Friday, October 27, 2017

Me before you (2016)

[Zawgyi]

Me before you (2016)

ေမပယ္လ္ရြက္ေလးတစ္ရြက္
ထိုင္ခံုေပၚ က်လာ။
မင္းေျခလွမ္းတိုင္း မင္းအနားမွာ ႐ွိေနမွာပါ၊ ေကာင္းေကာင္းမြန္မြန္သာ အသက္႐ွင္သြားပါ၊
ခ်စ္တဲ့ Will တဲ့။
မင္းမ်က္ႏွာေလး ၾကည့္ပါရေစဦးလို႔ ေျပာၿပီး ေနာက္ဆံုးအနမ္းေႁခြ။
အေဖ သမီး မွားၿပီလား မသိဘူးလို႔ Clark က ငိုတဲ့အခါ မင္းလူေတြကို ေျပာင္းလဲႏိုင္မွာ မဟုတ္ဘူးလို႔ အလယ္အလတ္တန္းလႊာလူတန္းစားမိသားစုက အေဖက ေခါင္းေလးကို ပုတ္ၿပီး ႏွစ္သိမ့္တယ္။
Mauritius ကြၽန္းမွာ တစ္ပြင့္ပန္းပန္ထားတဲ့ Clark ကို သူ႔ဆံုးျဖတ္ခ်က္မျပင္နိုင္ဘူးလို႔ Will က ေျပာတဲ့အခါ Clark ဟာ ေရထဲဆင္းေျပးသြား၊ ဘဝမွာ တစ္ခါမွ ေရမငုပ္ဘူးလို႔ပါတဲ့။ ႐ွင္တစ္ကိုယ္ေကာင္းသိပ္ဆန္တာပဲလို႔ Clark ကေျပာေတာ့ ဒုကၡဆိုတာ ကိုယ္တိုင္ၾကံဳဖူးမွ သိမွာပါဆိုတဲ့ အျပံဳးနဲ႔ ေခါင္းမာတဲ့ အၾကည့္နဲ႔ Louisa လို႔ Will ေအာ္ဟစ္ခဲ့။
သူမအစြမ္း႐ွိသေလာက္ ႀကိဳးစားခဲ့ပါတယ္၊ မုန္တိုင္းထန္ေနတဲ့ ည ပထမဦးဆံုး အနမ္းဟာ မင္းစိတ္ကို ေျပာင္းဖို႔ မစြမ္းႏိုင္ဘူးလား Will ရယ္။ ေသာင္ျပင္ေပၚက ဆားငန္ပြင့္ေလးေတြရဲ႕ ထုထည္ေလာက္ Clark ရဲ႕ ေမတၱာႀကီးမားခဲ့ပါတယ္။
ဒီလိုလုပ္ဖို႔ Patrick ကို နာက်င္ေစခဲ့ရတာေလ။ အို..အေျပးသမားႀကီး Patrick ...မင္းရဲ႕ ခုႏွစ္ႏွစ္ဆိုတဲ့ သံေယာဇဥ္ဟာ ငါးလသားအခ်စ္ကို မေက်ာ္ႏိုင္ခဲ့ဖူးတဲ့လား။ ဘဝမွာ ခ်စ္သူရဲ႕ အိမ္ကို ေျပးၿပီး လာတာေလာက္နဲ႔ မင္းေပးဖူးတဲ့ မင္းနာမည္နဲ႔ ဆြဲျပားဟာ သူ႔အတြက္ေတာ့ ပမႊားတဲ့လား။ ၾကင္သူကို အေျပးကြင္းထဲမွာ ဂ႐ုစိုက္တတ္႐ုံနဲ႔ေတာ့ ေနာ္ေဝးအရပ္ကို ခ်စ္သူနဲ႔ တူတူသြားဖို႔ မလံုေလာက္ဘူးတဲ့ေနာ္။ မင္း ငိုသင့္ပါတယ္ Patrick ေရ။
