Saturday, November 4, 2017

အထူအပါး (၁)

အထူအပါး (၁)

မင္းကေတာ့ လ်ွာ႐ုိးမ႐ွိဘဲ စကားေတြ ေျပာလို႔။ သိေစခ်င္တဲ့ ေနရာမွာ ဖိလို႔၊မသိေစခ်င္တဲ့ ေနရာမွာ ေဖာ့လို႔ ။ျကာလာေတာ့ မင္းအသံဟာ ၈နာရီသတင္းေၾကညာတဲ့ မိန္းမႀကီးေလသံမ်ိဴး ျဖစ္လာတယ္။ ဘာၿပီးဘာလာမယ္ အလြတ္ရလို႔။
ငါကေတာ့ မ်က္ေတာင္ေလး ပုတ္ခတ္၊ပုတ္ခတ္လုပ္လို႔၊ ပါးစပ္ေလး ဟလို႔၊ေခါင္းၿငိမ့္ေခါင္းခါ သံေယာင္လိုက္မသိက်ိဳးကြၽံျပဳလို႔။ အဲ့ဒါ နိစၥဓူဝေလ။
ပံုျပင္ေျပာတမ္းေဆာ့ျကသလို ေပ်ာ္ရဲ႕မလား။
ရိုးလူ

[Unicode]

အထူအပါး (၁)


မင်းကတော့ လျှာရိုးမရှိဘဲ စကားတွေ ပြောလို့။ သိစေချင်တဲ့ နေရာမှာ ဖိလို့၊မသိစေချင်တဲ့ နေရာမှာ ဖော့လို့ ။ကြာလာတော့ မင်းအသံဟာ ၈နာရီသတင်းကြေညာတဲ့ မိန်းမကြီးလေသံမျိူး ဖြစ်လာတယ်။ ဘာပြီးဘာလာမယ် အလွတ်ရလို့။
ငါကတော့ မျက်တောင်လေး ပုတ်ခတ်၊ပုတ်ခတ်လုပ်လို့၊ ပါးစပ်လေး ဟလို့၊ခေါင်းငြိမ့်ခေါင်းခါ သံယောင်လိုက်မသိကျိုးကျွံပြုလို့။ အဲ့ဒါ နိစ္စဓူဝလေ။
ပုံပြင်ပြောတမ်းဆော့ကြသလို ပျော်ရဲ့မလား။

ရိုးလူ

No comments:

Post a Comment