Saturday, November 4, 2017

မန္းေလးမုန္႔တီ (ရန္ကုန္အေခၚ နန္းၾကီးသုပ္) ေကာင္းေကာင္းစားခ်င္ရင္




မန္းေလးမုန္႔တီ (ရန္ကုန္အေခၚ နန္းၾကီးသုပ္) ေကာင္းေကာင္းစားခ်င္ရင္

တစ္ရက္ေပ့ါေလ၊ အျမဲ အိပ္ရာထေနာက္က်တတ္တဲ့ ရိုးလူေလးဟာ ေစာေစာႏုိးထတဲ့အခုိက္ သူငယ္ခ်င္းတစ္ေယာက္ကလည္း ဖုန္းဆက္တာနဲ႔ ရွားေတာင့္ရွားပါး မနက္စာကို အျပင္ထြက္စားဖို႔ ျဖစ္လာေရာ။
ဘာစားမလဲ ျငင္းခံုရင္း လတ္တေလာ ကၽြန္ေတာ္စားခ်င္ေနတဲ့ မႏၱေလးမုန္႔တီကိုပဲ အလွည့္ေပးလိုက္ျပီး ဆုိင္ေရြးေတာ့ နွစ္ေယာက္လံုးနဲ႔ နီးနီးနားနား အလံုဘက္က ေရႊနန္းေတာ္ မုန္႔တီဆုိင္ပဲ သြားမယ္ေပ့ါ။

ေရႊနန္းေတာ္ဆိုင္ဟာ အမွတ္ ၁၆၂၊ပထမသီရိရိပ္သာနား၊ ေအာက္ၾကည့္ၿမင္တိုင္လမး္မၾကီးေပၚမွာ ရွိတာပါ။ အလံု ၊သစ္ေတာလမ္းနဲ႔ နီးပါတယ္။

ဆုိင္ေလးကေတာ့ ေျမညီထပ္တုိက္ခန္းႏွစ္ခန္းကို ယူျပီး ဖြင့္ထားတဲ့ အိမ္ဆုိင္သေဘာမ်ိုဳးပါပဲ။ ရတာကေတာ့ ျမီးရွည္၊ မုန္႔တီ၊ နန္းျပားသုတ္၊ ၾကာဇံခ်က္၊
ငါးဖယ္လံုးဟင္းရည္နဲ႔ တို႔ဟူးေၾကာ္စတာေတြ ရပါတယ္။

ကိုယ္ေတြက အဲဒီေန႔က ဘာျဖစ္လို႔လဲ မသိ၊ မုန္႔တီပဲ မွာမိတယ္၊ ကၽြန္ေတာ္ကေတာ့ နန္းလတ္နဲ႔ ၊ သူငယ္ခ်င္းကေတာ့ နန္းၾကီးအဖတ္နဲ႔ပဲ မွာတယ္၊ ျပီးေတာ့ ဆိုင္ရဲ့နာမည္ၾကီးတယ္ဆိုတဲ့ ငါးဖယ္လံုးဟင္းခ်ိဳမွာတယ္။ လူမ်ားေနေပမယ့္ မွာတဲ့ခ်ိန္နဲ႔ ေရာက္လာတဲ့အခ်ိန္ မကြာဘူး၊ သိပ္မၾကာဘူးလို႔ ေျပာလို႔ ရတယ္။ ဗိုက္ဆာတဲ့သူေတြအတြက္ ကိုက္တာေပါ့။

ေစ်းေတြကလည္း မဆိုးဘူး၊ တစ္ပြဲကို ၁၂၀၀ေလာက္ပဲရွိတယ္။ တစ္ခုေတာ့ ရွိတယ္၊ လာခ်ေတာ့ တစ္ပြဲစာျပင္ထားတာ နည္းတယ္။ အစားၾကီးတဲ့သူေတြဆို မဝေလာက္ဘူး၊ ကၽြန္ေတာ္ေတာင္ မဝဘူး ။ :D