Will အေနနဲ႔ေရာ ခ်စ္သူေဟာင္းရဲ႕ မဂၤလာေဆာင္မွာ မ်က္ႏွာျပင္ေပၚက ေသြးေၾကာေလးေတြ ဆတ္ဆတ္္ခုန္တဲ့ထိ နာက်င္ေနတာပဲမလား။ ကိုယ့္အခ်စ္ဆံုး သူငယ္ခ်င္း Rupert နဲ႔ ကိုယ့္ရည္းစားေဟာင္း Alicia နဲ႔ေလ။ ေတာ္ေသးတာေပါ့၊ မင္းေဘးမွာ ခ်ည္ဂါဝန္အ႐ိုးစားေလးနဲ႔ နားလည္ေပးတတ္တဲ့ ငပိန္းမေလး Clark ႐ွိေနလို႔။ မိန္းကေလးေတြ မူးရင္ ခ်စ္စရာေကာင္းသြားလား။ ခ်စ္တဲ့ ေယာက္က်ားတစ္ေယာက္အတြက္ ဝွီးခ်ဲတစ္စင္းနဲ႔ ကမာၻပတ္ၾကမယ္တဲ့ေလ၊႐ိုးသားရဲရင့္တဲ့ Clark ရဲ႕ ေတြးပံု။
၆လအၾကာ၊ဆြစ္ဇာလန္နဲ႔ Committed Suicide ကြၽန္မဒါေတြ အားလံုး သိခဲ့ပါတယ္ Will ရယ္။ ကမာၻႀကီးဟာ ႐ွင္သန္ေနထိုင္ဖို႔ သင့္ေတာ္ပါတယ္။ ျမင္းပြဲသြားၾကမယ္ေလ၊ ႐ွင္မႀကိဳက္တဲ့ လူေ႐ွ႕သူေ႐ွ႕မွာ အစာစားရတာေလးေတာ့ သည္းခံ။ မိုးဇက္ဂီတပြဲ သြားနားေထာင္ၾကမယ္ေလ၊ အနီေရာင္ဂါဝန္နဲ႔ မိန္းမတစ္ေယာက္ရဲ႕ ဆြဲေဆာင္မႈရမၼက္မွာ ႐ွင္ ကားထဲမွာေတာင္ ၾကာၾကာထပ္ေနခ်င္သြားရဲ႕ မဟုတ္လား။
ကြၽန္မေမြးေန႔မွာ Will ..႐ွင္ေပးတဲ့ အသားကပ္ေျခအိတ္ အဝါနဲ႔ အနက္ၾကားက ကြၽန္မဘဝကို ျပဳစားခဲ့တာေပါ့တဲ့။ Will ရဲ႕ ရည္းစားေဟာင္းအေနနဲ႔လည္း ၂ ႏွစ္ၾကာမွ ေနာက္တစ္ေယာက္လက္ကို ခ်ိတ္ဆက္၊မဂၤလာပြဲတက္တာ ဘာအျပစ္ေျပာစရာ႐ွိလဲ။ Will ဟာ ခုထက္ထိ ရဲတိုက္ေတြ ၾကားမွာ ေဆာ့ကစားေနတတ္ေသးတဲ့ ေကာင္ငယ္ေလး သာသာပဲဟာ။
သူ႔ေမေမရဲ႕ ေမတၱာရိပ္ေအာက္မွာေပါ့။ သားေဇာနဲ႔ သင့္ေတာ္မယ့္၊စိတ္႐ွည္မယ့္ မိန္းကေလးတစ္ေယာက္႐ွာငွါးၿပီး ေျခာက္လအတြင္း ႐ုန္းကန္ေနရတဲ့ Will ရဲ႕ အေဖနဲ႔ အေမ။ Local ေကာ္ဖီဆိုင္က ေကာင္မေလးကို အူေၾကာင္ၾကားေလးမို႔ ငွါးခဲ့သလား။
၆:၁၅ ေက်ာ္တဲ့အထိ Will ဟာ Alicia နဲ႔ ခ်စ္ရည္လူးေနဦးမယ္ဆိုရင္၊ အဲဒီေန႔က မိုးမရြာဘူးဆိုရင္၊ ေငြကိစၥေတြျပည့္က်ပ္ေနတဲ့ ဆဲလ္ဖုန္းတစ္လံုး ထုတ္ေျပာမေနခဲ့ဘူးဆိုရင္ Will ရဲ႕ Spinal Cord ေပၚမွာ အခုလို ဇာတ္လမ္းတစ္ခုလံုး တည္ေနလို႔ ရမွာမဟုတ္ေတာ့။
အခုလိုခင္ဗ်ားအေခြကို အစထိ ျပန္ရစ္ၿပီး ၾကည့္မိတဲ့ အခ်ိန္မွာ ခင္ဗ်ားရသြားမွာ ႏွစ္ခုတည္းရယ္။ "Just live well"နဲ႔ "Loving can hurt...loving can heal......."


