား ။ လူတွေက ကိုယ်မသိတာကို မသိကြောင်းပြောတဲ့အခါ “Don’t act innocence” လို့ ပြောခံရတာက အခံရခက်ဆုံး၊ နားမလည်နိုင်ဆုံး စကားတစ်ခွန်းဖြစ်နေမယ်ဆိုတာ Hannah .. မင်းအစား ငါနားလည်တယ်။
“You needed it to be my fault, so it was my fault” တဲ့၊ နားမလည်ခြင်းတွေကို လှလှပပအလံဖြူပြလိုက်တဲ့ စကား။ ဆယ်ကျော်သက်ဘဝမှာ သူငယ်ချင်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းမသိဘူး Jessica ရယ်၊ ကျေလည်မယ်ဆို စေလိုရာသာ လုပ်သွားပါတော့ ဆိုတာမျိုး။
Clay ကတော့ စံတင်ရပါတယ်။ နှေးတယ်၊ တွေဝေတယ်၊ ကိုယ့်ဘဝကိုယ်ဆုံးဖြတ်သွားရဲတဲ့ Hannah ရဲ့ တိပ်ခွေကိုတောင် ဆက်နားမထောင်ရဲလောက်အောင် သွေးကြောင်တာမျိုးလည်း ရှိရဲ့။
အမှန်တရားဆိုတာလည်း Clay တိပ်ခွေနားထောင်သလိုပေါ့၊ တဖြည်းဖြည်းနဲ့ နောက်ကျမှ ရောက်လာတာမျိုး။ ဒါကြောင့်ပဲ Jessica က Justin ကို “If Hannah was lying, why are you here” လို့ မေးခဲ့တာပေ့ါ။
Hannah လိမ်ခဲ့သလား၊ အရာရာအားလုံး .. သူ့မိဘတွေ အပါအဝင်ပေါ့၊ လွန်သွားပြီးမှ ကိုယ့်သမီးအကြောင်းကိုယ်နားမလည်ခဲ့တဲ့ နောင်တအပြည့်နဲ့ မိဘတွေလေ။ ပဲ့ကြွေခဲ့သမျှ တစ်စစီ ပြန်လိုက်ကောက်နေရသော သူတွေ။
ငါတို့ရော အချိန်လွန်ကာမှ နောင်တတွေနဲ့ တစစီပြန်လိုက်ကောက်နေရတာမျိုးရှိလား။ ရှိရင် လက်ထောင်ပါ၊ Part 3 ကို ကြည့်ပြီး ဆက်လက်အသက်ရှူကျပ်ကြတာပေါ့။

ရိုးလူ

13 Reasons Why Part 1

[Zawgyi]


