Showing posts with label Movie Reviews. Show all posts
Showing posts with label Movie Reviews. Show all posts

Saturday, November 4, 2017

13 Reasons Why Part 6

13 Reasons Why Part 6

Alex Standall... မတရားမႈေတြကို ဟန္႔တားသူေတြက ရုပ္ရွင္ေတြထဲကလို လူဆိုးေတြကို မႏုိင္ဘူးကြ၊ မင္းပက္ပက္စက္စက္ထုိးခံရတာေလ၊ ျပီးေတာ့ မင္းကိုေတာင္ ဝုိင္း Judge လုပ္ၾကေသးတာ။
ထားပါေလ။ Hannah ေျပာသလို ငါတုိ႔က ကုိယ့္ဘာသာေတာင္ ဘာလိုခ်င္ၾကမွန္း၊ ဘာျဖစ္ခ်င္ေနၾကမွန္း မသိတာ။
ဒီထဲမွာ Clay တစ္ေယာက္လည္း ပါတယ္၊ စိတ္အဆင္ေျပမလားလို႔ ထင္တာေတြ ေလွ်ာက္လုပ္မိေနတာ၊ တကယ္တမ္း Sheryl က သူ႔စိတ္ထဲ မူလတန္ဖိုးတစ္ခုကို မေက်ာ္ႏုိင္ဘူးဆိုတာသိေတာ့ ....
Hannah ကို အရင္က Drama ခင္းတယ္လို႔ ငါထင္တယ္၊ ဒါေပမယ့္ ေနရာအရပ္ရပ္မွာ ေနာက္ေက်ာက ဓါးေတြကို ျမင္လာေတာ့ ေလာကၾကီးကိုက Drama ဆန္တာလား၊ လူေတြကပဲလား ငါမသဲကြဲေတာ့ဘူး။
Marcus တစ္ေယာက္ဟာ ရုိးပံုရိုးပန္းနဲ႔ ဒီပုပ္ထဲက ဒီပဲ အဆင္ေတြ လာေတာ့ Hannah ဘယ္ေလာက္စိတ္ပ်က္သြားမလဲ။ အခ်စ္စစ္ဆိုတာ ရွိတယ္လို႔ မိဘေတြကို ၾကည့္ျပီး သူယံုၾကည္ထားတာေလ။ ငတံုးမ Hannah .. ေပ်ာ့ညံ့တဲ့ Hannah.. ဘဝမွာ ဘယ္စိတၱဇနာမ္ကိုမွ ယံုၾကည္လို႔ မရတာ သူမသိေသးဘူး။ ဒါေၾကာင့္ပဲ နင္းေခ်ခံခဲ့ရေပါင္းမ်ားတာေပ့ါ။
လြတ္ေျမာက္ဖို႔ ဘယ္ႏွစ္ပိုင္းမွ မက်န္ေတာ့ဘူး Hannah ေရ..ဆက္သြားၾကပါစို႔။

ရိုးလူ 

[Unicode]

13 Reasons Why Part 6

Alex Standall... မတရားမှုတွေကို ဟန့်တားသူတွေက ရုပ်ရှင်တွေထဲကလို လူဆိုးတွေကို မနိုင်ဘူးကွ၊ မင်းပက်ပက်စက်စက်ထိုးခံရတာလေ၊ ပြီးတော့ မင်းကိုတောင် ဝိုင်း Judge လုပ်ကြသေးတာ။

ထားပါလေ။ Hannah ပြောသလို ငါတို့က ကိုယ့်ဘာသာတောင် ဘာလိုချင်ကြမှန်း၊ ဘာဖြစ်ချင်နေကြမှန်း မသိတာ။

ဒီထဲမှာ Clay တစ်ယောက်လည်း ပါတယ်၊ စိတ်အဆင်ပြေမလားလို့ ထင်တာတွေ လျှောက်လုပ်မိနေတာ၊ တကယ်တမ်း Sheryl က သူ့စိတ်ထဲ မူလတန်ဖိုးတစ်ခုကို မကျော်နိုင်ဘူးဆိုတာသိတော့ ....

Hannah ကို အရင်က Drama ခင်းတယ်လို့ ငါထင်တယ်၊ ဒါပေမယ့် နေရာအရပ်ရပ်မှာ နောက်ကျောက ဓါးတွေကို မြင်လာတော့ လောကကြီးကိုက Drama ဆန်တာလား၊ လူတွေကပဲလား ငါမသဲကွဲတော့ဘူး။

Marcus တစ်ယောက်ဟာ ရိုးပုံရိုးပန်းနဲ့ ဒီပုပ်ထဲက ဒီပဲ အဆင်တွေ လာတော့ Hannah ဘယ်လောက်စိတ်ပျက်သွားမလဲ။ အချစ်စစ်ဆိုတာ ရှိတယ်လို့ မိဘတွေကို ကြည့်ပြီး သူယုံကြည်ထားတာလေ။ ငတုံးမ Hannah .. ပျော့ညံ့တဲ့ Hannah.. ဘဝမှာ ဘယ်စိတ္တဇနာမ်ကိုမှ ယုံကြည်လို့ မရတာ သူမသိသေးဘူး။ ဒါကြောင့်ပဲ နင်းချေခံခဲ့ရပေါင်းများတာပေ့ါ။

လွတ်မြောက်ဖို့ ဘယ်နှစ်ပိုင်းမှ မကျန်တော့ဘူး Hannah ရေ..ဆက်သွားကြပါစို့။

ရိုးလူ

13 Reasons Why Part 5

13 Reasons Why Part 5

ကိစၥေတြက ၾကာေလ ပိုရႈပ္ေထြးလာေလပဲ။ ဒါကို Courtney ေနရာေရာက္မွ သိရေတာ့တယ္။ ကိစၥတိုင္းရဲ့ ေနာက္ကြယ္မွာ ဖံုးကြယ္ထားတဲ့ အေၾကာင္းတရားေတြနဲ႔။
Courtney ..Social ေကာင္းတယ္၊ စာေတာ္တယ္၊ အရာရာကို ဟန္ေဆာင္မ်ိဳသိပ္ႏုိင္စြမ္းရွိတယ္၊ ဒါေပမယ့္ သူလည္း လူထဲက လူေပပဲ။
ေက်ာင္းရဲ့ ကိစၥေတြမွာလည္း တက္တက္ၾကြၾကြပါဝင္တတ္တဲ့သူ၊ ဆရာ ဆရာမေတြရဲ့ အခ်စ္ေတာ္ေလးမိ်ဳးေပါ့။ ဒီလိုမ်ိဳး ဘက္စံုေတာ္ေနေအာင္ ဘာလို႔ အသည္းအသန္လုပ္ခဲ့ရလဲ၊ ေကာင္းတယ္ဆိုတဲ့ဘက္မွာပဲ သူ႔အရိပ္ကို က်ေစခ်င္လို႔ေပါ့။ ငါ အဲဒီခံစားခ်က္ကို သိတယ္၊ ကိုယ့္ Dark side ကို မျမင္ေစခ်င္တဲ့အခါ ငါတုိ႔ဟာ ဟန္ေဆာင္ေကာငး္တတ္ၾကတယ္။
တစ္ခါတေလ ဘဝကလည္း ေရြးခ်ယ္ခြင့္မရဘူး၊ ကိုယ့္ကို ေမြးဖြားလာမယ့္ မိဘေတြကအစေပ့ါ၊ ဘဝထဲ ဒီလိုပဲ အုိးနင္းခြက္နင္းဝင္ေရာက္လာရတာ၊ ဝင္လာျပီး မၾကိဳက္လို႔ ျပန္ထြက္ခြင့္ကိုက် မေပးခ်င္ၾကဘူး၊ ဘယ္ေလာက္မတရားလိုက္သလဲ။
Hannah နဲ႔ Courtney အခ်စ္ခံရတဲ့ မိဘေတြ ရွိတာခ်င္းတူတူ လိင္တူ လိင္ကြဲဆုိတာက ဒီေနရာမွာ အေရးၾကီးလား၊ လူေတြမွာ လိင္တူ လိင္ကြဲက အေရးမၾကီးဘူးကြ၊ ကိုယ့္ျဖစ္တည္မႈအတြက္ သူတစ္ပါးကုိ ခ်နင္း၊ မနင္းဆိုတာကမွ အေရးၾကီးတာ။ Hannah ရဲ့ Drama ေတြေလာက္ ငါလိုက္မမီေပမယ့္ ဘယ္သူေသေသ ငေတမာရင္ျပီးေရာ စိတ္ဓာတ္ကိုေတာ့ လိင္မခြဲျခား ငါေစာက္ရမး္ရြံတယ္။
ထားပါေတာ့။ ဘဝမွာ အခါးေတြ မ်ားေပမယ့္ Clay နဲ႔ Hannah တို႔ရဲ့ ကပြဲသဘင္ညေလးလို အခ်ိဳေလးေတြလည္း ရွိမွ။ ဒါမွလည္း ဘဝကို ခ်ီတံုခ်တံုေတာ့ ဆက္ေလွ်ာက္လို႔ ရေအာင္ အားျဖစ္ေစမေပ့ါ။
ဘယ္လိုပဲ Drama မ်ားမ်ား Hannah ကေတာ့ မိန္းမေကာင္းေလးပါဆုိတာ ယံုၾကည္လာတယ္။ ေနာက္အပုိင္းေတြမွာေရာ..ငါယံုၾကည္သလို ဆက္ရွိေနပ့ါမလား။

ရိုးလူ

[Unicode]

13 Reasons Why Part 5


ကိစ္စတွေက ကြာလေ ပိုရှုပ်ထွေးလာလေပဲ။ ဒါကို Courtney နေရာရောက်မှ သိရတော့တယ်။ ကိစ္စတိုင်းရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အကြောင်းတရားတွေနဲ့။

