Saturday, November 4, 2017

13 Reasons Why Part 5

13 Reasons Why Part 5

ကိစၥေတြက ၾကာေလ ပိုရႈပ္ေထြးလာေလပဲ။ ဒါကို Courtney ေနရာေရာက္မွ သိရေတာ့တယ္။ ကိစၥတိုင္းရဲ့ ေနာက္ကြယ္မွာ ဖံုးကြယ္ထားတဲ့ အေၾကာင္းတရားေတြနဲ႔။
Courtney ..Social ေကာင္းတယ္၊ စာေတာ္တယ္၊ အရာရာကို ဟန္ေဆာင္မ်ိဳသိပ္ႏုိင္စြမ္းရွိတယ္၊ ဒါေပမယ့္ သူလည္း လူထဲက လူေပပဲ။
ေက်ာင္းရဲ့ ကိစၥေတြမွာလည္း တက္တက္ၾကြၾကြပါဝင္တတ္တဲ့သူ၊ ဆရာ ဆရာမေတြရဲ့ အခ်စ္ေတာ္ေလးမိ်ဳးေပါ့။ ဒီလိုမ်ိဳး ဘက္စံုေတာ္ေနေအာင္ ဘာလို႔ အသည္းအသန္လုပ္ခဲ့ရလဲ၊ ေကာင္းတယ္ဆိုတဲ့ဘက္မွာပဲ သူ႔အရိပ္ကို က်ေစခ်င္လို႔ေပါ့။ ငါ အဲဒီခံစားခ်က္ကို သိတယ္၊ ကိုယ့္ Dark side ကို မျမင္ေစခ်င္တဲ့အခါ ငါတုိ႔ဟာ ဟန္ေဆာင္ေကာငး္တတ္ၾကတယ္။
တစ္ခါတေလ ဘဝကလည္း ေရြးခ်ယ္ခြင့္မရဘူး၊ ကိုယ့္ကို ေမြးဖြားလာမယ့္ မိဘေတြကအစေပ့ါ၊ ဘဝထဲ ဒီလိုပဲ အုိးနင္းခြက္နင္းဝင္ေရာက္လာရတာ၊ ဝင္လာျပီး မၾကိဳက္လို႔ ျပန္ထြက္ခြင့္ကိုက် မေပးခ်င္ၾကဘူး၊ ဘယ္ေလာက္မတရားလိုက္သလဲ။
Hannah နဲ႔ Courtney အခ်စ္ခံရတဲ့ မိဘေတြ ရွိတာခ်င္းတူတူ လိင္တူ လိင္ကြဲဆုိတာက ဒီေနရာမွာ အေရးၾကီးလား၊ လူေတြမွာ လိင္တူ လိင္ကြဲက အေရးမၾကီးဘူးကြ၊ ကိုယ့္ျဖစ္တည္မႈအတြက္ သူတစ္ပါးကုိ ခ်နင္း၊ မနင္းဆိုတာကမွ အေရးၾကီးတာ။ Hannah ရဲ့ Drama ေတြေလာက္ ငါလိုက္မမီေပမယ့္ ဘယ္သူေသေသ ငေတမာရင္ျပီးေရာ စိတ္ဓာတ္ကိုေတာ့ လိင္မခြဲျခား ငါေစာက္ရမး္ရြံတယ္။
ထားပါေတာ့။ ဘဝမွာ အခါးေတြ မ်ားေပမယ့္ Clay နဲ႔ Hannah တို႔ရဲ့ ကပြဲသဘင္ညေလးလို အခ်ိဳေလးေတြလည္း ရွိမွ။ ဒါမွလည္း ဘဝကို ခ်ီတံုခ်တံုေတာ့ ဆက္ေလွ်ာက္လို႔ ရေအာင္ အားျဖစ္ေစမေပ့ါ။
ဘယ္လိုပဲ Drama မ်ားမ်ား Hannah ကေတာ့ မိန္းမေကာင္းေလးပါဆုိတာ ယံုၾကည္လာတယ္။ ေနာက္အပုိင္းေတြမွာေရာ..ငါယံုၾကည္သလို ဆက္ရွိေနပ့ါမလား။