ရိုးလူ

[Unicode]


Me before you (2016)


မေပယ်လ်ရွက်လေးတစ်ရွက်
ထိုင်ခုံပေါ် ကျလာ။
မင်းခြေလှမ်းတိုင်း မင်းအနားမှာ ရှိနေမှာပါ၊ ကောင်းကောင်းမွန်မွန်သာ အသက်ရှင်သွားပါ၊
ချစ်တဲ့ Will တဲ့။
မင်းမျက်နှာလေး ကြည့်ပါရစေဦးလို့ ပြောပြီး နောက်ဆုံးအနမ်းခြွေ။
အဖေ သမီး မှားပြီလား မသိဘူးလို့ Clark က ငိုတဲ့အခါ မင်းလူတွေကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ အလယ်အလတ်တန်းလွှာလူတန်းစားမိသားစုက အဖေက ခေါင်းလေးကို ပုတ်ပြီး နှစ်သိမ့်တယ်။
Mauritius ကျွန်းမှာ တစ်ပွင့်ပန်းပန်ထားတဲ့ Clark ကို သူ့ဆုံးဖြတ်ချက်မပြင်နိုင်ဘူးလို့ Will က ပြောတဲ့အခါ Clark ဟာ ရေထဲဆင်းပြေးသွား၊ ဘဝမှာ တစ်ခါမှ ရေမငုပ်ဘူးလို့ပါတဲ့။ ရှင်တစ်ကိုယ်ကောင်းသိပ်ဆန်တာပဲလို့ Clark ကပြောတော့ ဒုက္ခဆိုတာ ကိုယ်တိုင်ကြုံဖူးမှ သိမှာပါဆိုတဲ့ အပြုံးနဲ့ ခေါင်းမာတဲ့ အကြည့်နဲ့ Louisa လို့ Will အော်ဟစ်ခဲ့။
သူမအစွမ်းရှိသလောက် ကြိုးစားခဲ့ပါတယ်၊ မုန်တိုင်းထန်နေတဲ့ ည ပထမဦးဆုံး အနမ်းဟာ မင်းစိတ်ကို ပြောင်းဖို့ မစွမ်းနိုင်ဘူးလား Will ရယ်။ သောင်ပြင်ပေါ်က ဆားငန်ပွင့်လေးတွေရဲ့ ထုထည်လောက် Clark ရဲ့ မေတ္တာကြီးမားခဲ့ပါတယ်။
ဒီလိုလုပ်ဖို့ Patrick ကို နာကျင်စေခဲ့ရတာလေ။ အို..အပြေးသမားကြီး Patrick ...မင်းရဲ့ ခုနှစ်နှစ်ဆိုတဲ့ သံယောဇဉ်ဟာ ငါးလသားအချစ်ကို မကျော်နိုင်ခဲ့ဖူးတဲ့လား။ ဘဝမှာ ချစ်သူရဲ့ အိမ်ကို ပြေးပြီး လာတာလောက်နဲ့ မင်းပေးဖူးတဲ့ မင်းနာမည်နဲ့ ဆွဲပြားဟာ သူ့အတွက်တော့ ပမွှားတဲ့လား။ ကြင်သူကို အပြေးကွင်းထဲမှာ ဂရုစိုက်တတ်ရုံနဲ့တော့ နော်ဝေးအရပ်ကို ချစ်သူနဲ့ တူတူသွားဖို့ မလုံလောက်ဘူးတဲ့နော်။ မင်း ငိုသင့်ပါတယ် Patrick ရေ။