Courtney ..Social ကောင်းတယ်၊ စာတော်တယ်၊ အရာရာကို ဟန်ဆောင်မျိုသိပ်နိုင်စွမ်းရှိတယ်၊ ဒါပေမယ့် သူလည်း လူထဲက လူပေပဲ။

ကျောင်းရဲ့ ကိစ္စတွေမှာလည်း တက်တက်ကြွကြွပါဝင်တတ်တဲ့သူ၊ ဆရာ ဆရာမတွေရဲ့ အချစ်တော်လေးမျိုးပေါ့။ ဒီလိုမျိုး ဘက်စုံတော်နေအောင် ဘာလို့ အသည်းအသန်လုပ်ခဲ့ရလဲ၊ ကောင်းတယ်ဆိုတဲ့ဘက်မှာပဲ သူ့အရိပ်ကို ကျစေချင်လို့ပေါ့။ ငါ အဲဒီခံစားချက်ကို သိတယ်၊ ကိုယ့် Dark side ကို မမြင်စေချင်တဲ့အခါ ငါတို့ဟာ ဟန်ဆောင်ကောင်းတတ်ကြတယ်။

တစ်ခါတလေ ဘဝကလည်း ရွေးချယ်ခွင့်မရဘူး၊ ကိုယ့်ကို မွေးဖွားလာမယ့် မိဘတွေကအစပေ့ါ၊ ဘဝထဲ ဒီလိုပဲ အိုးနင်းခွက်နင်းဝင်ရောက်လာရတာ၊ ဝင်လာပြီး မကြိုက်လို့ ပြန်ထွက်ခွင့်ကိုကျ မပေးချင်ကြဘူး၊ ဘယ်လောက်မတရားလိုက်သလဲ။

Hannah နဲ့ Courtney အချစ်ခံရတဲ့ မိဘတွေ ရှိတာချင်းတူတူ လိင်တူ လိင်ကွဲဆိုတာက ဒီနေရာမှာ အရေးကြီးလား၊ လူတွေမှာ လိင်တူ လိင်ကွဲက အရေးမကြီးဘူးကွ၊ ကိုယ့်ဖြစ်တည်မှုအတွက် သူတစ်ပါးကို ချနင်း၊ မနင်းဆိုတာကမှ အရေးကြီးတာ။ Hannah ရဲ့ Drama တွေလောက် ငါလိုက်မမီပေမယ့် ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ်ကိုတော့ လိင်မခွဲခြား ငါစောက်ရမ်းရွံတယ်။

ထားပါတော့။ ဘဝမှာ အခါးတွေ များပေမယ့် Clay နဲ့ Hannah တို့ရဲ့ ကပွဲသဘင်ညလေးလို အချိုလေးတွေလည်း ရှိမှ။ ဒါမှလည်း ဘဝကို ချီတုံချတုံတော့ ဆက်လျှောက်လို့ ရအောင် အားဖြစ်စေမပေ့ါ။

ဘယ်လိုပဲ Drama များများ Hannah ကတော့ မိန်းမကောင်းလေးပါဆိုတာ ယုံကြည်လာတယ်။ နောက်အပိုင်းတွေမှာရော..ငါယုံကြည်သလို ဆက်ရှိနေပ့ါမလား။

ရိုးလူ

13 Reasons Why Part 4


13 Reasons Why Part 4

လူေတြက မင္းကို အာရုံစုိက္ေနတာ ခံဖူးလား။ ေအး ငါေတာ့ ခံဖူးေတာ့ ဘယ္ေလာက္စိတ္က်ဥ္းက်ပ္ရမွန္း သိတယ္။ ဘယ္ေလာက္ပဲ ေသာက္ဂရုမစိုက္ဘူးဆိုဆို သူတို႔ဟာ မင္းရဲ့ အေရးအရာမွာ အျမင္အာရုံအားျဖင့္ ဝင္ေရာက္စြက္ဖက္ေနတာ မင္းကို ေကာင္းေကာင္းၾကီး စိတ္အေႏွာင့္အယွက္ျဖစ္ေစမွာပဲ။
ဟုတ္တယ္ လူေတြဟာ (ငါအပါအဝင္) Hannah ေျပာသလုိ တစ္ေယာက္ကို တစ္ေယာက္ေစာင့္ၾကည့္၊ ဒါမွ မဟုတ္ ေခ်ာင္းေျမာင္းၾကည့္ရႈေနၾကတာ။ အထူးသျဖင့္ Social Network ေတြကေပ့ါ။ You are following someone or you are being followed ပဲ။ Facebook, Instagram, Twitter they make our society as stalkers တဲ့။ ျပီးေတာ့ အခြင့္ရွိသလို သူတစ္ပါးဘဝကို ျခယ္လွယ္ခ်င္ေနတာ၊ သတင္းေတြကုိ ျမိန္ေရယွက္ေရ ျဖန္႔ေဝခ်င္ေနတာ။ ေတြးၾကည့္ရင္ သိပ္ေအာ္ဂလီဆန္စရာေကာင္းခဲ့တာေပ့ါကြာ။
ထားပါေတာ့။ မင္းမွာေရာ Clay လို ကိုယ္သေဘာက်ေနတဲ့ ေကာင္မေလးတစ္ေယာက္ကို အိမ္ျပန္လိုက္ပို႔ျပီး အနမ္းတစ္ပြင့္မေခၽြဘဲ ထြက္သြားခဲ့တာမ်ိဳး ရွိလား။ ျဖစ္တတ္ပါတယ္၊ သိပ္တန္ဖိုးထားလြန္းတဲ့အခါျဖစ္ရင္ ျဖစ္၊ ဒါမွ မဟုတ္ သိပ္တံုးလြန္းတဲ့ အခါမွာ ျဖစ္ျဖစ္ေပါ့။
သူတို႔ဆီမွာ လူေတြကို တန္ဖိုးထားတယ္တဲ့။ မေတာ္တဆ(ဒီလိုပဲဆုိပါစို႔) ေသဆံုးခဲ့ရင္ေတာင္ စံုစမ္းမႈေတြ အမ်ားၾကီးနဲ႔။ ဒီမွာေတာ့ လူအမ်ားေသရင္ေတာင္ ခဏဝမ္းနည္းျပျပီး ျပီးရင္ ပိုေနျမဲ၊က်ားေနျမဲပဲ၊ ရင္နာရတယ္။
ေလာကအေရးေတြဟာ ငါတို႔ ဦးေႏွာက္ေသးေသးေလးနဲ႔ မမီဘူး၊ ရႈပ္ေထြးေပြလီတယ္၊ မိန္းမခ်င္း ခ်စ္တာ တစ္ခါတေလ ဆန္းတယ္ဆိုေပမယ့္ တစ္ခါတေလ ဘာဆန္းလို႔လဲ ေမးမိတယ္။ အထက္တန္းေက်ာင္းသားဘဝမွာ ပထမအနမ္း ဒါမွမဟုတ္ လိင္တူတစ္ေယာက္ကို နမ္းပစ္တာမ်ိဳး ဘယ္သူနဲ႔ မဆို စမ္းမိတာ ငါကေတာ့ သဘာဝလို႔ ထင္တယ္။ လူေတြက အလြန္အက်ြံေတြ ဖံုးထားခ်င္ခဲ့ၾကတာေတြ သက္သက္ပဲ။
ဆက္ေျပာရေအာင္၊ လူေတြဟာ ဝါသနာပါရာတစ္ခုခုကို စိတ္ႏွစ္ျပီး ယစ္မူးတဲ့ အခါ သူ႔လုပ္ေဆာင္မႈက ေဘးပတ္ဝန္းက်င္ကို ဘာေတြ သက္ေရာက္လဲ မေတြးေတာ့ဘူး။ အထူးသျဖင့္ Tyler Down လိုေပါ့၊ သူ႔ Camera ေအာက္မွာ Hannah ဟာ Object တစ္ခုပဲ၊ အသက္ရႈေနတဲ့ အေသြးနဲ႔ အသားနဲ႔ ဓာတ္ပံုခုိးရုိက္ခံရတာ မၾကိဳက္တဲ့ လူသားလို႔ကို မျမင္ေတာ့ဘူး။
အဲဒီညမွာ Tyler ရုိက္ခဲ့တဲ့ ပံုက သိပ္အသက္ဝင္တယ္၊ ဘယ္လိုလဲ ဆုိေတာ့ ေကာင္ေလးေတြ မွန္းခ်င္စရာေကာင္းေလာက္ေအာင္ အသက္ဝင္တာမ်ိဳးေပ့ါ။ အမွန္ေတာ့ ဒီကိစၥ ဒီမွာတင္ ျပီးသင့္တာ၊ Why so serious Courtney? မခုပ္တတ္တဲ့ ေၾကာင္လုပ္ခ်င္တာ အျမဲတမ္းေတာ့ မေကာင္းပါဘူး။ ညက မူးလို႔ျဖစ္သြားတာပါလို႔ ေတာင္းပန္ခံရမယ့္အစား ဘာမွ မေျပာခံရတာကမွ ဂုဏ္သိကၡာရွိပါေသးတယ္ကြာ။ ထပ္ဇာတ္နာရပါတယ္။
Tyler အေၾကာင္းေျပာတဲ့ အခါ သူ႔မရင့္က်က္မႈ တနည္းအားျဖင့္ ယုတ္မာမႈကို ခြင့္လႊတ္လို႔ ရပါတယ္။ ကိုယ္ခ်စ္တဲ့သူဆီက Date လုပ္ဖို႔ ျငင္းခံရတာေလ။ အဲ့ဒီအတြက္လည္း သူညတိုင္းျပန္ခံစားေနရေတာ့မယ္။ အိမ္ျပတင္းေပါက္ကို ခဲက်မွ မဟုတ္ပါဘူး Tyler ရယ္၊ မင္းႏွလံုးသားဟာလည္း ခဲဆြဲထားသလို အျမဲ ေလးလံေနေတာ့မွာပါ၊ မဟုတ္ဘူးလား။
Clay ကေတာ့ Making my own justice လို႔ ဒီတစ္ခါ သတၱိရွိရွိတံု႔ျပန္လိုက္ျပီေလ။ Go ahead Clay! ေနာက္တစ္ပုိင္းမွာ ငါ မင္းနဲ႔ တူတူရွိမယ္။