ရိုးလူ

[Unicode]

13 Reasons Why Part 5


ကိစ္စတွေက ကြာလေ ပိုရှုပ်ထွေးလာလေပဲ။ ဒါကို Courtney နေရာရောက်မှ သိရတော့တယ်။ ကိစ္စတိုင်းရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အကြောင်းတရားတွေနဲ့။

Courtney ..Social ကောင်းတယ်၊ စာတော်တယ်၊ အရာရာကို ဟန်ဆောင်မျိုသိပ်နိုင်စွမ်းရှိတယ်၊ ဒါပေမယ့် သူလည်း လူထဲက လူပေပဲ။

ကျောင်းရဲ့ ကိစ္စတွေမှာလည်း တက်တက်ကြွကြွပါဝင်တတ်တဲ့သူ၊ ဆရာ ဆရာမတွေရဲ့ အချစ်တော်လေးမျိုးပေါ့။ ဒီလိုမျိုး ဘက်စုံတော်နေအောင် ဘာလို့ အသည်းအသန်လုပ်ခဲ့ရလဲ၊ ကောင်းတယ်ဆိုတဲ့ဘက်မှာပဲ သူ့အရိပ်ကို ကျစေချင်လို့ပေါ့။ ငါ အဲဒီခံစားချက်ကို သိတယ်၊ ကိုယ့် Dark side ကို မမြင်စေချင်တဲ့အခါ ငါတို့ဟာ ဟန်ဆောင်ကောင်းတတ်ကြတယ်။

တစ်ခါတလေ ဘဝကလည်း ရွေးချယ်ခွင့်မရဘူး၊ ကိုယ့်ကို မွေးဖွားလာမယ့် မိဘတွေကအစပေ့ါ၊ ဘဝထဲ ဒီလိုပဲ အိုးနင်းခွက်နင်းဝင်ရောက်လာရတာ၊ ဝင်လာပြီး မကြိုက်လို့ ပြန်ထွက်ခွင့်ကိုကျ မပေးချင်ကြဘူး၊ ဘယ်လောက်မတရားလိုက်သလဲ။

Hannah နဲ့ Courtney အချစ်ခံရတဲ့ မိဘတွေ ရှိတာချင်းတူတူ လိင်တူ လိင်ကွဲဆိုတာက ဒီနေရာမှာ အရေးကြီးလား၊ လူတွေမှာ လိင်တူ လိင်ကွဲက အရေးမကြီးဘူးကွ၊ ကိုယ့်ဖြစ်တည်မှုအတွက် သူတစ်ပါးကို ချနင်း၊ မနင်းဆိုတာကမှ အရေးကြီးတာ။ Hannah ရဲ့ Drama တွေလောက် ငါလိုက်မမီပေမယ့် ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ်ကိုတော့ လိင်မခွဲခြား ငါစောက်ရမ်းရွံတယ်။

ထားပါတော့။ ဘဝမှာ အခါးတွေ များပေမယ့် Clay နဲ့ Hannah တို့ရဲ့ ကပွဲသဘင်ညလေးလို အချိုလေးတွေလည်း ရှိမှ။ ဒါမှလည်း ဘဝကို ချီတုံချတုံတော့ ဆက်လျှောက်လို့ ရအောင် အားဖြစ်စေမပေ့ါ။

ဘယ်လိုပဲ Drama များများ Hannah ကတော့ မိန်းမကောင်းလေးပါဆိုတာ ယုံကြည်လာတယ်။ နောက်အပိုင်းတွေမှာရော..ငါယုံကြည်သလို ဆက်ရှိနေပ့ါမလား။

ရိုးလူ

No comments:

Post a Comment