Saturday, November 4, 2017

မန္းေလးမုန္႔တီ (ရန္ကုန္အေခၚ နန္းၾကီးသုပ္) ေကာင္းေကာင္းစားခ်င္ရင္




မန္းေလးမုန္႔တီ (ရန္ကုန္အေခၚ နန္းၾကီးသုပ္) ေကာင္းေကာင္းစားခ်င္ရင္

တစ္ရက္ေပ့ါေလ၊ အျမဲ အိပ္ရာထေနာက္က်တတ္တဲ့ ရိုးလူေလးဟာ ေစာေစာႏုိးထတဲ့အခုိက္ သူငယ္ခ်င္းတစ္ေယာက္ကလည္း ဖုန္းဆက္တာနဲ႔ ရွားေတာင့္ရွားပါး မနက္စာကို အျပင္ထြက္စားဖို႔ ျဖစ္လာေရာ။
ဘာစားမလဲ ျငင္းခံုရင္း လတ္တေလာ ကၽြန္ေတာ္စားခ်င္ေနတဲ့ မႏၱေလးမုန္႔တီကိုပဲ အလွည့္ေပးလိုက္ျပီး ဆုိင္ေရြးေတာ့ နွစ္ေယာက္လံုးနဲ႔ နီးနီးနားနား အလံုဘက္က ေရႊနန္းေတာ္ မုန္႔တီဆုိင္ပဲ သြားမယ္ေပ့ါ။

ေရႊနန္းေတာ္ဆိုင္ဟာ အမွတ္ ၁၆၂၊ပထမသီရိရိပ္သာနား၊ ေအာက္ၾကည့္ၿမင္တိုင္လမး္မၾကီးေပၚမွာ ရွိတာပါ။ အလံု ၊သစ္ေတာလမ္းနဲ႔ နီးပါတယ္။

ဆုိင္ေလးကေတာ့ ေျမညီထပ္တုိက္ခန္းႏွစ္ခန္းကို ယူျပီး ဖြင့္ထားတဲ့ အိမ္ဆုိင္သေဘာမ်ိုဳးပါပဲ။ ရတာကေတာ့ ျမီးရွည္၊ မုန္႔တီ၊ နန္းျပားသုတ္၊ ၾကာဇံခ်က္၊
ငါးဖယ္လံုးဟင္းရည္နဲ႔ တို႔ဟူးေၾကာ္စတာေတြ ရပါတယ္။

ကိုယ္ေတြက အဲဒီေန႔က ဘာျဖစ္လို႔လဲ မသိ၊ မုန္႔တီပဲ မွာမိတယ္၊ ကၽြန္ေတာ္ကေတာ့ နန္းလတ္နဲ႔ ၊ သူငယ္ခ်င္းကေတာ့ နန္းၾကီးအဖတ္နဲ႔ပဲ မွာတယ္၊ ျပီးေတာ့ ဆိုင္ရဲ့နာမည္ၾကီးတယ္ဆိုတဲ့ ငါးဖယ္လံုးဟင္းခ်ိဳမွာတယ္။ လူမ်ားေနေပမယ့္ မွာတဲ့ခ်ိန္နဲ႔ ေရာက္လာတဲ့အခ်ိန္ မကြာဘူး၊ သိပ္မၾကာဘူးလို႔ ေျပာလို႔ ရတယ္။ ဗိုက္ဆာတဲ့သူေတြအတြက္ ကိုက္တာေပါ့။

ေစ်းေတြကလည္း မဆိုးဘူး၊ တစ္ပြဲကို ၁၂၀၀ေလာက္ပဲရွိတယ္။ တစ္ခုေတာ့ ရွိတယ္၊ လာခ်ေတာ့ တစ္ပြဲစာျပင္ထားတာ နည္းတယ္။ အစားၾကီးတဲ့သူေတြဆို မဝေလာက္ဘူး၊ ကၽြန္ေတာ္ေတာင္ မဝဘူး ။ :D