ရိုးလူ

[Unicode]

13 Reasons Why Part 4


လူတွေက မင်းကို အာရုံစိုက်နေတာ ခံဖူးလား။ အေး ငါတော့ ခံဖူးတော့ ဘယ်လောက်စိတ်ကျဉ်းကျပ်ရမှန်း သိတယ်။ ဘယ်လောက်ပဲ သောက်ဂရုမစိုက်ဘူးဆိုဆို သူတို့ဟာ မင်းရဲ့ အရေးအရာမှာ အမြင်အာရုံအားဖြင့် ဝင်ရောက်စွက်ဖက်နေတာ မင်းကို ကောင်းကောင်းကြီး စိတ်အနှောင့်အယှက်ဖြစ်စေမှာပဲ။
ဟုတ်တယ် လူတွေဟာ (ငါအပါအဝင်) Hannah ပြောသလို တစ်ယောက်ကို တစ်ယောက်စောင့်ကြည့်၊ ဒါမှ မဟုတ် ချောင်းမြောင်းကြည့်ရှုနေကြတာ။ အထူးသဖြင့် Social Network တွေကပေ့ါ။ You are following someone or you are being followed ပဲ။ Facebook, Instagram, Twitter they make our society as stalkers တဲ့။ ပြီးတော့ အခွင့်ရှိသလို သူတစ်ပါးဘဝကို ခြယ်လှယ်ချင်နေတာ၊ သတင်းတွေကို မြိန်ရေယှက်ရေ ဖြန့်ဝေချင်နေတာ။ တွေးကြည့်ရင် သိပ်အော်ဂလီဆန်စရာကောင်းခဲ့တာပေ့ါကွာ။
ထားပါတော့။ မင်းမှာရော Clay လို ကိုယ်သဘောကျနေတဲ့ ကောင်မလေးတစ်ယောက်ကို အိမ်ပြန်လိုက်ပို့ပြီး အနမ်းတစ်ပွင့်မချွေဘဲ ထွက်သွားခဲ့တာမျိုး ရှိလား။ ဖြစ်တတ်ပါတယ်၊ သိပ်တန်ဖိုးထားလွန်းတဲ့အခါဖြစ်ရင် ဖြစ်၊ ဒါမှ မဟုတ် သိပ်တုံးလွန်းတဲ့ အခါမှာ ဖြစ်ဖြစ်ပေါ့။
သူတို့ဆီမှာ လူတွေကို တန်ဖိုးထားတယ်တဲ့။ မတော်တဆ(ဒီလိုပဲဆိုပါစို့) သေဆုံးခဲ့ရင်တောင် စုံစမ်းမှုတွေ အများကြီးနဲ့။ ဒီမှာတော့ လူအများသေရင်တောင် ခဏဝမ်းနည်းပြပြီး ပြီးရင် ပိုနေမြဲ၊ကျားနေမြဲပဲ၊ ရင်နာရတယ်။
လောကအရေးတွေဟာ ငါတို့ ဦးနှောက်သေးသေးလေးနဲ့ မမီဘူး၊ ရှုပ်ထွေးပွေလီတယ်၊ မိန်းမချင်း ချစ်တာ တစ်ခါတလေ ဆန်းတယ်ဆိုပေမယ့် တစ်ခါတလေ ဘာဆန်းလို့လဲ မေးမိတယ်။ အထက်တန်းကျောင်းသားဘဝမှာ ပထမအနမ်း ဒါမှမဟုတ် လိင်တူတစ်ယောက်ကို နမ်းပစ်တာမျိုး ဘယ်သူနဲ့ မဆို စမ်းမိတာ ငါကတော့ သဘာဝလို့ ထင်တယ်။ လူတွေက အလွန်အကျွံတွေ ဖုံးထားချင်ခဲ့ကြတာတွေ သက်သက်ပဲ။
ဆက်ပြောရအောင်၊ လူတွေဟာ ဝါသနာပါရာတစ်ခုခုကို စိတ်နှစ်ပြီး ယစ်မူးတဲ့ အခါ သူ့လုပ်ဆောင်မှုက ဘေးပတ်ဝန်းကျင်ကို ဘာတွေ သက်ရောက်လဲ မတွေးတော့ဘူး။ အထူးသဖြင့် Tyler Down လိုပေါ့၊ သူ့ Camera အောက်မှာ Hannah ဟာ Object တစ်ခုပဲ၊ အသက်ရှုနေတဲ့ အသွေးနဲ့ အသားနဲ့ ဓာတ်ပုံခိုးရိုက်ခံရတာ မကြိုက်တဲ့ လူသားလို့ကို မမြင်တော့ဘူး။
အဲဒီညမှာ Tyler ရိုက်ခဲ့တဲ့ ပုံက သိပ်အသက်ဝင်တယ်၊ ဘယ်လိုလဲ ဆိုတော့ ကောင်လေးတွေ မှန်းချင်စရာကောင်းလောက်အောင် အသက်ဝင်တာမျိုးပေ့ါ။ အမှန်တော့ ဒီကိစ္စ ဒီမှာတင် ပြီးသင့်တာ၊ Why so serious Courtney? မခုပ်တတ်တဲ့ ကြောင်လုပ်ချင်တာ အမြဲတမ်းတော့ မကောင်းပါဘူး။ ညက မူးလို့ဖြစ်သွားတာပါလို့ တောင်းပန်ခံရမယ့်အစား ဘာမှ မပြောခံရတာကမှ ဂုဏ်သိက္ခာရှိပါသေးတယ်ကွာ။ ထပ်ဇာတ်နာရပါတယ်။
Tyler အကြောင်းပြောတဲ့ အခါ သူ့မရင့်ကျက်မှု တနည်းအားဖြင့် ယုတ်မာမှုကို ခွင့်လွှတ်လို့ ရပါတယ်။ ကိုယ်ချစ်တဲ့သူဆီက Date လုပ်ဖို့ ငြင်းခံရတာလေ။ အဲ့ဒီအတွက်လည်း သူညတိုင်းပြန်ခံစားနေရတော့မယ်။ အိမ်ပြတင်းပေါက်ကို ခဲကျမှ မဟုတ်ပါဘူး Tyler ရယ်၊ မင်းနှလုံးသားဟာလည်း ခဲဆွဲထားသလို အမြဲ လေးလံနေတော့မှာပါ၊ မဟုတ်ဘူးလား။
Clay ကတော့ Making my own justice လို့ ဒီတစ်ခါ သတ္တိရှိရှိတုံ့ပြန်လိုက်ပြီလေ။ Go ahead Clay! နောက်တစ်ပိုင်းမှာ ငါ မင်းနဲ့ တူတူရှိမယ်။