အရသာကေတာ့ မုန္႔သားအိတယ္၊ သုပ္ထားတာ ပံုမွန္ထက္ ေကာင္းတယ္လို႔ ေျပာလို႔ ရမယ္၊ ရန္ကုန္ဆိုင္ေတြထက္ ေကာင္းတယ္ေပ့ါ၊ ကၽြန္ေတာ္ေတာ့ အရမ္းအၾကိဳက္ၾကီးမဟုတ္ဘူး။ ဘာလို႔လဲဆိေုတာ့ မန္းမုန္႔တီသာစားခ်င္တာ ပဲမႈန္႔မၾကိဳက္၊ ဆီမၾကိဳက္တဲ့ ကၽြန္ေတာ္တို႔အတြက္ ေရႊနန္းေတာ္က ဆီမ်ားသလို ျဖစ္ေနလို႔။ ငါးဖယ္လံုးဟင္းခ်ိဳကေတာ့ သိပ္ျပီး ေသာက္ေကာင္းတယ္၊ ခ်ိဳခ်ိဳေလးေလးနဲ႔ ငါးဖယ္လံုးက အိျပီး စားေကာငး္တယ္။ တို႔ဟူးေၾကာ္လာခ်ေပးတယ္၊ မန္က်ည္းခ်ဥ္ေလးနဲ႔။

သန္႔ရွင္းမႈကေတာ့ ေရွ႕က လူစားျပီးတာကို အလ်င္အျမန္မသိမ္းႏုိင္တာမ်ိုးေတာ့ ရွိတယ္။ ခံုက စုစုေပါင္း ၁၀ ခံုေလာက္ရွိေတာ့ လူမ်ားလည္း အဆင္ေျပသလို ထုိင္လို႔ ရတယ္။ ေနာက္ဆံုးအေနနဲ႔ ေျပာရရင္ေတာ့ ရန္ကုန္စတိုင္နန္းၾကီးသုပ္ေတြ မစားခ်င္ေတာ့ဘူးဆိုရင္ေတာ့ ေရႊနန္းေတာ္ကိုသာ ေရြးေပ့ါ။ Rating အေနနဲ႔ဆိုရင္ေတာ့

ေရႊနန္းေတာ္
==
Taste ***
Price ****
Service ***
Hygiene ***
Place ***

ဓာတ္ပံုေတြ မေကာင္းတာေတာ့ ခြင့္လႊတ္ဗ်ာ။ ေနာက္က် ပိုေကာင္းေအာင္
ရုိက္ခဲ့မယ္၊ ခု ကၽြန္ေတာ္က ဒီတုိင္း ေရးခ်င္စိတ္ေပၚလာလို႔ ေရးတာမလို႔။ 😅😅

ရိုးလူ

[Unicode]

မန်းလေးမုန့်တီ (ရန်ကုန်အခေါ် နန်းကြီးသုပ်) ကောင်းကောင်းစားချင်ရင်

တစ်ရက်ပေ့ါလေ၊ အမြဲ အိပ်ရာထနောက်ကျတတ်တဲ့ ရိုးလူလေးဟာ စောစောနိုးထတဲ့အခိုက် သူငယ်ချင်းတစ်ယောက်ကလည်း ဖုန်းဆက်တာနဲ့ ရှားတောင့်ရှားပါး မနက်စာကို အပြင်ထွက်စားဖို့ ဖြစ်လာရော။
ဘာစားမလဲ ငြင်းခုံရင်း လတ်တလော ကျွန်တော်စားချင်နေတဲ့ မန္တလေးမုန့်တီကိုပဲ အလှည့်ပေးလိုက်ပြီး ဆိုင်ရွေးတော့ နှစ်ယောက်လုံးနဲ့ နီးနီးနားနား အလုံဘက်က ရွှေနန်းတော် မုန့်တီဆိုင်ပဲ သွားမယ်ပေ့ါ။

ရွှေနန်းတော်ဆိုင်ဟာ အမှတ် ၁၆၂၊ပထမသီရိရိပ်သာနား၊ အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်မှာ ရှိတာပါ။ အလုံ ၊သစ်တောလမ်းနဲ့ နီးပါတယ်။

ဆိုင်လေးကတော့ မြေညီထပ်တိုက်ခန်းနှစ်ခန်းကို ယူပြီး ဖွင့်ထားတဲ့ အိမ်ဆိုင်သဘောမျိုုးပါပဲ။ ရတာကတော့ မြီးရှည်၊ မုန့်တီ၊ နန်းပြားသုတ်၊ ကြာဇံချက်၊
ငါးဖယ်လုံးဟင်းရည်နဲ့ တို့ဟူးကြော်စတာတွေ ရပါတယ်။

ကိုယ်တွေက အဲဒီနေ့က ဘာဖြစ်လို့လဲ မသိ၊ မုန့်တီပဲ မှာမိတယ်၊ ကျွန်တော်ကတော့ နန်းလတ်နဲ့ ၊ သူငယ်ချင်းကတော့ နန်းကြီးအဖတ်နဲ့ပဲ မှာတယ်၊ ပြီးတော့ ဆိုင်ရဲ့နာမည်ကြီးတယ်ဆိုတဲ့ ငါးဖယ်လုံးဟင်းချိုမှာတယ်။ လူများနေပေမယ့် မှာတဲ့ချိန်နဲ့ ရောက်လာတဲ့အချိန် မကွာဘူး၊ သိပ်မကြာဘူးလို့ ပြောလို့ ရတယ်။ ဗိုက်ဆာတဲ့သူတွေအတွက် ကိုက်တာပေါ့။