13 Reasons Why Part 1

Hey, it’s Hannah. Hannah Baker
အေခြထဲမွာ ပထမဆံုး ေျခာက္ကပ္ကပ္ႏႈတ္ဆက္သံပဲ ၾကားတယ္၊ ဒါမွ မဟုတ္ အႏုိင္ပုိင္းသြားရလို႔ စိတ္ေပ့ါသြားတဲ့ အသံမ်ိဳးေပါ့။
Locker ထဲမွာ ေခတ္ေက်ာင္းသူတစ္ေယာက္နဲ႔ မလိုက္ ဘာမွ မထားခဲ့ဘူး၊ လူေတြရဲ့ စိတ္ထဲကိုေတာ့ တစ္ခုခုကို ထည့္ထားခဲ့ႏုိင္တယ္။ အဲ့ဒါ Hannah ပဲ။
Hannah ဟာ Popcorn ေပၚက ေထာပတ္ကိုပဲ ၾကိဳက္တဲ့သူမ်ိဳးလား၊ Clayရယ္.. Clay Jensen .. မငး္က အူေၾကာင္ေၾကာင္ရယ္..ဘာမွ သိမွာမဟုတ္ဘူး။
ဒီဆံပင္အေကာက္၊ ခပ္ျပည့္ျပည့္ေကာင္မေလးကို စိတ္ဝင္စားတာပဲ သိတယ္၊ ဘယ္လိုလိုက္ရမယ္မွန္းေတာင္ သိတာ မဟုတ္ဘူး။ ဘဝမွာ ဘယ္တိုက္ပြဲကိုမွ ေတာ္လွန္လိုစိတ္နဲ႔ တုိက္မလာခဲ့တဲ့ ေကာင္ကိုး။ဆံပင္ပံုပ်က္မွာကို မေၾကာက္ဘဲ Helmet ေဆာင္းျပီး Mama’s boy လုပ္မယ့္ ေကာင္ေလး။
Hannah ဟာ မင္းမွန္းတဲ့အထဲမွာ ခန္႔မွန္းနားလည္ရခက္တာ တစ္ခုပဲ မွန္တယ္။ Hannah ဟာ ေသြးဆူတယ္၊ စိတ္လႈပ္ရွားရတာ ၾကဳိက္တယ္၊ မင္းအက်ီ္အေပၚၾကယ္သီးကို ျဖဳတ္တဲ့ လက္ေခ်ာင္းေတြမွာတည္းက သူ႔တက္ၾကြမႈကို မင္းရွာေတြ႔ခဲ့ရမွာ။
မင္းက မင္းခံစားခ်က္ကို ၾကယ္သီးျပည့္တပ္ျပီး ဖံုးကြယ္ထားတဲ့ အခ်ိန္မွာ Justin Foley ကေတာ့ အေပၚပိုင္းဗလာနဲ႔ ရင္ဖြင့္ျပသြားခဲ့တာေပ့ါ။
Justin Foley ေလကြာ.. ခပ္မိုက္မိုက္၊ ခပ္ခ်ိဳခ်ိဳအျပံဳးနဲ႔ အားကစားသမား။ Hannah လိုပဲ ေသြးေႏြးသတၱဝါ၊ သိပ္ခ်စ္စရာေကာင္းတဲ့ ေကာင္ေလးေပါ့ ၊ Hannah အတြက္ ဥာဏ္ဆင္ျပီး ေရလာေျမာင္းေပးရေအာင္ ခပ္မိုက္မုိက္ဘဲေလး။
Hannah ဟာ ကုိယ္လုပ္ခ်င္ရာအတြက္ သတၱိရွိခဲ့ေၾကာင္း Justin နဲ႔ ေက်ာင္းကားေပၚက ကိစၥတည္းက မင္းသိခဲ့ရမွာ မင္းတားခဲ့ရမွာ Clay ရာ။
အိမ္က်ပ္တဲ့ ကေလးေတြက ပိုျပီး မုိက္ရူးရဲတတ္တယ္တဲ့၊ ေဝးေဝးမၾကည့္နဲ႔.. Hannah ကြာ။ သူသေဘာက်တဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ ပန္းျခံထဲမွာ နမ္းဖို႔ ၾကံစည္ျပီးသား၊ ဘယ္ေလာက္ ရဲရင့္လုိက္သလဲ။
သူ႔ရဲ့ ခပ္မိုက္မုိက္အေတြးစိတ္ကူးဟာ ဓာတ္ပံုတစ္ပံု အင္တာနက္ေပၚမျပန္႔ခင္အထိေပ့ါ။ မင္းကေရာ ဘယ္ေလာက္တံုးအမွာလဲ.. You really hurt my feeling လို႔ ေျပာခံရတဲ့ အထိလား။
ရိုးသားမႈဟာ ဆြဲေဆာင္မႈမရွိဘူးတဲ့လား၊ မင္းတစ္ခ်ိန္လံုး သင္ၾကားနားေထာင္လာရတဲ့ ေလာကနီတိလက္စြဲနဲ႔ေတာ့ ခပ္လြဲလြဲျဖစ္ေနတယ္ေပ့ါ Clay ရာ။ ဘဝက ခပ္ခက္ခက္ရယ္ပါ။

ရိုးလူ
[Unicode]

