Saturday, November 4, 2017

အထူအပါး (၃)

အထူအပါး (၃)

မင္းအိမ္ျပန္အရမ္းေနာက္က်လို႔ ကိုယ္ေယာက္ယက္ခတ္ရတဲ့ညေတြမွာ
တိုက္တိုက္ဆိုင္ဆိုင္ပဲ မင္းဖုန္းေလးဟာ ဘက္ထရီအားကုန္ကုန္ေနတတ္တယ္။
သူတို႔ ေခၚသြားလို႔ ေနာက္က်တာဆိုတဲ့ စကားမွာ ကိုယ္က ျမင္ေတာင္ မျမင္ဖူးသူေတြကို ဆဲေရး၊ကိုယ့္ကိုယ္ကို ငရဲေပးမိတယ္။
အေစာႀကီး ျပန္ေရာက္ၿပီး ခ်က္ခ်င္းအိပ္ေပ်ာ္သြားတာလို႔ မနက္ခင္းမွာ ၾကားရဖို႔ တစ္ညလံုး ႏိုးတဝက္၊အိပ္တဝက္နဲ႔ ခ်စ္ျခင္းေမတၱာဟာ ေစာက္႐ူးသာျဖစ္တယ္လို႔ ေအာ္ေနမိတယ္...
မင္းေဘးမွာ ဘယ္ေကာင္႐ွိ႐ွိ ၊ဘယ္သူနဲ႔႐ွိ႐ွိိ မင္းအသက္နဲ႔ခႏၶာျမဲလ်က္သားေပ်ာ္ရႊင္ေနတယ္ဆိုရင္ေတာင္ ကိုယ္က ေက်နပ္တယ္။ခုေတာ့ ကိုယ္ဘာမွ မသိရဘဲ ဘယ္လိုအိပ္ေပ်ာ္ရမလဲကြယ္။
Are you still alive လို႔ေမးတိုင္း၊ ခြက္ထိုးခြက္လန္ရယ္ၿပီး Yes လို႔အေျဖေပးတိုင္း ၿငိမ္းေအးသြားတတ္တဲ့စိတ္ကိုလည္း ေစာက္႐ူးစိတ္လို႔ ထပ္ေခၚခ်င္တယ္။
ကိုယ္ေနမထိ ထိုင္မသာ ပူေလာင္ရသမ်ွ စြမ္းအင္အျဖစ္ေျပာင္းၿပီး မင္းဖုန္းမွာ အားဝင္သြားရင္လည္း ေကာင္းရဲ႕ေနာ္...။

ရိုးလူ

[Unicode]

အထူအပါး (၃)

မင်းအိမ်ပြန်အရမ်းနောက်ကျလို့ ကိုယ်ယောက်ယက်ခတ်ရတဲ့ညတွေမှာ

တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းဖုန်းလေးဟာ ဘက်ထရီအားကုန်ကုန်နေတတ်တယ်။

သူတို့ ခေါ်သွားလို့ နောက်ကျတာဆိုတဲ့ စကားမှာ ကိုယ်က မြင်တောင် မမြင်ဖူးသူတွေကို ဆဲရေး၊ကိုယ့်ကိုယ်ကို ငရဲပေးမိတယ်။

အစောကြီး ပြန်ရောက်ပြီး ချက်ချင်းအိပ်ပျော်သွားတာလို့ မနက်ခင်းမှာ ကြားရဖို့ တစ်ညလုံး နိုးတဝက်၊အိပ်တဝက်နဲ့ ချစ်ခြင်းမေတ္တာဟာ စောက်ရူးသာဖြစ်တယ်လို့ အော်နေမိတယ်...

မင်းဘေးမှာ ဘယ်ကောင်ရှိရှိ ၊ဘယ်သူနဲ့ရှိရှိ မင်းအသက်နဲ့ခန္ဓာမြဲလျက်သားပျော်ရွှင်နေတယ်ဆိုရင်တောင် ကိုယ်က ကျေနပ်တယ်။ခုတော့ ကိုယ်ဘာမှ မသိရဘဲ ဘယ်လိုအိပ်ပျော်ရမလဲကွယ်။

Are you still alive လို့မေးတိုင်း၊ ခွက်ထိုးခွက်လန်ရယ်ပြီး Yes လို့အဖြေပေးတိုင်း ငြိမ်းအေးသွားတတ်တဲ့စိတ်ကိုလည်း စောက်ရူးစိတ်လို့ ထပ်ခေါ်ချင်တယ်။

ကိုယ်နေမထိ ထိုင်မသာ ပူလောင်ရသမျှ စွမ်းအင်အဖြစ်ပြောင်းပြီး မင်းဖုန်းမှာ အားဝင်သွားရင်လည်း ကောင်းရဲ့နော်...။

ရိုးလူ

No comments:

Post a Comment