ဈေးတွေကလည်း မဆိုးဘူး၊ တစ်ပွဲကို ၁၂၀၀လောက်ပဲရှိတယ်။ တစ်ခုတော့ ရှိတယ်၊ လာချတော့ တစ်ပွဲစာပြင်ထားတာ နည်းတယ်။ အစားကြီးတဲ့သူတွေဆို မဝလောက်ဘူး၊ ကျွန်တော်တောင် မဝဘူး ။ :D

အရသာကတော့ မုန့်သားအိတယ်၊ သုပ်ထားတာ ပုံမှန်ထက် ကောင်းတယ်လို့ ပြောလို့ ရမယ်၊ ရန်ကုန်ဆိုင်တွေထက် ကောင်းတယ်ပေ့ါ၊ ကျွန်တော်တော့ အရမ်းအကြိုက်ကြီးမဟုတ်ဘူး။ ဘာလို့လဲဆိေုတာ့ မန်းမုန့်တီသာစားချင်တာ ပဲမှုန့်မကြိုက်၊ ဆီမကြိုက်တဲ့ ကျွန်တော်တို့အတွက် ရွှေနန်းတော်က ဆီများသလို ဖြစ်နေလို့။ ငါးဖယ်လုံးဟင်းချိုကတော့ သိပ်ပြီး သောက်ကောင်းတယ်၊ ချိုချိုလေးလေးနဲ့ ငါးဖယ်လုံးက အိပြီး စားကောင်းတယ်။ တို့ဟူးကြော်လာချပေးတယ်၊ မန်ကျည်းချဉ်လေးနဲ့။

သန့်ရှင်းမှုကတော့ ရှေ့က လူစားပြီးတာကို အလျင်အမြန်မသိမ်းနိုင်တာမျိုးတော့ ရှိတယ်။ ခုံက စုစုပေါင်း ၁၀ ခုံလောက်ရှိတော့ လူများလည်း အဆင်ပြေသလို ထိုင်လို့ ရတယ်။ နောက်ဆုံးအနေနဲ့ ပြောရရင်တော့ ရန်ကုန်စတိုင်နန်းကြီးသုပ်တွေ မစားချင်တော့ဘူးဆိုရင်တော့ ရွှေနန်းတော်ကိုသာ ရွေးပေ့ါ။ Rating အနေနဲ့ဆိုရင်တော့

ရွှေနန်းတော်
==
Taste ***
Price ****
Service ***
Hygiene ***
Place ***

ဓာတ်ပုံတွေ မကောင်းတာတော့ ခွင့်လွှတ်ဗျာ။ နောက်ကျ ပိုကောင်းအောင်
ရိုက်ခဲ့မယ်၊ ခု ကျွန်တော်က ဒီတိုင်း ရေးချင်စိတ်ပေါ်လာလို့ ရေးတာမလို့။ 😅😅