13 Reasons Why Part 1

Hey, it’s Hannah. Hannah Baker

အခွေထဲမှာ ပထမဆုံး ခြောက်ကပ်ကပ်နှုတ်ဆက်သံပဲ ကြားတယ်၊ ဒါမှ မဟုတ် အနိုင်ပိုင်းသွားရလို့ စိတ်ပေ့ါသွားတဲ့ အသံမျိုးပေါ့။
Locker ထဲမှာ ခေတ်ကျောင်းသူတစ်ယောက်နဲ့ မလိုက် ဘာမှ မထားခဲ့ဘူး၊ လူတွေရဲ့ စိတ်ထဲကိုတော့ တစ်ခုခုကို ထည့်ထားခဲ့နိုင်တယ်။ အဲ့ဒါ Hannah ပဲ။
Hannah ဟာ Popcorn ပေါ်က ထောပတ်ကိုပဲ ကြိုက်တဲ့သူမျိုးလား၊ Clayရယ်.. Clay Jensen .. မင်းက အူကြောင်ကြောင်ရယ်..ဘာမှ သိမှာမဟုတ်ဘူး။
ဒီဆံပင်အကောက်၊ ခပ်ပြည့်ပြည့်ကောင်မလေးကို စိတ်ဝင်စားတာပဲ သိတယ်၊ ဘယ်လိုလိုက်ရမယ်မှန်းတောင် သိတာ မဟုတ်ဘူး။ ဘဝမှာ ဘယ်တိုက်ပွဲကိုမှ တော်လှန်လိုစိတ်နဲ့ တိုက်မလာခဲ့တဲ့ ကောင်ကိုး။ဆံပင်ပုံပျက်မှာကို မကြောက်ဘဲ Helmet ဆောင်းပြီး Mama’s boy လုပ်မယ့် ကောင်လေး။

Hannah ဟာ မင်းမှန်းတဲ့အထဲမှာ ခန့်မှန်းနားလည်ရခက်တာ တစ်ခုပဲ မှန်တယ်။ Hannah ဟာ သွေးဆူတယ်၊ စိတ်လှုပ်ရှားရတာ ကြိုက်တယ်၊ မင်းအကျီ်အပေါ်ကြယ်သီးကို ဖြုတ်တဲ့ လက်ချောင်းတွေမှာတည်းက သူ့တက်ကြွမှုကို မင်းရှာတွေ့ခဲ့ရမှာ။

မင်းက မင်းခံစားချက်ကို ကြယ်သီးပြည့်တပ်ပြီး ဖုံးကွယ်ထားတဲ့ အချိန်မှာ Justin Foley ကတော့ အပေါ်ပိုင်းဗလာနဲ့ ရင်ဖွင့်ပြသွားခဲ့တာပေ့ါ။
Justin Foley လေကွာ.. ခပ်မိုက်မိုက်၊ ခပ်ချိုချိုအပြုံးနဲ့ အားကစားသမား။ Hannah လိုပဲ သွေးနွေးသတ္တဝါ၊ သိပ်ချစ်စရာကောင်းတဲ့ ကောင်လေးပေါ့ ၊ Hannah အတွက် ဉာဏ်ဆင်ပြီး ရေလာမြောင်းပေးရအောင် ခပ်မိုက်မိုက်ဘဲလေး။
Hannah ဟာ ကိုယ်လုပ်ချင်ရာအတွက် သတ္တိရှိခဲ့ကြောင်း Justin နဲ့ ကျောင်းကားပေါ်က ကိစ္စတည်းက မင်းသိခဲ့ရမှာ မင်းတားခဲ့ရမှာ Clay ရာ။
အိမ်ကျပ်တဲ့ ကလေးတွေက ပိုပြီး မိုက်ရူးရဲတတ်တယ်တဲ့၊ ဝေးဝေးမကြည့်နဲ့.. Hannah ကွာ။ သူသဘောကျတဲ့ ကောင်လေးတစ်ယောက်နဲ့ ပန်းခြံထဲမှာ နမ်းဖို့ ကြံစည်ပြီးသား၊ ဘယ်လောက် ရဲရင့်လိုက်သလဲ။
သူ့ရဲ့ ခပ်မိုက်မိုက်အတွေးစိတ်ကူးဟာ ဓာတ်ပုံတစ်ပုံ အင်တာနက်ပေါ်မပြန့်ခင်အထိပေ့ါ။ မင်းကရော ဘယ်လောက်တုံးအမှာလဲ.. You really hurt my feeling လို့ ပြောခံရတဲ့ အထိလား။
ရိုးသားမှုဟာ ဆွဲဆောင်မှုမရှိဘူးတဲ့လား၊ မင်းတစ်ချိန်လုံး သင်ကြားနားထောင်လာရတဲ့ လောကနီတိလက်စွဲနဲ့တော့ ခပ်လွဲလွဲဖြစ်နေတယ်ပေ့ါ Clay ရာ။ ဘဝက ခပ်ခက်ခက်ရယ်ပါ။

ရိုးလူ