ရိုးလူ

13 Reasons Why Part 3

13 Reasons Why Part 3

Butterfly Effect တဲ့၊ တကယ္လို႔ လိပ္ျပာတစ္ေကာင္က အခ်ိန္မွန္ ေနရာမွန္တစ္ခုမွာ အေတာင္ပံခတ္လိုက္ရင္ မုိင္ေထာင္ေပါင္းမ်ားစြာ အေဝးမွာ ဟာရီကိန္းေတြ တုိက္သြားႏုိင္တယ္တဲ့။
တကယ့္ဘဝမွာေရာ အဲဒီလိုလား။ သူစိမ္းတစ္ေယာက္ဟာ ကိုယ္တို႔ ႏွစ္ေယာက္ၾကားထဲ ဝင္ျပီး ဒီလို လြယ္လြယ္ေလးဖ်က္ဆီးသြားလိမ့္မယ္လို႔ ထင္ေတာင္ မထင္ခဲ့ဘူးမလား။
ထားပါ။ အရာရာတုိင္းမွာ ျဖစ္လာရတဲ့ အေၾကာင္းရင္းရွိတယ္ဆိုတာကို ဒီအပိုင္းမွာ ျမင္ႏုိင္တယ္။ Justin တစ္ေယာက္ ဘာလို႔ ဆိုးခ်င္ရလဲဆိုတဲ့ ေနာက္ကြယ္က အေၾကာင္းတရားကို ပါးပါးေလးလွစ္ဟျပတာ စိတ္ဝင္စားစရာေကာင္းတယ္။
လူဆုိးေတြလည္း ေကာင္းတဲ့ အရာေတြ ပိုင္ဆုိင္ခြင့္ရွိတယ္ဆိုတာ Justin က ျပသြားတယ္၊ သူ႔မွာ သူငယ္ခ်င္းေကာင္းတစ္ေယာက္နဲ႔ ဝမ္းနည္းအားငယ္တဲ့အခါ မွီတြယ္စရာ ပခံုးတစ္ဖက္ငွားမယ့္ ခ်စ္သူေကာင္းတစ္ေယာက္နဲ႔။
Alex Standall, The Cause of the Hurricane.. Gloomy Sunday ကိုမွ ေက်ာင္းပြဲမွာ တီးခ်င္တဲ့သူ၊ တကယ္ေတာ့ Alex အမွားလုပ္ခဲ့လား၊ မလုပ္ခဲ့ဘူးလား ငါလည္း မေသခ်ာဘူး။ Hannah က အေသးအဖြဲကအစ လိုက္ခံစားတတ္တာလည္း ျဖစ္ခ်င္ျဖစ္မွာေပ့ါ။ဒီအရြယ္မွာ Alex တင္မဟုတ္၊ ဘယ္သူမဆို Commitments ေတြ လုပ္ဖို႔ ခက္ခဲမွာပဲေလ။
Mrs.Baker (Olivia Baker ) ကေရာ ခုမွ ဘာကို သိခ်င္ေနခဲ့တာလဲ။ Courtney ကေရာ ..ဝမ္းနည္းျပတာပါပဲ.. ဒါေပမယ့္ အေမတစ္ေယာက္အေနနဲ႔ေတာ့ ကိုယ့္သမီး ဘာေတြ မုန္းမွန္းအလြယ္တကူ သိျပန္ေပ့ါ။
ႏွင္းဆီပန္းေတြကို Cliche’လို႔ ထင္တဲ့ Hannah ရယ္၊ ကုိယ္သေဘာက်ေနတဲ့ ေကာင္မေလးကို လၾကတ္တာတူတူၾကည့္ရေအာင္လို႔ Date တဲ့ ေၾကာင္ေတာင္ေတာင္ေကာင္ေလး Clay ရယ္.. ။Date တစ္ခုဟာ ဒီေလာက္အူေၾကာင္ေၾကာင္ႏုိင္မွန္း ေတြးမရခဲ့ဘူး၊ ရုိးရုိးေလးေတြးၾကည့္ရင္ေတာ့ ရိုးရိုးေလးပဲ ခ်စ္စရာေကာင္းပါတယ္ေပ့ါ။
အထက္တန္းေက်ာင္းေတြမွာ လိင္ပုိင္းဆုိင္ရာ စေနာက္တာေတြ ရွိတယ္၊ ပုတ္ခတ္တာေတြ ရွိတယ္၊ ဒါကို ငါတို႔ ၾကံဳခဲ့ရသလို Hannah လည္း အေသအခ်ာၾကံဳခဲ့ရတယ္။ ဒါဘာထူးျခားလဲ.. ထူးျခားသြားတာက ကိုယ့္သူငယ္ခ်င္းအရင္းျဖစ္တဲ့ သူက ဒါမ်ိဳးလုပ္တဲ့အခါမွာပဲ။
Hannah က တကယ့္ကို အမိုက္စားေကာင္မေလးပါပဲ၊တစ္ခုခုျဖစ္ရင္ ေျဖရွင္းလိုက္ရမွ ဆိုတာမ်ိဳးေလ၊ ေယာက်ာ္ေလးအဝတ္လဲခန္းထဲထိ ဝင္ျပီး ဝုန္းဒုိင္းၾကဲဖို႔လည္း ဝန္မေလးခဲ့ဘူး။ ဒီလိုမိန္းကေလးမ်ိဳးဟာ Tape ကို ဆက္နားေထာင္ရမွာေတာင္ ေၾကာက္တဲ့ Clay နဲ႔ (ကိုယ့္အျမင္) နည္းနည္းမွကို မလုိက္ဘူး။
Hannah ဟာ အစြမ္းရွိသေလာက္ေတာ့ ေတာင့္ခံခဲ့ပံုရပါတယ္။ ဒါေပမယ့္ Alex ရဲ့ ဘာမွ မဟုတ္တဲ့ စကားဟာ သူ႔ကို ပစ္မွတ္တစ္ခုျဖစ္ေစခဲ့တဲ့ အခါမွာေတာ့ ...
ဘဝဟာ အျမဲတမ္းေတာ့ စိတ္ဝင္စားဖို႔ ေကာင္းမေနပါဘူး၊ ဒီေတာ့ ဒီတစ္ပိုင္းဟာလည္း ဒီေလာက္စိတ္ဝင္စားဖို မေကာင္းတာ မထူးဆန္းဘူး၊ ေနာက္တစ္ပုိင္းဆက္ၾကည့္လုိက္ရေအာင္ ဒါေပမယ့္ Hannah ေျပာသလိုပဲ.. Be careful, don’t get caught!

ရိုးလူ

[Unicode]

13 Reasons Why Part 3

Butterfly Effect တဲ့၊ တကယ်လို့ လိပ်ပြာတစ်ကောင်က အချိန်မှန် နေရာမှန်တစ်ခုမှာ အတောင်ပံခတ်လိုက်ရင် မိုင်ထောင်ပေါင်းများစွာ အဝေးမှာ ဟာရီကိန်းတွေ တိုက်သွားနိုင်တယ်တဲ့။
တကယ့်ဘဝမှာရော အဲဒီလိုလား။ သူစိမ်းတစ်ယောက်ဟာ ကိုယ်တို့ နှစ်ယောက်ကြားထဲ ဝင်ပြီး ဒီလို လွယ်လွယ်လေးဖျက်ဆီးသွားလိမ့်မယ်လို့ ထင်တောင် မထင်ခဲ့ဘူးမလား။

ထားပါ။ အရာရာတိုင်းမှာ ဖြစ်လာရတဲ့ အကြောင်းရင်းရှိတယ်ဆိုတာကို ဒီအပိုင်းမှာ မြင်နိုင်တယ်။ Justin တစ်ယောက် ဘာလို့ ဆိုးချင်ရလဲဆိုတဲ့ နောက်ကွယ်က အကြောင်းတရားကို ပါးပါးလေးလှစ်ဟပြတာ စိတ်ဝင်စားစရာကောင်းတယ်။

လူဆိုးတွေလည်း ကောင်းတဲ့ အရာတွေ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာ Justin က ပြသွားတယ်၊ သူ့မှာ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ ဝမ်းနည်းအားငယ်တဲ့အခါ မှီတွယ်စရာ ပခုံးတစ်ဖက်ငှားမယ့် ချစ်သူကောင်းတစ်ယောက်နဲ့။

Alex Standall, The Cause of the Hurricane.. Gloomy Sunday ကိုမှ ကျောင်းပွဲမှာ တီးချင်တဲ့သူ၊ တကယ်တော့ Alex အမှားလုပ်ခဲ့လား၊ မလုပ်ခဲ့ဘူးလား ငါလည်း မသေချာဘူး။ Hannah က အသေးအဖွဲကအစ လိုက်ခံစားတတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေ့ါ။ဒီအရွယ်မှာ Alex တင်မဟုတ်၊ ဘယ်သူမဆို Commitments တွေ လုပ်ဖို့ ခက်ခဲမှာပဲလေ။

Mrs.Baker (Olivia Baker ) ကရော ခုမှ ဘာကို သိချင်နေခဲ့တာလဲ။ Courtney ကရော ..ဝမ်းနည်းပြတာပါပဲ.. ဒါပေမယ့် အမေတစ်ယောက်အနေနဲ့တော့ ကိုယ့်သမီး ဘာတွေ မုန်းမှန်းအလွယ်တကူ သိပြန်ပေ့ါ။

နှင်းဆီပန်းတွေကို Cliche’လို့ ထင်တဲ့ Hannah ရယ်၊ ကိုယ်သဘောကျနေတဲ့ ကောင်မလေးကို လကြတ်တာတူတူကြည့်ရအောင်လို့ Date တဲ့ ကြောင်တောင်တောင်ကောင်လေး Clay ရယ်.. ။Date တစ်ခုဟာ ဒီလောက်အူကြောင်ကြောင်နိုင်မှန်း တွေးမရခဲ့ဘူး၊ ရိုးရိုးလေးတွေးကြည့်ရင်တော့ ရိုးရိုးလေးပဲ ချစ်စရာကောင်းပါတယ်ပေ့ါ။

အထက်တန်းကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ စနောက်တာတွေ ရှိတယ်၊ ပုတ်ခတ်တာတွေ ရှိတယ်၊ ဒါကို ငါတို့ ကြုံခဲ့ရသလို Hannah လည်း အသေအချာကြုံခဲ့ရတယ်။ ဒါဘာထူးခြားလဲ.. ထူးခြားသွားတာက ကိုယ့်သူငယ်ချင်းအရင်းဖြစ်တဲ့ သူက ဒါမျိုးလုပ်တဲ့အခါမှာပဲ။

Hannah က တကယ့်ကို အမိုက်စားကောင်မလေးပါပဲ၊တစ်ခုခုဖြစ်ရင် ဖြေရှင်းလိုက်ရမှ ဆိုတာမျိုးလေ၊ ယောကျာ်လေးအဝတ်လဲခန်းထဲထိ ဝင်ပြီး ဝုန်းဒိုင်းကြဲဖို့လည်း ဝန်မလေးခဲ့ဘူး။ ဒီလိုမိန်းကလေးမျိုးဟာ Tape ကို ဆက်နားထောင်ရမှာတောင် ကြောက်တဲ့ Clay နဲ့ (ကိုယ့်အမြင်) နည်းနည်းမှကို မလိုက်ဘူး။

Hannah ဟာ အစွမ်းရှိသလောက်တော့ တောင့်ခံခဲ့ပုံရပါတယ်။ ဒါပေမယ့် Alex ရဲ့ ဘာမှ မဟုတ်တဲ့ စကားဟာ သူ့ကို ပစ်မှတ်တစ်ခုဖြစ်စေခဲ့တဲ့ အခါမှာတော့ ...

ဘဝဟာ အမြဲတမ်းတော့ စိတ်ဝင်စားဖို့ ကောင်းမနေပါဘူး၊ ဒီတော့ ဒီတစ်ပိုင်းဟာလည်း ဒီလောက်စိတ်ဝင်စားဖို မကောင်းတာ မထူးဆန်းဘူး၊ နောက်တစ်ပိုင်းဆက်ကြည့်လိုက်ရအောင် ဒါပေမယ့် Hannah ပြောသလိုပဲ.. Be careful, don’t get caught!