Exodus (သို႔မဟုတ္) ႏုိင္ငံတစ္ခုေမြးဖြားျခင္း

Exodus (သို႔မဟုတ္) ႏုိင္ငံတစ္ခုေမြးဖြားျခင္း


ကမာၻအရပ္ရပ္မွာ ႏုိင္ငံအသစ္ေတြ တစ္ခုျပီး တစ္ခုျဖစ္ေပၚလာတာ ေတြ႔ၾကမွာပါ။ တခ်ိဳ႕ႏုိင္ငံငယ္ေလးေတြကေတာ့ ႏုိင္ငံၾကီးေတြ အစိတ္စိတ္အမႊာမႊာ ျပိဳကြဲျပီး ႏုိင္ငံငယ္ေလးေတြအျဖစ္ ျပန္႔က်ဲသြားတာ ျဖစ္သလို တခ်ိဳ႕က်ေတာ့လည္း ကိုယ့္အားကိုယ္ကိုး ျခစ္ကုပ္ျပီး အခ်ဳပ္အျခာအာဏာကုိ ရေအာင္ တုိက္ယူျပီး ႏုိင္ငံတစ္ခုအျဖစ္ ေပၚေပါက္လာတာျဖစ္ပါတယ္။ အစၥေရးႏုိင္ငံကေတာ့ ဒုတိယအမ်ိဳးအစားထဲမွာ ပါဝင္ပါတယ္။
အစၥေရးႏုိင္ငံဆိုတာ ကမာၻအေရွ႕အလယ္ပိုင္းေဒသက အာရပ္ႏုိင္ငံေတြအလယ္မွာ အထီးတည္းတည္ရွိတဲ့ ဂ်ဴးလူမ်ိဳးေတြရဲ့ ႏုိင္ငံပါ။ ဂ်ဴးလူမ်ိဳးဆိုတာ ဒုတိယကမာၻစစ္တုန္းကလည္း နာဇီဂ်ာမဏီလက္ခ်က္နဲ႔ လူမ်ိဳးတုန္းသတ္ျဖတ္ခံရျပီး ရရာႏုိင္ငံကုိ ထြက္ေျပးခဲ့ရတဲ့ လူမ်ိဳးစုပါ။ ဒီလိုလူမ်ိဳးေတြက သူတို႔ရဲ့ အစၥေရးႏုိင္ငံေတာ္ကို ဘယ္လိုထူေထာင္ခဲ့တယ္ဆိုတဲ့ အေၾကာင္းကို Exodus ဆိုျပီး အေမရိကန္စာေရးဆရာ Leon Uris က ၁၉၅၈ ခုႏွစ္မွာ ေရးသားထုတ္ေဝခဲ့ပါတယ္။
စာေရးသူ Leon Uris
---
ဒီဝတၳဳဟာ ဘယ္ေလာက္မ်ား ေအာင္ျမင္သလဲဆိုရင္ ၁၉၃၆ ခုႏွစ္က ထုတ္တဲ့ Gone with the wind ျပီးရင္ အေမရိကန္ႏုိင္ငံရဲ့ အေရာင္းရဆံုးဝတၳဳထဲမွာပါပါတယ္။ စာအုပ္အေၾကာင္းမေျပာခင္ စာေရးဆရာ Leon Uris အေၾကာင္းေျပာျပရရင္ သူဟာ သမုိင္းဆုိင္ရာအခ်က္အလက္ေတြကို အေျခခံတဲ့ ဝတၳဳေတြနဲ႔ ေအာင္ျမင္ျပီး သူ႔ရဲ့ အေကာင္းဆံုးလက္ရာေတြကေတာ့ ဒီ Exodus စာအုပ္နဲ႔ Trinity တို႔ပဲ ျဖစ္ပါတယ္။
Exodus ကို ျမန္မာဘာသာျပန္သူ ဆရာၾကီး ေမာင္မိုးသူ
---
Leon Uris ရဲ့ ကမာၻေက်ာ္လက္ရာၾကီး Exodus ကို ျမန္မာဘာသာျပန္ဆိုေပးတဲ့ ဆရာၾကီးကေတာ့ ဘာသာျပန္လက္ရာေကာင္းေတြ အမ်ားၾကီးျပန္ဆိုထုတ္ေဝခဲ့တဲ့ ေမာင္မုိးသူပဲ ျဖစ္ပါတယ္။ ျမန္မာဘာသာျပန္ စာအုပ္ကုိ ဆရာၾကီး လင္းယုန္ေမာင္ေမာင္က အမွာစာ ေရးသားေပးျပီး “ကၽြန္ေတာ္၏ အညံ့ဆံုးႏွင့္ ေမာင္မိုးသူ၏ အေကာင္းဆံုး” လို႔ တပ္ျပီး အမွာစာနဲ႔တင္ ဖတ္ခ်င္စရာေကာင္းေအာင္ ေရးသားထားပါတယ္။
Exodus ျမန္မာဘာသာျပန္မွတ္တမ္း
---