Will အနေနဲ့ရော ချစ်သူဟောင်းရဲ့ မင်္ဂလာဆောင်မှာ မျက်နှာပြင်ပေါ်က သွေးကြောလေးတွေ ဆတ်ဆတ်ခုန်တဲ့ထိ နာကျင်နေတာပဲမလား။ ကိုယ့်အချစ်ဆုံး သူငယ်ချင်း Rupert နဲ့ ကိုယ့်ရည်းစားဟောင်း Alicia နဲ့လေ။ တော်သေးတာပေါ့၊ မင်းဘေးမှာ ချည်ဂါဝန်အရိုးစားလေးနဲ့ နားလည်ပေးတတ်တဲ့ ငပိန်းမလေး Clark ရှိနေလို့။ မိန်းကလေးတွေ မူးရင် ချစ်စရာကောင်းသွားလား။ ချစ်တဲ့ ယောက်ကျားတစ်ယောက်အတွက် ဝှီးချဲတစ်စင်းနဲ့ ကမ္ဘာပတ်ကြမယ်တဲ့လေ၊ရိုးသားရဲရင့်တဲ့ Clark ရဲ့ တွေးပုံ။
၆လအကြာ၊ဆွစ်ဇာလန်နဲ့ Committed Suicide ကျွန်မဒါတွေ အားလုံး သိခဲ့ပါတယ် Will ရယ်။ ကမ္ဘာကြီးဟာ ရှင်သန်နေထိုင်ဖို့ သင့်တော်ပါတယ်။ မြင်းပွဲသွားကြမယ်လေ၊ ရှင်မကြိုက်တဲ့ လူရှေ့သူရှေ့မှာ အစာစားရတာလေးတော့ သည်းခံ။ မိုးဇက်ဂီတပွဲ သွားနားထောင်ကြမယ်လေ၊ အနီရောင်ဂါဝန်နဲ့ မိန်းမတစ်ယောက်ရဲ့ ဆွဲဆောင်မှုရမ္မက်မှာ ရှင် ကားထဲမှာတောင် ကြာကြာထပ်နေချင်သွားရဲ့ မဟုတ်လား။
ကျွန်မမွေးနေ့မှာ Will ..ရှင်ပေးတဲ့ အသားကပ်ခြေအိတ် အဝါနဲ့ အနက်ကြားက ကျွန်မဘဝကို ပြုစားခဲ့တာပေါ့တဲ့။ Will ရဲ့ ရည်းစားဟောင်းအနေနဲ့လည်း ၂ နှစ်ကြာမှ နောက်တစ်ယောက်လက်ကို ချိတ်ဆက်၊မင်္ဂလာပွဲတက်တာ ဘာအပြစ်ပြောစရာရှိလဲ။ Will ဟာ ခုထက်ထိ ရဲတိုက်တွေ ကြားမှာ ဆော့ကစားနေတတ်သေးတဲ့ ကောင်ငယ်လေး သာသာပဲဟာ။
သူ့မေမေရဲ့ မေတ္တာရိပ်အောက်မှာပေါ့။ သားဇောနဲ့ သင့်တော်မယ့်၊စိတ်ရှည်မယ့် မိန်းကလေးတစ်ယောက်ရှာငှါးပြီး ခြောက်လအတွင်း ရုန်းကန်နေရတဲ့ Will ရဲ့ အဖေနဲ့ အမေ။ Local ကော်ဖီဆိုင်က ကောင်မလေးကို အူကြောင်ကြားလေးမို့ ငှါးခဲ့သလား။
၆:၁၅ ကျော်တဲ့အထိ Will ဟာ Alicia နဲ့ ချစ်ရည်လူးနေဦးမယ်ဆိုရင်၊ အဲဒီနေ့က မိုးမရွာဘူးဆိုရင်၊ ငွေကိစ္စတွေပြည့်ကျပ်နေတဲ့ ဆဲလ်ဖုန်းတစ်လုံး ထုတ်ပြောမနေခဲ့ဘူးဆိုရင် Will ရဲ့ Spinal Cord ပေါ်မှာ အခုလို ဇာတ်လမ်းတစ်ခုလုံး တည်နေလို့ ရမှာမဟုတ်တော့။
အခုလိုခင်ဗျားအခွေကို အစထိ ပြန်ရစ်ပြီး ကြည့်မိတဲ့ အချိန်မှာ ခင်ဗျားရသွားမှာ နှစ်ခုတည်းရယ်။ "Just live well"နဲ့ "Loving can hurt...loving can heal......."