ရိုးလူ



13 Reasons Why Part 2

[Zawgyi]


13 Reasons Why Part 2

Welcome back တဲ့ Hannah က ႏႈတ္ဆက္တယ္။ ကမာၻေလာကၾကီးကေရာ ျပန္ႏႈတ္ဆက္ပါရဲ့လား။
ဒီေနရာမွာ Clay ေရာ ၊ ငါေရာ နားမလည္ႏုိင္တာက ေအးစက္မႈေတြ ၊ ဘာမွ မလုပ္ခဲ့တာေတြက အျပစ္ျဖစ္သြားသတဲ့လား။
သူငယ္ခ်င္းဆက္ဆံေရးဆိုတာ ရႈပ္ေထြးပါတယ္တဲ့ ၊ အမွန္ပဲ Clay ေရ ။ မင္းတုိ႔၊ Hannah တို႔ ၾကံဳခဲ့ရသလုိပဲ သူငယ္ခ်င္းဆက္ဆံေရးဟာ ထင္သေလာက္ မလြယ္ မေႏြးေထြးတာေတြ ရွိရဲ့။
Best friend .. သူငယ္ခ်င္းေကာင္းေတြလို႔ ယံုၾကည္ခဲ့ၾကတယ္၊ ေတြ႔ခဲ့ၾကတယ္။ စေတြ႔တည္းက အၾကိဳက္တူတာေတြ ရွိ၊ မတူတာေတြ ရွိ ၊ အသက္ေတြ ၾကီးတဲ့ထိ ခင္သြားဖို႔ ဒီလိုပဲ ညွိယူႏုိင္မယ္ ထင္ထားၾကတာပဲ၊ ဒါေပမယ့္ ဘဝက ဒီေလာက္မရိုးရွင္းဘူး Clay ရဲ့။
Hannah နဲ႔ Jessica တုိ႔ ဇာတ္လမ္းေရာ ဘယ္သူက တကယ္မ်ား မွားလို႔လဲ။ အထက္တန္းေက်ာင္းပံုျပင္ေတြထဲက ျဖစ္ေနက် တစ္ပုဒ္ပဲ။ Monet’s မွာ ေခ်ာကလက္ပူႏွစ္ခြက္နဲ႔ သူမ်ား မေကာင္းေၾကာင္း၊ ကုိယ္ေကာင္းေၾကာင္း ေျပာခ်င္ ေျပာမယ္၊ ေလာကၾကီးကုိ ဆဲပစ္မယ္။ ဒီထိ ရိုးရွင္းေသးတယ္။ ေနာက္ပုိင္း ခက္သြားတာက မိန္းမႏွစ္ေယာက္နဲ႔ ေယာက္က်ားတစ္ေယာက္ပါဝင္တဲ့ သူငယ္ခ်င္းမ်ား ဇာတ္လမ္းျဖစ္လာလို႔ပဲ၊ ေကာ္ဖီတစ္ခြက္အတြက္ ခံုေပၚမွာ ေနရာနည္းနည္းဖယ္ေပးရတာမ်ိဳးေပါ့။
လူေတြဟာ စိတ္ေျပာင္းလဲလြယ္ၾကတယ္၊ သူငယ္ခ်င္းသံေယာဇဥ္ကေန ခ်က္ခ်င္းအေရာင္ဆိုးသြားႏုိင္တယ္၊ စိတ္ထဲေတာ့ ကုိယ့္ထက္ သူမ်ားကို ပိုဦးစားေပးတာ လူတိုင္းက ဘယ္ၾကိဳက္ပါ့မလဲ Hannah ရယ္၊ ျဖစ္ရိုးျဖစ္စဥ္ေတြပါ။ ဒါေပမယ့္ မင္းက မ်ိဳသိပ္ႏုိင္ခဲ့ပါတယ္။ ရုပ္ရွင္ရုံမွာ Alex ကုိမွ ကြက္ျပီး လက္မွတ္ဖိုးေတာင္းတဲ့ ကေလးဆန္မႈေလးကလြဲလို႔ေပါ့။
ဒါေပမယ့္ ဒါေပမယ့္ေပါ့ေလ... အေပၚမွာ ေျပာခဲ့သလိုပဲ မင္းရဲ့ မ်ိဳသိပ္ႏုိင္မႈ၊ ေအးစက္မႈေတြအတြက္ ဘယ္သူ
အသိအမွတ္ျပဳလဲ။ အသိအမွတ္ျပဳမႈက ပါးေပၚက်လာတဲ့ လက္ဝါးတစ္ခ်က္လား ။ လူေတြက ကိုယ္မသိတာကို မသိေၾကာင္းေျပာတဲ့အခါ “Don’t act innocence” လို႔ ေျပာခံရတာက အခံရခက္ဆံုး၊ နားမလည္ႏုိင္ဆံုး စကားတစ္ခြန္းျဖစ္ေနမယ္ဆိုတာ Hannah .. မင္းအစား ငါနားလည္တယ္။
“You needed it to be my fault, so it was my fault” တဲ့၊ နားမလည္ျခင္းေတြကို လွလွပပအလံျဖဴျပလိုက္တဲ့ စကား။ ဆယ္ေက်ာ္သက္ဘဝမွာ သူငယ္ခ်င္းက ဘယ္ေလာက္အေရးၾကီးတယ္ဆိုတာ မင္းမသိဘူး Jessica ရယ္၊ ေက်လည္မယ္ဆို ေစလိုရာသာ လုပ္သြားပါေတာ့ ဆိုတာမ်ိဳး။
Clay ကေတာ့ စံတင္ရပါတယ္။ ေနွးတယ္၊ ေတြေဝတယ္၊ ကိုယ့္ဘဝကိုယ္ဆံုးျဖတ္သြားရဲတဲ့ Hannah ရဲ့ တိပ္ေခြကိုေတာင္ ဆက္နားမေထာင္ရဲေလာက္ေအာင္ ေသြးေၾကာင္တာမ်ိဳးလည္း ရွိရဲ့။
အမွန္တရားဆိုတာလည္း Clay တိပ္ေခြနားေထာင္သလိုေပါ့၊ တျဖည္းျဖည္းနဲ႔ ေနာက္က်မွ ေရာက္လာတာမ်ိဳး။ ဒါေၾကာင့္ပဲ Jessica က Justin ကို “If Hannah was lying, why are you here” လို႔ ေမးခဲ့တာေပ့ါ။
Hannah လိမ္ခဲ့သလား၊ အရာရာအားလံုး .. သူ႔မိဘေတြ အပါအဝင္ေပါ့၊ လြန္သြားျပီးမွ ကိုယ့္သမီးအေၾကာင္းကိုယ္နားမလည္ခဲ့တဲ့ ေနာင္တအျပည့္နဲ႔ မိဘေတြေလ။ ပဲ့ေၾကြခဲ့သမွ် တစ္စစီ ျပန္လိုက္ေကာက္ေနရေသာ သူေတြ။
ငါတို႔ေရာ အခ်ိန္လြန္ကာမွ ေနာင္တေတြနဲ႔ တစစီျပန္လိုက္ေကာက္ေနရတာမ်ိဳးရွိလား။ ရွိရင္ လက္ေထာင္ပါ၊ Part 3 ကို ၾကည့္ျပီး ဆက္လက္အသက္ရွဴက်ပ္ၾကတာေပါ့။

ရိုးလူ

[Unicode]

13 Reasons Why Part 2

Welcome back တဲ့ Hannah က နှုတ်ဆက်တယ်။ ကမ္ဘာလောကကြီးကရော ပြန်နှုတ်ဆက်ပါရဲ့လား။
ဒီနေရာမှာ Clay ရော ၊ ငါရော နားမလည်နိုင်တာက အေးစက်မှုတွေ ၊ ဘာမှ မလုပ်ခဲ့တာတွေက အပြစ်ဖြစ်သွားသတဲ့လား။
သူငယ်ချင်းဆက်ဆံရေးဆိုတာ ရှုပ်ထွေးပါတယ်တဲ့ ၊ အမှန်ပဲ Clay ရေ ။ မင်းတို့၊ Hannah တို့ ကြုံခဲ့ရသလိုပဲ သူငယ်ချင်းဆက်ဆံရေးဟာ ထင်သလောက် မလွယ် မနွေးထွေးတာတွေ ရှိရဲ့။
Best friend .. သူငယ်ချင်းကောင်းတွေလို့ ယုံကြည်ခဲ့ကြတယ်၊ တွေ့ခဲ့ကြတယ်။ စတွေ့တည်းက အကြိုက်တူတာတွေ ရှိ၊ မတူတာတွေ ရှိ ၊ အသက်တွေ ကြီးတဲ့ထိ ခင်သွားဖို့ ဒီလိုပဲ ညှိယူနိုင်မယ် ထင်ထားကြတာပဲ၊ ဒါပေမယ့် ဘဝက ဒီလောက်မရိုးရှင်းဘူး Clay ရဲ့။
Hannah နဲ့ Jessica တို့ ဇာတ်လမ်းရော ဘယ်သူက တကယ်များ မှားလို့လဲ။ အထက်တန်းကျောင်းပုံပြင်တွေထဲက ဖြစ်နေကျ တစ်ပုဒ်ပဲ။ Monet’s မှာ ချောကလက်ပူနှစ်ခွက်နဲ့ သူများ မကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း ပြောချင် ပြောမယ်၊ လောကကြီးကို ဆဲပစ်မယ်။ ဒီထိ ရိုးရှင်းသေးတယ်။ နောက်ပိုင်း ခက်သွားတာက မိန်းမနှစ်ယောက်နဲ့ ယောက်ကျားတစ်ယောက်ပါဝင်တဲ့ သူငယ်ချင်းများ ဇာတ်လမ်းဖြစ်လာလို့ပဲ၊ ကော်ဖီတစ်ခွက်အတွက် ခုံပေါ်မှာ နေရာနည်းနည်းဖယ်ပေးရတာမျိုးပေါ့။
လူတွေဟာ စိတ်ပြောင်းလဲလွယ်ကြတယ်၊ သူငယ်ချင်းသံယောဇဉ်ကနေ ချက်ချင်းအရောင်ဆိုးသွားနိုင်တယ်၊ စိတ်ထဲတော့ ကိုယ့်ထက် သူများကို ပိုဦးစားပေးတာ လူတိုင်းက ဘယ်ကြိုက်ပါ့မလဲ Hannah ရယ်၊ ဖြစ်ရိုးဖြစ်စဉ်တွေပါ။ ဒါပေမယ့် မင်းက မျိုသိပ်နိုင်ခဲ့ပါတယ်။ ရုပ်ရှင်ရုံမှာ Alex ကိုမှ ကွက်ပြီး လက်မှတ်ဖိုးတောင်းတဲ့ ကလေးဆန်မှုလေးကလွဲလို့ပေါ့။
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ... အပေါ်မှာ ပြောခဲ့သလိုပဲ မင်းရဲ့ မျိုသိပ်နိုင်မှု၊ အေးစက်မှုတွေအတွက် ဘယ်သူ 
အသိအမှတ်ပြုလဲ။ အသိအမှတ်ပြုမှုက ပါးပေါ်ကျလာတဲ့ လက်ဝါးတစ်ချက်လား ။ လူတွေက ကိုယ်မသိတာကို မသိကြောင်းပြောတဲ့အခါ “Don’t act innocence” လို့ ပြောခံရတာက အခံရခက်ဆုံး၊ နားမလည်နိုင်ဆုံး စကားတစ်ခွန်းဖြစ်နေမယ်ဆိုတာ Hannah .. မင်းအစား ငါနားလည်တယ်။
“You needed it to be my fault, so it was my fault” တဲ့၊ နားမလည်ခြင်းတွေကို လှလှပပအလံဖြူပြလိုက်တဲ့ စကား။ ဆယ်ကျော်သက်ဘဝမှာ သူငယ်ချင်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းမသိဘူး Jessica ရယ်၊ ကျေလည်မယ်ဆို စေလိုရာသာ လုပ်သွားပါတော့ ဆိုတာမျိုး။
Clay ကတော့ စံတင်ရပါတယ်။ နှေးတယ်၊ တွေဝေတယ်၊ ကိုယ့်ဘဝကိုယ်ဆုံးဖြတ်သွားရဲတဲ့ Hannah ရဲ့ တိပ်ခွေကိုတောင် ဆက်နားမထောင်ရဲလောက်အောင် သွေးကြောင်တာမျိုးလည်း ရှိရဲ့။
အမှန်တရားဆိုတာလည်း Clay တိပ်ခွေနားထောင်သလိုပေါ့၊ တဖြည်းဖြည်းနဲ့ နောက်ကျမှ ရောက်လာတာမျိုး။ ဒါကြောင့်ပဲ Jessica က Justin ကို “If Hannah was lying, why are you here” လို့ မေးခဲ့တာပေ့ါ။
Hannah လိမ်ခဲ့သလား၊ အရာရာအားလုံး .. သူ့မိဘတွေ အပါအဝင်ပေါ့၊ လွန်သွားပြီးမှ ကိုယ့်သမီးအကြောင်းကိုယ်နားမလည်ခဲ့တဲ့ နောင်တအပြည့်နဲ့ မိဘတွေလေ။ ပဲ့ကြွေခဲ့သမျှ တစ်စစီ ပြန်လိုက်ကောက်နေရသော သူတွေ။
ငါတို့ရော အချိန်လွန်ကာမှ နောင်တတွေနဲ့ တစစီပြန်လိုက်ကောက်နေရတာမျိုးရှိလား။ ရှိရင် လက်ထောင်ပါ၊ Part 3 ကို ကြည့်ပြီး ဆက်လက်အသက်ရှူကျပ်ကြတာပေါ့။

