Saturday, November 4, 2017

အထူအပါး (၂)

အထူအပါး (၂)

မင္းအိမ္က တစ္နာရီေလာက္ ေပ်ာက္ၿပီး တစ္ေယာက္ေယာက္နဲ႔ ႐ွိေနခ်ိန္ဟာ မင္းေခါင္းေလ်ွာ္ေနခ်ိန္ေတြျဖစ္ရင္ျဖစ္၊ဒါမွ မဟုတ္ ေမွးခနဲအိပ္ေပ်ာ္သြားတတ္တဲ့ အခ်ိန္ေတြျဖစ္တယ္လို႔ မွတ္ထားေပးရတယ္။
မင္းက ခုတေလာ ေခါင္းခဏခဏေလ်ွာ္၊ခဏခဏေမွးခနဲအိပ္ေပ်ာ္ေနတာပဲေနာ္...
အိမ္ကို အခ်ိန္မီျပန္မေရာက္တဲ့ အေခါက္ေတြမွာေတာ့ မီးျပတ္လို႔ ေခါင္းေျခာက္ေအာင္ သုတ္ေနရပါတယ္ဆိုတာေလးပါ ပိုလာတယ္။
မင္းဆံပင္ဖ်ားက က်လာေနတဲ့ေရစက္ေလးေတြ၊မင္းအိပ္မႈန္စံုမႊားမ်က္ႏွာေလးကို ဟာကြက္မ႐ွိေအာင္ ေျပာသမွ်လိုက္ပံုေဖာ္ၾကည့္ေပးပါ့မယ္။
မိုးႀကိဳးပစ္ကြာလို႔ ခ်စ္စဖြယ္ေျပာတိုင္း၊ ဘယ္အရပ္ေရာက္ေရာက္ မိုးၿခိမ္းသံေတြ ျကားတာနဲ႔ အေျပးအလြွားဆုေတာင္းအမႈျပဳရတယ္
"မင္း.....သြားလမ္းသာလို႔ လာလမ္းေျဖာင့္ပါေစကြယ္"

ရိုးလူ
[Unicode]

အထူအပါး (၂)

မင်းအိမ်က တစ်နာရီလောက် ပျောက်ပြီး တစ်ယောက်ယောက်နဲ့ ရှိနေချိန်ဟာ မင်းခေါင်းလျှော်နေချိန်တွေဖြစ်ရင်ဖြစ်၊ဒါမှ မဟုတ် မှေးခနဲအိပ်ပျော်သွားတတ်တဲ့ အချိန်တွေဖြစ်တယ်လို့ မှတ်ထားပေးရတယ်။

မင်းက ခုတလော ခေါင်းခဏခဏလျှော်၊ခဏခဏမှေးခနဲအိပ်ပျော်နေတာပဲနော်...

အိမ်ကို အချိန်မီပြန်မရောက်တဲ့ အခေါက်တွေမှာတော့ မီးပြတ်လို့ ခေါင်းခြောက်အောင် သုတ်နေရပါတယ်ဆိုတာလေးပါ ပိုလာတယ်။

မင်းဆံပင်ဖျားက ကျလာနေတဲ့ရေစက်လေးတွေ၊မင်းအိပ်မှုန်စုံမွှားမျက်နှာလေးကို ဟာကွက်မရှိအောင် ပြောသမျှလိုက်ပုံဖော်ကြည့်ပေးပါ့မယ်။

မိုးကြိုးပစ်ကွာလို့ ချစ်စဖွယ်ပြောတိုင်း၊ ဘယ်အရပ်ရောက်ရောက် မိုးခြိမ်းသံတွေ ကြားတာနဲ့ အပြေးအလွှားဆုတောင်းအမှုပြုရတယ်

"မင်း.....သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေကွယ်"

ရိုးလူ


No comments:

Post a Comment