သစၥာ

[Zawgyi]

သစၥာ

မင္းမွာ မ႐ွိတဲ့ တရားကို
သူမ်ားဆီက ေတာင္းဆိုတဲ့အခါ ကိုယ့္ကို သတိရပါ။
႐ိုးလူ

[Unicode]

သစ္စာ

မင်းမှာ မရှိတဲ့ တရားကို
သူများဆီက တောင်းဆိုတဲ့အခါ ကိုယ့်ကို သတိရပါ။

ရိုးလူ

မိုးပ်ံပူေပါင္း (၃)

[Zawgyi]


မိုးပ်ံပူေပါင္း (၃)

ေပ်ာ္ရႊင္မႈဟာ မိုးပ်ံပူေပါင္းေတြလိုပဲ 
တေဖာက္ေဖာက္နဲ႔ လြင့္ပ်ံ၊
ၿပီးမွ တေဖာက္ေဖာက္ ျပန္ကြဲ။

ရိုးလူ

[Unicode]


မိုးပျံပူပေါင်း (၃)


ပျော်ရွှင်မှုဟာ မိုးပျံပူပေါင်းတွေလိုပဲ 
တဖောက်ဖောက်နဲ့ လွင့်ပျံ၊
ပြီးမှ တဖောက်ဖောက် ပြန်ကွဲ။


ရိုးလူ

မိုးပ်ံပူေပါင္း (၂)

[Zawgyi]

မိုးပ်ံပူေပါင္း (၂)


ၾကာရင္ ငါလြတ္သြားေတာ့မလား။
မိုးပ်ံပူေပါင္းတစ္လံုးလို အတင္းလူးလြန္႔႐ုန္းကန္ေနတာ..
နင္လည္း မ႐ွိ၊ငါလည္း မ႐ွိ၊
ဘယ္သူမွ မ႐ွိမယ့္ အရပ္ဆီ။
ရုိးလူ

[Unicode]

မိုးပျံပူပေါင်း (၂)


ကြာရင် ငါလွတ်သွားတော့မလား။ 
မိုးပျံပူပေါင်းတစ်လုံးလို အတင်းလူးလွန့်ရုန်းကန်နေတာ..
နင်လည်း မရှိ၊ငါလည်း မရှိ၊
ဘယ်သူမှ မရှိမယ့် အရပ်ဆီ။
ရိုးလူ

မိုးပ်ံပူေပါင္း (၁)

[Zawgyi]

မိုးပ်ံပူေပါင္း (၁)

အခ်စ္က ကမာၻေျမဆြဲအားဆုိ
ငါက မိုးပ်ံပူေပါင္းေလးပဲ။
ျပန္က်ကာမွ က်ေရာ
ခဏေတာ့ လြန္႔လူးလြတ္လပ္ခ်င္တယ္။
ေဝးရာေျပးခ်င္တယ္။

ရိုးလူ

[Unicode]

မိုးပျံပူပေါင်း (၁)

အချစ်က ကမ္ဘာမြေဆွဲအားဆို
ငါက မိုးပျံပူပေါင်းလေးပဲ။
ပြန်ကျကာမှ ကျရော
ခဏတော့ လွန့်လူးလွတ်လပ်ချင်တယ်။
ဝေးရာပြေးချင်တယ်။


ရိုးလူ

ဘယ္ေလာက္ ေအးစက္ေနမယ္လို႔ ထင္လဲ

[Zawgyi]