အရသာကေတာ့ မုန္႔သားအိတယ္၊ သုပ္ထားတာ ပံုမွန္ထက္ ေကာင္းတယ္လို႔ ေျပာလို႔ ရမယ္၊ ရန္ကုန္ဆိုင္ေတြထက္ ေကာင္းတယ္ေပ့ါ၊ ကၽြန္ေတာ္ေတာ့ အရမ္းအၾကိဳက္ၾကီးမဟုတ္ဘူး။ ဘာလို႔လဲဆိေုတာ့ မန္းမုန္႔တီသာစားခ်င္တာ ပဲမႈန္႔မၾကိဳက္၊ ဆီမၾကိဳက္တဲ့ ကၽြန္ေတာ္တို႔အတြက္ ေရႊနန္းေတာ္က ဆီမ်ားသလို ျဖစ္ေနလို႔။ ငါးဖယ္လံုးဟင္းခ်ိဳကေတာ့ သိပ္ျပီး ေသာက္ေကာင္းတယ္၊ ခ်ိဳခ်ိဳေလးေလးနဲ႔ ငါးဖယ္လံုးက အိျပီး စားေကာငး္တယ္။ တို႔ဟူးေၾကာ္လာခ်ေပးတယ္၊ မန္က်ည္းခ်ဥ္ေလးနဲ႔။

သန္႔ရွင္းမႈကေတာ့ ေရွ႕က လူစားျပီးတာကို အလ်င္အျမန္မသိမ္းႏုိင္တာမ်ိုးေတာ့ ရွိတယ္။ ခံုက စုစုေပါင္း ၁၀ ခံုေလာက္ရွိေတာ့ လူမ်ားလည္း အဆင္ေျပသလို ထုိင္လို႔ ရတယ္။ ေနာက္ဆံုးအေနနဲ႔ ေျပာရရင္ေတာ့ ရန္ကုန္စတိုင္နန္းၾကီးသုပ္ေတြ မစားခ်င္ေတာ့ဘူးဆိုရင္ေတာ့ ေရႊနန္းေတာ္ကိုသာ ေရြးေပ့ါ။ Rating အေနနဲ႔ဆိုရင္ေတာ့

ေရႊနန္းေတာ္
==
Taste ***
Price ****
Service ***
Hygiene ***
Place ***

ဓာတ္ပံုေတြ မေကာင္းတာေတာ့ ခြင့္လႊတ္ဗ်ာ။ ေနာက္က် ပိုေကာင္းေအာင္
ရုိက္ခဲ့မယ္၊ ခု ကၽြန္ေတာ္က ဒီတုိင္း ေရးခ်င္စိတ္ေပၚလာလို႔ ေရးတာမလို႔။ 😅😅

ရိုးလူ

[Unicode]

မန်းလေးမုန့်တီ (ရန်ကုန်အခေါ် နန်းကြီးသုပ်) ကောင်းကောင်းစားချင်ရင်

တစ်ရက်ပေ့ါလေ၊ အမြဲ အိပ်ရာထနောက်ကျတတ်တဲ့ ရိုးလူလေးဟာ စောစောနိုးထတဲ့အခိုက် သူငယ်ချင်းတစ်ယောက်ကလည်း ဖုန်းဆက်တာနဲ့ ရှားတောင့်ရှားပါး မနက်စာကို အပြင်ထွက်စားဖို့ ဖြစ်လာရော။
ဘာစားမလဲ ငြင်းခုံရင်း လတ်တလော ကျွန်တော်စားချင်နေတဲ့ မန္တလေးမုန့်တီကိုပဲ အလှည့်ပေးလိုက်ပြီး ဆိုင်ရွေးတော့ နှစ်ယောက်လုံးနဲ့ နီးနီးနားနား အလုံဘက်က ရွှေနန်းတော် မုန့်တီဆိုင်ပဲ သွားမယ်ပေ့ါ။

ရွှေနန်းတော်ဆိုင်ဟာ အမှတ် ၁၆၂၊ပထမသီရိရိပ်သာနား၊ အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်မှာ ရှိတာပါ။ အလုံ ၊သစ်တောလမ်းနဲ့ နီးပါတယ်။