ရိုးလူ

13 Reasons Why Part 1

[Zawgyi]


13 Reasons Why Part 1

Hey, it’s Hannah. Hannah Baker
အေခြထဲမွာ ပထမဆံုး ေျခာက္ကပ္ကပ္ႏႈတ္ဆက္သံပဲ ၾကားတယ္၊ ဒါမွ မဟုတ္ အႏုိင္ပုိင္းသြားရလို႔ စိတ္ေပ့ါသြားတဲ့ အသံမ်ိဳးေပါ့။
Locker ထဲမွာ ေခတ္ေက်ာင္းသူတစ္ေယာက္နဲ႔ မလိုက္ ဘာမွ မထားခဲ့ဘူး၊ လူေတြရဲ့ စိတ္ထဲကိုေတာ့ တစ္ခုခုကို ထည့္ထားခဲ့ႏုိင္တယ္။ အဲ့ဒါ Hannah ပဲ။
Hannah ဟာ Popcorn ေပၚက ေထာပတ္ကိုပဲ ၾကိဳက္တဲ့သူမ်ိဳးလား၊ Clayရယ္.. Clay Jensen .. မငး္က အူေၾကာင္ေၾကာင္ရယ္..ဘာမွ သိမွာမဟုတ္ဘူး။
ဒီဆံပင္အေကာက္၊ ခပ္ျပည့္ျပည့္ေကာင္မေလးကို စိတ္ဝင္စားတာပဲ သိတယ္၊ ဘယ္လိုလိုက္ရမယ္မွန္းေတာင္ သိတာ မဟုတ္ဘူး။ ဘဝမွာ ဘယ္တိုက္ပြဲကိုမွ ေတာ္လွန္လိုစိတ္နဲ႔ တုိက္မလာခဲ့တဲ့ ေကာင္ကိုး။ဆံပင္ပံုပ်က္မွာကို မေၾကာက္ဘဲ Helmet ေဆာင္းျပီး Mama’s boy လုပ္မယ့္ ေကာင္ေလး။
Hannah ဟာ မင္းမွန္းတဲ့အထဲမွာ ခန္႔မွန္းနားလည္ရခက္တာ တစ္ခုပဲ မွန္တယ္။ Hannah ဟာ ေသြးဆူတယ္၊ စိတ္လႈပ္ရွားရတာ ၾကဳိက္တယ္၊ မင္းအက်ီ္အေပၚၾကယ္သီးကို ျဖဳတ္တဲ့ လက္ေခ်ာင္းေတြမွာတည္းက သူ႔တက္ၾကြမႈကို မင္းရွာေတြ႔ခဲ့ရမွာ။
မင္းက မင္းခံစားခ်က္ကို ၾကယ္သီးျပည့္တပ္ျပီး ဖံုးကြယ္ထားတဲ့ အခ်ိန္မွာ Justin Foley ကေတာ့ အေပၚပိုင္းဗလာနဲ႔ ရင္ဖြင့္ျပသြားခဲ့တာေပ့ါ။
Justin Foley ေလကြာ.. ခပ္မိုက္မိုက္၊ ခပ္ခ်ိဳခ်ိဳအျပံဳးနဲ႔ အားကစားသမား။ Hannah လိုပဲ ေသြးေႏြးသတၱဝါ၊ သိပ္ခ်စ္စရာေကာင္းတဲ့ ေကာင္ေလးေပါ့ ၊ Hannah အတြက္ ဥာဏ္ဆင္ျပီး ေရလာေျမာင္းေပးရေအာင္ ခပ္မိုက္မုိက္ဘဲေလး။
Hannah ဟာ ကုိယ္လုပ္ခ်င္ရာအတြက္ သတၱိရွိခဲ့ေၾကာင္း Justin နဲ႔ ေက်ာင္းကားေပၚက ကိစၥတည္းက မင္းသိခဲ့ရမွာ မင္းတားခဲ့ရမွာ Clay ရာ။
အိမ္က်ပ္တဲ့ ကေလးေတြက ပိုျပီး မုိက္ရူးရဲတတ္တယ္တဲ့၊ ေဝးေဝးမၾကည့္နဲ႔.. Hannah ကြာ။ သူသေဘာက်တဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ ပန္းျခံထဲမွာ နမ္းဖို႔ ၾကံစည္ျပီးသား၊ ဘယ္ေလာက္ ရဲရင့္လုိက္သလဲ။
သူ႔ရဲ့ ခပ္မိုက္မုိက္အေတြးစိတ္ကူးဟာ ဓာတ္ပံုတစ္ပံု အင္တာနက္ေပၚမျပန္႔ခင္အထိေပ့ါ။ မင္းကေရာ ဘယ္ေလာက္တံုးအမွာလဲ.. You really hurt my feeling လို႔ ေျပာခံရတဲ့ အထိလား။
ရိုးသားမႈဟာ ဆြဲေဆာင္မႈမရွိဘူးတဲ့လား၊ မင္းတစ္ခ်ိန္လံုး သင္ၾကားနားေထာင္လာရတဲ့ ေလာကနီတိလက္စြဲနဲ႔ေတာ့ ခပ္လြဲလြဲျဖစ္ေနတယ္ေပ့ါ Clay ရာ။ ဘဝက ခပ္ခက္ခက္ရယ္ပါ။

ရိုးလူ
[Unicode]

13 Reasons Why Part 1

Hey, it’s Hannah. Hannah Baker

အခွေထဲမှာ ပထမဆုံး ခြောက်ကပ်ကပ်နှုတ်ဆက်သံပဲ ကြားတယ်၊ ဒါမှ မဟုတ် အနိုင်ပိုင်းသွားရလို့ စိတ်ပေ့ါသွားတဲ့ အသံမျိုးပေါ့။
Locker ထဲမှာ ခေတ်ကျောင်းသူတစ်ယောက်နဲ့ မလိုက် ဘာမှ မထားခဲ့ဘူး၊ လူတွေရဲ့ စိတ်ထဲကိုတော့ တစ်ခုခုကို ထည့်ထားခဲ့နိုင်တယ်။ အဲ့ဒါ Hannah ပဲ။
Hannah ဟာ Popcorn ပေါ်က ထောပတ်ကိုပဲ ကြိုက်တဲ့သူမျိုးလား၊ Clayရယ်.. Clay Jensen .. မင်းက အူကြောင်ကြောင်ရယ်..ဘာမှ သိမှာမဟုတ်ဘူး။
ဒီဆံပင်အကောက်၊ ခပ်ပြည့်ပြည့်ကောင်မလေးကို စိတ်ဝင်စားတာပဲ သိတယ်၊ ဘယ်လိုလိုက်ရမယ်မှန်းတောင် သိတာ မဟုတ်ဘူး။ ဘဝမှာ ဘယ်တိုက်ပွဲကိုမှ တော်လှန်လိုစိတ်နဲ့ တိုက်မလာခဲ့တဲ့ ကောင်ကိုး။ဆံပင်ပုံပျက်မှာကို မကြောက်ဘဲ Helmet ဆောင်းပြီး Mama’s boy လုပ်မယ့် ကောင်လေး။