ဘယ္ေလာက္ ေအးစက္ေနမယ္လို႔ ထင္လဲ


ဘာမွ မလုပ္ခ်င္ေတာ့သလို
ကိုယ့္ကိုယ္ကို ေခ်ာင္ေလးတစ္ေခ်ာင္ထဲမွာ ေခြေခါက္သိမ္းဆည္းထား။
ေခ်ာင္ထဲက မ်က္လံုးေလးတစ္စံုနဲ႔။
အဂၤေတြေတြ အဖတ္လိုက္ အဖတ္လိုက္ ကြာက်ေနတဲ့ နံရံႀကီးကို ဂစ္တာတီးၿပီး သီခ်င္းဆိုျပေနရတာ...
ဘယ္ေလာက္ ေအးစက္ေနမယ္လို႔ ထင္လဲ။
႐ိုးလူ

[Unicode]

ဘယ်လောက် အေးစက်နေမယ်လို့ ထင်လဲ

ဘာမှ မလုပ်ချင်တော့သလို
ကိုယ့်ကိုယ်ကို ချောင်လေးတစ်ချောင်ထဲမှာ ခွေခေါက်သိမ်းဆည်းထား။
ချောင်ထဲက မျက်လုံးလေးတစ်စုံနဲ့။
အင်္ဂတွေတွေ အဖတ်လိုက် အဖတ်လိုက် ကွာကျနေတဲ့ နံရံကြီးကို ဂစ်တာတီးပြီး သီချင်းဆိုပြနေရတာ...
ဘယ်လောက် အေးစက်နေမယ်လို့ ထင်လဲ။
ရိုးလူ

Paradox 2

Paradox 2 

ဒီမွာဘက္မွာ Pre wedding photo ေတြၾကည့္ၿပီး ၾကည္ႏူးတုန္း
ဟိုမွာဘက္မွာ ကားမီးေလာင္လို႔တဲ့၊စက္နဲ႔ မေတာ္တဆညပ္မိလို႔တဲ့၊ေသျခင္းဆိုးမႈေတြနဲ႔။
ဟိုဘက္က လူဆီက ဒူးတုပ္ၿပီး ေမတၱာတစ္ေပါက္ ေအာက္က်ေနာက္က်ေတာင္းေနခ်ိန္မွာ
ဒီဘက္က လူရဲ႕ ဂ႐ုစိုက္မႈ၊အၾကင္နာတရားကို ေျခသုတ္ဝတ္လို သုတ္လား သုတ္မိေနရဲ႕။
ပရဟိတသတင္းေတြၾကားလို႔ ေသြးေၾကာထဲက အားေပးဂုဏ္ယူတုန္း
ဘတ္စ္ကားမွတ္တိုင္မွာ အ႐ူးမတစ္ေယာက္ ကိုယ္ဝန္ႀကီးနဲ႔ အိပ္ေနတာ ျမင္ရေတာ့ ဒီအရပ္မွာ ေနရတာပဲ ေအာ္ဂလီဆန္လာခဲ့။
သိပ္ေတာ္တဲ့ လူကေလးျဖစ္ခ်င္လို႔ သိပ္ေပ်ာ္တဲ့ ဘဝကို လႊတ္ခ်ခဲ့ရ။
နံရံေပၚက သူမပံုကို ဓားနဲ႔ေပါက္ေနမိၿပီး ၊
ေပါက္သြားတဲ့ စကၠဴေတြျပန္ၾကည့္ တဖြဖြပြတ္သပ္ၿပီး စိတ္မေကာင္းႀကီးစြာနဲ႔ မ်က္ရည္က်လို႔ က်ရရဲ႕။
"လူေလး မင္းဟာ အ႐ူးေလးပဲ"လို႔ ဖြားဖြားဒီတစ္ခါေျပာရင္ ကြၽန္ေတာ္ျငင္းမိမွာ မဟုတ္ေတာ့။ ေသာက္တလြဲေတြမ်ားတဲ့၊ အတြင္း အျပင္လြန္ဆြဲအားၿပိဳင္မႈေတြမ်ားတဲ့ ဒီကမာၻမွာ ကြၽန္ေတာ္တို႔မွ မ႐ူးရင္ ဘယ္သူမွ ႐ူးမွာ မဟုတ္ေတာ့။
႐ိုးလူ