Saturday, November 4, 2017

13 Reasons Why Part 6

13 Reasons Why Part 6

Alex Standall... မတရားမႈေတြကို ဟန္႔တားသူေတြက ရုပ္ရွင္ေတြထဲကလို လူဆိုးေတြကို မႏုိင္ဘူးကြ၊ မင္းပက္ပက္စက္စက္ထုိးခံရတာေလ၊ ျပီးေတာ့ မင္းကိုေတာင္ ဝုိင္း Judge လုပ္ၾကေသးတာ။
ထားပါေလ။ Hannah ေျပာသလို ငါတုိ႔က ကုိယ့္ဘာသာေတာင္ ဘာလိုခ်င္ၾကမွန္း၊ ဘာျဖစ္ခ်င္ေနၾကမွန္း မသိတာ။
ဒီထဲမွာ Clay တစ္ေယာက္လည္း ပါတယ္၊ စိတ္အဆင္ေျပမလားလို႔ ထင္တာေတြ ေလွ်ာက္လုပ္မိေနတာ၊ တကယ္တမ္း Sheryl က သူ႔စိတ္ထဲ မူလတန္ဖိုးတစ္ခုကို မေက်ာ္ႏုိင္ဘူးဆိုတာသိေတာ့ ....
Hannah ကို အရင္က Drama ခင္းတယ္လို႔ ငါထင္တယ္၊ ဒါေပမယ့္ ေနရာအရပ္ရပ္မွာ ေနာက္ေက်ာက ဓါးေတြကို ျမင္လာေတာ့ ေလာကၾကီးကိုက Drama ဆန္တာလား၊ လူေတြကပဲလား ငါမသဲကြဲေတာ့ဘူး။
Marcus တစ္ေယာက္ဟာ ရုိးပံုရိုးပန္းနဲ႔ ဒီပုပ္ထဲက ဒီပဲ အဆင္ေတြ လာေတာ့ Hannah ဘယ္ေလာက္စိတ္ပ်က္သြားမလဲ။ အခ်စ္စစ္ဆိုတာ ရွိတယ္လို႔ မိဘေတြကို ၾကည့္ျပီး သူယံုၾကည္ထားတာေလ။ ငတံုးမ Hannah .. ေပ်ာ့ညံ့တဲ့ Hannah.. ဘဝမွာ ဘယ္စိတၱဇနာမ္ကိုမွ ယံုၾကည္လို႔ မရတာ သူမသိေသးဘူး။ ဒါေၾကာင့္ပဲ နင္းေခ်ခံခဲ့ရေပါင္းမ်ားတာေပ့ါ။
လြတ္ေျမာက္ဖို႔ ဘယ္ႏွစ္ပိုင္းမွ မက်န္ေတာ့ဘူး Hannah ေရ..ဆက္သြားၾကပါစို႔။

ရိုးလူ 

[Unicode]

13 Reasons Why Part 6

Alex Standall... မတရားမှုတွေကို ဟန့်တားသူတွေက ရုပ်ရှင်တွေထဲကလို လူဆိုးတွေကို မနိုင်ဘူးကွ၊ မင်းပက်ပက်စက်စက်ထိုးခံရတာလေ၊ ပြီးတော့ မင်းကိုတောင် ဝိုင်း Judge လုပ်ကြသေးတာ။

ထားပါလေ။ Hannah ပြောသလို ငါတို့က ကိုယ့်ဘာသာတောင် ဘာလိုချင်ကြမှန်း၊ ဘာဖြစ်ချင်နေကြမှန်း မသိတာ။

ဒီထဲမှာ Clay တစ်ယောက်လည်း ပါတယ်၊ စိတ်အဆင်ပြေမလားလို့ ထင်တာတွေ လျှောက်လုပ်မိနေတာ၊ တကယ်တမ်း Sheryl က သူ့စိတ်ထဲ မူလတန်ဖိုးတစ်ခုကို မကျော်နိုင်ဘူးဆိုတာသိတော့ ....

Hannah ကို အရင်က Drama ခင်းတယ်လို့ ငါထင်တယ်၊ ဒါပေမယ့် နေရာအရပ်ရပ်မှာ နောက်ကျောက ဓါးတွေကို မြင်လာတော့ လောကကြီးကိုက Drama ဆန်တာလား၊ လူတွေကပဲလား ငါမသဲကွဲတော့ဘူး။

Marcus တစ်ယောက်ဟာ ရိုးပုံရိုးပန်းနဲ့ ဒီပုပ်ထဲက ဒီပဲ အဆင်တွေ လာတော့ Hannah ဘယ်လောက်စိတ်ပျက်သွားမလဲ။ အချစ်စစ်ဆိုတာ ရှိတယ်လို့ မိဘတွေကို ကြည့်ပြီး သူယုံကြည်ထားတာလေ။ ငတုံးမ Hannah .. ပျော့ညံ့တဲ့ Hannah.. ဘဝမှာ ဘယ်စိတ္တဇနာမ်ကိုမှ ယုံကြည်လို့ မရတာ သူမသိသေးဘူး။ ဒါကြောင့်ပဲ နင်းချေခံခဲ့ရပေါင်းများတာပေ့ါ။

လွတ်မြောက်ဖို့ ဘယ်နှစ်ပိုင်းမှ မကျန်တော့ဘူး Hannah ရေ..ဆက်သွားကြပါစို့။

ရိုးလူ

No comments:

Post a Comment