Hannah ဟာ မင်းမှန်းတဲ့အထဲမှာ ခန့်မှန်းနားလည်ရခက်တာ တစ်ခုပဲ မှန်တယ်။ Hannah ဟာ သွေးဆူတယ်၊ စိတ်လှုပ်ရှားရတာ ကြိုက်တယ်၊ မင်းအကျီ်အပေါ်ကြယ်သီးကို ဖြုတ်တဲ့ လက်ချောင်းတွေမှာတည်းက သူ့တက်ကြွမှုကို မင်းရှာတွေ့ခဲ့ရမှာ။

မင်းက မင်းခံစားချက်ကို ကြယ်သီးပြည့်တပ်ပြီး ဖုံးကွယ်ထားတဲ့ အချိန်မှာ Justin Foley ကတော့ အပေါ်ပိုင်းဗလာနဲ့ ရင်ဖွင့်ပြသွားခဲ့တာပေ့ါ။
Justin Foley လေကွာ.. ခပ်မိုက်မိုက်၊ ခပ်ချိုချိုအပြုံးနဲ့ အားကစားသမား။ Hannah လိုပဲ သွေးနွေးသတ္တဝါ၊ သိပ်ချစ်စရာကောင်းတဲ့ ကောင်လေးပေါ့ ၊ Hannah အတွက် ဉာဏ်ဆင်ပြီး ရေလာမြောင်းပေးရအောင် ခပ်မိုက်မိုက်ဘဲလေး။
Hannah ဟာ ကိုယ်လုပ်ချင်ရာအတွက် သတ္တိရှိခဲ့ကြောင်း Justin နဲ့ ကျောင်းကားပေါ်က ကိစ္စတည်းက မင်းသိခဲ့ရမှာ မင်းတားခဲ့ရမှာ Clay ရာ။
အိမ်ကျပ်တဲ့ ကလေးတွေက ပိုပြီး မိုက်ရူးရဲတတ်တယ်တဲ့၊ ဝေးဝေးမကြည့်နဲ့.. Hannah ကွာ။ သူသဘောကျတဲ့ ကောင်လေးတစ်ယောက်နဲ့ ပန်းခြံထဲမှာ နမ်းဖို့ ကြံစည်ပြီးသား၊ ဘယ်လောက် ရဲရင့်လိုက်သလဲ။
သူ့ရဲ့ ခပ်မိုက်မိုက်အတွေးစိတ်ကူးဟာ ဓာတ်ပုံတစ်ပုံ အင်တာနက်ပေါ်မပြန့်ခင်အထိပေ့ါ။ မင်းကရော ဘယ်လောက်တုံးအမှာလဲ.. You really hurt my feeling လို့ ပြောခံရတဲ့ အထိလား။
ရိုးသားမှုဟာ ဆွဲဆောင်မှုမရှိဘူးတဲ့လား၊ မင်းတစ်ချိန်လုံး သင်ကြားနားထောင်လာရတဲ့ လောကနီတိလက်စွဲနဲ့တော့ ခပ်လွဲလွဲဖြစ်နေတယ်ပေ့ါ Clay ရာ။ ဘဝက ခပ်ခက်ခက်ရယ်ပါ။

ရိုးလူ

Friday, October 27, 2017

Me before you (2016)

[Zawgyi]

Me before you (2016)

ေမပယ္လ္ရြက္ေလးတစ္ရြက္
ထိုင္ခံုေပၚ က်လာ။
မင္းေျခလွမ္းတိုင္း မင္းအနားမွာ ႐ွိေနမွာပါ၊ ေကာင္းေကာင္းမြန္မြန္သာ အသက္႐ွင္သြားပါ၊
ခ်စ္တဲ့ Will တဲ့။
မင္းမ်က္ႏွာေလး ၾကည့္ပါရေစဦးလို႔ ေျပာၿပီး ေနာက္ဆံုးအနမ္းေႁခြ။
အေဖ သမီး မွားၿပီလား မသိဘူးလို႔ Clark က ငိုတဲ့အခါ မင္းလူေတြကို ေျပာင္းလဲႏိုင္မွာ မဟုတ္ဘူးလို႔ အလယ္အလတ္တန္းလႊာလူတန္းစားမိသားစုက အေဖက ေခါင္းေလးကို ပုတ္ၿပီး ႏွစ္သိမ့္တယ္။
Mauritius ကြၽန္းမွာ တစ္ပြင့္ပန္းပန္ထားတဲ့ Clark ကို သူ႔ဆံုးျဖတ္ခ်က္မျပင္နိုင္ဘူးလို႔ Will က ေျပာတဲ့အခါ Clark ဟာ ေရထဲဆင္းေျပးသြား၊ ဘဝမွာ တစ္ခါမွ ေရမငုပ္ဘူးလို႔ပါတဲ့။ ႐ွင္တစ္ကိုယ္ေကာင္းသိပ္ဆန္တာပဲလို႔ Clark ကေျပာေတာ့ ဒုကၡဆိုတာ ကိုယ္တိုင္ၾကံဳဖူးမွ သိမွာပါဆိုတဲ့ အျပံဳးနဲ႔ ေခါင္းမာတဲ့ အၾကည့္နဲ႔ Louisa လို႔ Will ေအာ္ဟစ္ခဲ့။
သူမအစြမ္း႐ွိသေလာက္ ႀကိဳးစားခဲ့ပါတယ္၊ မုန္တိုင္းထန္ေနတဲ့ ည ပထမဦးဆံုး အနမ္းဟာ မင္းစိတ္ကို ေျပာင္းဖို႔ မစြမ္းႏိုင္ဘူးလား Will ရယ္။ ေသာင္ျပင္ေပၚက ဆားငန္ပြင့္ေလးေတြရဲ႕ ထုထည္ေလာက္ Clark ရဲ႕ ေမတၱာႀကီးမားခဲ့ပါတယ္။
ဒီလိုလုပ္ဖို႔ Patrick ကို နာက်င္ေစခဲ့ရတာေလ။ အို..အေျပးသမားႀကီး Patrick ...မင္းရဲ႕ ခုႏွစ္ႏွစ္ဆိုတဲ့ သံေယာဇဥ္ဟာ ငါးလသားအခ်စ္ကို မေက်ာ္ႏိုင္ခဲ့ဖူးတဲ့လား။ ဘဝမွာ ခ်စ္သူရဲ႕ အိမ္ကို ေျပးၿပီး လာတာေလာက္နဲ႔ မင္းေပးဖူးတဲ့ မင္းနာမည္နဲ႔ ဆြဲျပားဟာ သူ႔အတြက္ေတာ့ ပမႊားတဲ့လား။ ၾကင္သူကို အေျပးကြင္းထဲမွာ ဂ႐ုစိုက္တတ္႐ုံနဲ႔ေတာ့ ေနာ္ေဝးအရပ္ကို ခ်စ္သူနဲ႔ တူတူသြားဖို႔ မလံုေလာက္ဘူးတဲ့ေနာ္။ မင္း ငိုသင့္ပါတယ္ Patrick ေရ။
Will အေနနဲ႔ေရာ ခ်စ္သူေဟာင္းရဲ႕ မဂၤလာေဆာင္မွာ မ်က္ႏွာျပင္ေပၚက ေသြးေၾကာေလးေတြ ဆတ္ဆတ္္ခုန္တဲ့ထိ နာက်င္ေနတာပဲမလား။ ကိုယ့္အခ်စ္ဆံုး သူငယ္ခ်င္း Rupert နဲ႔ ကိုယ့္ရည္းစားေဟာင္း Alicia နဲ႔ေလ။ ေတာ္ေသးတာေပါ့၊ မင္းေဘးမွာ ခ်ည္ဂါဝန္အ႐ိုးစားေလးနဲ႔ နားလည္ေပးတတ္တဲ့ ငပိန္းမေလး Clark ႐ွိေနလို႔။ မိန္းကေလးေတြ မူးရင္ ခ်စ္စရာေကာင္းသြားလား။ ခ်စ္တဲ့ ေယာက္က်ားတစ္ေယာက္အတြက္ ဝွီးခ်ဲတစ္စင္းနဲ႔ ကမာၻပတ္ၾကမယ္တဲ့ေလ၊႐ိုးသားရဲရင့္တဲ့ Clark ရဲ႕ ေတြးပံု။
၆လအၾကာ၊ဆြစ္ဇာလန္နဲ႔ Committed Suicide ကြၽန္မဒါေတြ အားလံုး သိခဲ့ပါတယ္ Will ရယ္။ ကမာၻႀကီးဟာ ႐ွင္သန္ေနထိုင္ဖို႔ သင့္ေတာ္ပါတယ္။ ျမင္းပြဲသြားၾကမယ္ေလ၊ ႐ွင္မႀကိဳက္တဲ့ လူေ႐ွ႕သူေ႐ွ႕မွာ အစာစားရတာေလးေတာ့ သည္းခံ။ မိုးဇက္ဂီတပြဲ သြားနားေထာင္ၾကမယ္ေလ၊ အနီေရာင္ဂါဝန္နဲ႔ မိန္းမတစ္ေယာက္ရဲ႕ ဆြဲေဆာင္မႈရမၼက္မွာ ႐ွင္ ကားထဲမွာေတာင္ ၾကာၾကာထပ္ေနခ်င္သြားရဲ႕ မဟုတ္လား။
ကြၽန္မေမြးေန႔မွာ Will ..႐ွင္ေပးတဲ့ အသားကပ္ေျခအိတ္ အဝါနဲ႔ အနက္ၾကားက ကြၽန္မဘဝကို ျပဳစားခဲ့တာေပါ့တဲ့။ Will ရဲ႕ ရည္းစားေဟာင္းအေနနဲ႔လည္း ၂ ႏွစ္ၾကာမွ ေနာက္တစ္ေယာက္လက္ကို ခ်ိတ္ဆက္၊မဂၤလာပြဲတက္တာ ဘာအျပစ္ေျပာစရာ႐ွိလဲ။ Will ဟာ ခုထက္ထိ ရဲတိုက္ေတြ ၾကားမွာ ေဆာ့ကစားေနတတ္ေသးတဲ့ ေကာင္ငယ္ေလး သာသာပဲဟာ။
သူ႔ေမေမရဲ႕ ေမတၱာရိပ္ေအာက္မွာေပါ့။ သားေဇာနဲ႔ သင့္ေတာ္မယ့္၊စိတ္႐ွည္မယ့္ မိန္းကေလးတစ္ေယာက္႐ွာငွါးၿပီး ေျခာက္လအတြင္း ႐ုန္းကန္ေနရတဲ့ Will ရဲ႕ အေဖနဲ႔ အေမ။ Local ေကာ္ဖီဆိုင္က ေကာင္မေလးကို အူေၾကာင္ၾကားေလးမို႔ ငွါးခဲ့သလား။
၆:၁၅ ေက်ာ္တဲ့အထိ Will ဟာ Alicia နဲ႔ ခ်စ္ရည္လူးေနဦးမယ္ဆိုရင္၊ အဲဒီေန႔က မိုးမရြာဘူးဆိုရင္၊ ေငြကိစၥေတြျပည့္က်ပ္ေနတဲ့ ဆဲလ္ဖုန္းတစ္လံုး ထုတ္ေျပာမေနခဲ့ဘူးဆိုရင္ Will ရဲ႕ Spinal Cord ေပၚမွာ အခုလို ဇာတ္လမ္းတစ္ခုလံုး တည္ေနလို႔ ရမွာမဟုတ္ေတာ့။
အခုလိုခင္ဗ်ားအေခြကို အစထိ ျပန္ရစ္ၿပီး ၾကည့္မိတဲ့ အခ်ိန္မွာ ခင္ဗ်ားရသြားမွာ ႏွစ္ခုတည္းရယ္။ "Just live well"နဲ႔ "Loving can hurt...loving can heal......."