ဆိုင်လေးကတော့ မြေညီထပ်တိုက်ခန်းနှစ်ခန်းကို ယူပြီး ဖွင့်ထားတဲ့ အိမ်ဆိုင်သဘောမျိုုးပါပဲ။ ရတာကတော့ မြီးရှည်၊ မုန့်တီ၊ နန်းပြားသုတ်၊ ကြာဇံချက်၊
ငါးဖယ်လုံးဟင်းရည်နဲ့ တို့ဟူးကြော်စတာတွေ ရပါတယ်။

ကိုယ်တွေက အဲဒီနေ့က ဘာဖြစ်လို့လဲ မသိ၊ မုန့်တီပဲ မှာမိတယ်၊ ကျွန်တော်ကတော့ နန်းလတ်နဲ့ ၊ သူငယ်ချင်းကတော့ နန်းကြီးအဖတ်နဲ့ပဲ မှာတယ်၊ ပြီးတော့ ဆိုင်ရဲ့နာမည်ကြီးတယ်ဆိုတဲ့ ငါးဖယ်လုံးဟင်းချိုမှာတယ်။ လူများနေပေမယ့် မှာတဲ့ချိန်နဲ့ ရောက်လာတဲ့အချိန် မကွာဘူး၊ သိပ်မကြာဘူးလို့ ပြောလို့ ရတယ်။ ဗိုက်ဆာတဲ့သူတွေအတွက် ကိုက်တာပေါ့။

ဈေးတွေကလည်း မဆိုးဘူး၊ တစ်ပွဲကို ၁၂၀၀လောက်ပဲရှိတယ်။ တစ်ခုတော့ ရှိတယ်၊ လာချတော့ တစ်ပွဲစာပြင်ထားတာ နည်းတယ်။ အစားကြီးတဲ့သူတွေဆို မဝလောက်ဘူး၊ ကျွန်တော်တောင် မဝဘူး ။ :D

အရသာကတော့ မုန့်သားအိတယ်၊ သုပ်ထားတာ ပုံမှန်ထက် ကောင်းတယ်လို့ ပြောလို့ ရမယ်၊ ရန်ကုန်ဆိုင်တွေထက် ကောင်းတယ်ပေ့ါ၊ ကျွန်တော်တော့ အရမ်းအကြိုက်ကြီးမဟုတ်ဘူး။ ဘာလို့လဲဆိေုတာ့ မန်းမုန့်တီသာစားချင်တာ ပဲမှုန့်မကြိုက်၊ ဆီမကြိုက်တဲ့ ကျွန်တော်တို့အတွက် ရွှေနန်းတော်က ဆီများသလို ဖြစ်နေလို့။ ငါးဖယ်လုံးဟင်းချိုကတော့ သိပ်ပြီး သောက်ကောင်းတယ်၊ ချိုချိုလေးလေးနဲ့ ငါးဖယ်လုံးက အိပြီး စားကောင်းတယ်။ တို့ဟူးကြော်လာချပေးတယ်၊ မန်ကျည်းချဉ်လေးနဲ့။

သန့်ရှင်းမှုကတော့ ရှေ့က လူစားပြီးတာကို အလျင်အမြန်မသိမ်းနိုင်တာမျိုးတော့ ရှိတယ်။ ခုံက စုစုပေါင်း ၁၀ ခုံလောက်ရှိတော့ လူများလည်း အဆင်ပြေသလို ထိုင်လို့ ရတယ်။ နောက်ဆုံးအနေနဲ့ ပြောရရင်တော့ ရန်ကုန်စတိုင်နန်းကြီးသုပ်တွေ မစားချင်တော့ဘူးဆိုရင်တော့ ရွှေနန်းတော်ကိုသာ ရွေးပေ့ါ။ Rating အနေနဲ့ဆိုရင်တော့

ရွှေနန်းတော်
==
Taste ***
Price ****
Service ***
Hygiene ***
Place ***

ဓာတ်ပုံတွေ မကောင်းတာတော့ ခွင့်လွှတ်ဗျာ။ နောက်ကျ ပိုကောင်းအောင်
ရိုက်ခဲ့မယ်၊ ခု ကျွန်တော်က ဒီတိုင်း ရေးချင်စိတ်ပေါ်လာလို့ ရေးတာမလို့။ 😅😅

No comments:

Post a Comment