ရိုးလူ

[Unicode]


Me before you (2016)


မေပယ်လ်ရွက်လေးတစ်ရွက်
ထိုင်ခုံပေါ် ကျလာ။
မင်းခြေလှမ်းတိုင်း မင်းအနားမှာ ရှိနေမှာပါ၊ ကောင်းကောင်းမွန်မွန်သာ အသက်ရှင်သွားပါ၊
ချစ်တဲ့ Will တဲ့။
မင်းမျက်နှာလေး ကြည့်ပါရစေဦးလို့ ပြောပြီး နောက်ဆုံးအနမ်းခြွေ။
အဖေ သမီး မှားပြီလား မသိဘူးလို့ Clark က ငိုတဲ့အခါ မင်းလူတွေကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ အလယ်အလတ်တန်းလွှာလူတန်းစားမိသားစုက အဖေက ခေါင်းလေးကို ပုတ်ပြီး နှစ်သိမ့်တယ်။
Mauritius ကျွန်းမှာ တစ်ပွင့်ပန်းပန်ထားတဲ့ Clark ကို သူ့ဆုံးဖြတ်ချက်မပြင်နိုင်ဘူးလို့ Will က ပြောတဲ့အခါ Clark ဟာ ရေထဲဆင်းပြေးသွား၊ ဘဝမှာ တစ်ခါမှ ရေမငုပ်ဘူးလို့ပါတဲ့။ ရှင်တစ်ကိုယ်ကောင်းသိပ်ဆန်တာပဲလို့ Clark ကပြောတော့ ဒုက္ခဆိုတာ ကိုယ်တိုင်ကြုံဖူးမှ သိမှာပါဆိုတဲ့ အပြုံးနဲ့ ခေါင်းမာတဲ့ အကြည့်နဲ့ Louisa လို့ Will အော်ဟစ်ခဲ့။
သူမအစွမ်းရှိသလောက် ကြိုးစားခဲ့ပါတယ်၊ မုန်တိုင်းထန်နေတဲ့ ည ပထမဦးဆုံး အနမ်းဟာ မင်းစိတ်ကို ပြောင်းဖို့ မစွမ်းနိုင်ဘူးလား Will ရယ်။ သောင်ပြင်ပေါ်က ဆားငန်ပွင့်လေးတွေရဲ့ ထုထည်လောက် Clark ရဲ့ မေတ္တာကြီးမားခဲ့ပါတယ်။
ဒီလိုလုပ်ဖို့ Patrick ကို နာကျင်စေခဲ့ရတာလေ။ အို..အပြေးသမားကြီး Patrick ...မင်းရဲ့ ခုနှစ်နှစ်ဆိုတဲ့ သံယောဇဉ်ဟာ ငါးလသားအချစ်ကို မကျော်နိုင်ခဲ့ဖူးတဲ့လား။ ဘဝမှာ ချစ်သူရဲ့ အိမ်ကို ပြေးပြီး လာတာလောက်နဲ့ မင်းပေးဖူးတဲ့ မင်းနာမည်နဲ့ ဆွဲပြားဟာ သူ့အတွက်တော့ ပမွှားတဲ့လား။ ကြင်သူကို အပြေးကွင်းထဲမှာ ဂရုစိုက်တတ်ရုံနဲ့တော့ နော်ဝေးအရပ်ကို ချစ်သူနဲ့ တူတူသွားဖို့ မလုံလောက်ဘူးတဲ့နော်။ မင်း ငိုသင့်ပါတယ် Patrick ရေ။
Will အနေနဲ့ရော ချစ်သူဟောင်းရဲ့ မင်္ဂလာဆောင်မှာ မျက်နှာပြင်ပေါ်က သွေးကြောလေးတွေ ဆတ်ဆတ်ခုန်တဲ့ထိ နာကျင်နေတာပဲမလား။ ကိုယ့်အချစ်ဆုံး သူငယ်ချင်း Rupert နဲ့ ကိုယ့်ရည်းစားဟောင်း Alicia နဲ့လေ။ တော်သေးတာပေါ့၊ မင်းဘေးမှာ ချည်ဂါဝန်အရိုးစားလေးနဲ့ နားလည်ပေးတတ်တဲ့ ငပိန်းမလေး Clark ရှိနေလို့။ မိန်းကလေးတွေ မူးရင် ချစ်စရာကောင်းသွားလား။ ချစ်တဲ့ ယောက်ကျားတစ်ယောက်အတွက် ဝှီးချဲတစ်စင်းနဲ့ ကမ္ဘာပတ်ကြမယ်တဲ့လေ၊ရိုးသားရဲရင့်တဲ့ Clark ရဲ့ တွေးပုံ။
၆လအကြာ၊ဆွစ်ဇာလန်နဲ့ Committed Suicide ကျွန်မဒါတွေ အားလုံး သိခဲ့ပါတယ် Will ရယ်။ ကမ္ဘာကြီးဟာ ရှင်သန်နေထိုင်ဖို့ သင့်တော်ပါတယ်။ မြင်းပွဲသွားကြမယ်လေ၊ ရှင်မကြိုက်တဲ့ လူရှေ့သူရှေ့မှာ အစာစားရတာလေးတော့ သည်းခံ။ မိုးဇက်ဂီတပွဲ သွားနားထောင်ကြမယ်လေ၊ အနီရောင်ဂါဝန်နဲ့ မိန်းမတစ်ယောက်ရဲ့ ဆွဲဆောင်မှုရမ္မက်မှာ ရှင် ကားထဲမှာတောင် ကြာကြာထပ်နေချင်သွားရဲ့ မဟုတ်လား။
ကျွန်မမွေးနေ့မှာ Will ..ရှင်ပေးတဲ့ အသားကပ်ခြေအိတ် အဝါနဲ့ အနက်ကြားက ကျွန်မဘဝကို ပြုစားခဲ့တာပေါ့တဲ့။ Will ရဲ့ ရည်းစားဟောင်းအနေနဲ့လည်း ၂ နှစ်ကြာမှ နောက်တစ်ယောက်လက်ကို ချိတ်ဆက်၊မင်္ဂလာပွဲတက်တာ ဘာအပြစ်ပြောစရာရှိလဲ။ Will ဟာ ခုထက်ထိ ရဲတိုက်တွေ ကြားမှာ ဆော့ကစားနေတတ်သေးတဲ့ ကောင်ငယ်လေး သာသာပဲဟာ။
သူ့မေမေရဲ့ မေတ္တာရိပ်အောက်မှာပေါ့။ သားဇောနဲ့ သင့်တော်မယ့်၊စိတ်ရှည်မယ့် မိန်းကလေးတစ်ယောက်ရှာငှါးပြီး ခြောက်လအတွင်း ရုန်းကန်နေရတဲ့ Will ရဲ့ အဖေနဲ့ အမေ။ Local ကော်ဖီဆိုင်က ကောင်မလေးကို အူကြောင်ကြားလေးမို့ ငှါးခဲ့သလား။
၆:၁၅ ကျော်တဲ့အထိ Will ဟာ Alicia နဲ့ ချစ်ရည်လူးနေဦးမယ်ဆိုရင်၊ အဲဒီနေ့က မိုးမရွာဘူးဆိုရင်၊ ငွေကိစ္စတွေပြည့်ကျပ်နေတဲ့ ဆဲလ်ဖုန်းတစ်လုံး ထုတ်ပြောမနေခဲ့ဘူးဆိုရင် Will ရဲ့ Spinal Cord ပေါ်မှာ အခုလို ဇာတ်လမ်းတစ်ခုလုံး တည်နေလို့ ရမှာမဟုတ်တော့။
အခုလိုခင်ဗျားအခွေကို အစထိ ပြန်ရစ်ပြီး ကြည့်မိတဲ့ အချိန်မှာ ခင်ဗျားရသွားမှာ နှစ်ခုတည်းရယ်။ "Just live well"နဲ့ "Loving can hurt...loving can heal......."