Exodus စာအုပ္ကို ျမန္မာဘာသာျပန္ေတာ့လည္း အေတာ္ၾကီးကို ေအာင္ျမင္ခဲ့တဲ့အတြက္ စတုတၳအၾကိမ္ေလာက္ထိ ျပန္လည္ရုိက္ႏွိပ္ခဲ့ရပါတယ္။ တကယ္ဖတ္ၾကည့္တဲ့အခါမွာလည္း မူရင္းဝတၳဳကိုက အေတာ့္ကုိ ေကာင္းတဲ့အျပင္ ေမာင္မုိးသူရဲ့ ဘာသာျပန္လက္ရာကလည္း ညက္ေညာတဲ့အတြက္ လက္ကမခ်ခ်င္ေလာက္ေအာင္ ျဖစ္ျပီး ဖတ္ျပီးတဲ့အခါမွာလည္း အစၥေရးလူမ်ိဳးေတြရဲ့ မ်ိဳးခ်စ္စိတ္၊ ကိုယ့္ေျမကို တစ္ေပတစ္လက္မမွ မက်န္ခ်စ္တဲ့စိတ္နဲ႔ ႏုိင္ငံတစ္ခုျဖစ္ေပၚလာဖို႔ဆိုတာ မလြယ္ပါလားဆိုျပီး တသသျဖစ္က်န္ခဲ့ရပါတယ္။
Exodus ရဲ့ အပ်ိဳး
---
Exodus ရဲ့ အပ်ိဳးကိုက စတည္းက ယဥ္သကိုဆိုသလို ဆိုက္ပရပ္စ္ကၽြန္းမွာ အဂၤလိပ္ေတြက ယာယီစခန္းဖြင့္ျပီး ထိန္းသိမ္းထားတဲ့ ဂ်ဴးကေလးသူငယ္ ၃ရာေက်ာ္ကို ပါလက္စတုိင္းေဒသကို သေဘာၤၾကီးနဲ႔ ခုိးပို႔ဖို႔ ၾကံစည္ပံုနဲ႔ စထားပါတယ္။ သေဘာၤၾကီးနာမည္ကေတာ့ ဝတၳဳနာမည္ျဖစ္တဲ့ Exodus ပါပဲ။ အဲဒီအစေနရာကေနစျပီး ႏွလံုးရည္အရေရာ၊ လက္ရုံးရည္အရပါ အဂၤလိပ္ေတြနဲ႔ ဘယ္လိုယွဥ္ျပိဳင္ျပီး လူ ၃ရာေလာက္ ခုိးထုတ္မယ့္ အမႈၾကီးကို ဘယ္လိုလုပ္ေဆာင္မယ္ဆိုတာ စိတ္ဝင္စားစရာ ဖတ္ရေတာ့မွာပါ။
ဇာတ္ေကာင္မ်ား
---
ဂ်ဴးမ်ိဳးဆက္သစ္ေခါင္းေဆာင္ အယ္ရီဘီကင္နင္၊ အေမရိကန္လူမ်ိဳး သူနာျပဳဆရာမ ကစ္တီဖရီးမြန္႔၊ အေမရိကန္လူမ်ိဳးသတင္းေထာက္ မတ္ပါကား၊ ကေလးမ ကာရင္ဟန္ဆန္ကလီမင့္ နဲ႔ သူ႔ခ်စ္သူ ဒပ္လန္ေဒါ၊ အျခား ဇာတ္ရုပ္တစ္ခုခ်င္းကိုလည္း သူ႔ေနရာနဲ႔သူ အကြက္က်ေအာင္ ပံုေဖာ္ထားပါတယ္။
ဇာတ္လမ္းအေပၚအျမင္
---
အယ္ရီနဲ႔ ကစ္တီတို႔ၾကားက ထိန္းခ်ဳပ္ထားတဲ့အခ်စ္ေတြ၊ ဂ်ဴးလူမ်ိဳးေတြ တဲလ္အဗစ္ကို ဘယ္လိုေရာက္လာတာေတြ၊ ဂ်ဴးလူမ်ိဳးေတြရဲ့ ဥာဏ္ၾကီးပံု၊ အေျမာ္အျမင္ၾကီးပံုေတြ၊ အာရပ္ေတြနဲ႔ ဂ်ဴးေတြၾကား က ေသြးေျမက်ျဖစ္ရပ္ေတြကို သမုိင္းအခ်က္အလက္ေတြနဲ႔ ေရာေမႊျပီး ေရးလိုက္တဲ့အခါ ဒီဝတၳဳဟာ အေရာင္းရဆံုးဝတၳဳလို႔ ေျပာသင့္ပါေပတယ္လို႔ကို ညႊန္းခ်င္ပါတယ္။
ကဲ! ႏုိင္ငံတစ္ခုကို ဘယ္လိုေမြးဖြားပါသလဲ၊ စေန၊တနဂၤေႏြမွာ အခ်ိန္ေလးမ်ားရရင္ ဖတ္သင့္တဲ့စာတစ္အုပ္အျဖစ္ လက္တို႔လိုက္ပါတယ္။ တတိယအၾကိမ္ထုတ္ခဲ့တဲ့ စာအုပ္တုိက္ကေတာ့ ရာျပည့္စာအုပ္တိုက္ျဖစ္ျပီး စတုတၳအၾကိမ္မွာေတာ့ ငါတို႔ စာေပက ျပန္လည္ရုိက္ႏွိပ္ျဖန္႔ခ်ိထားပါတယ္။
ရိုးလူ

[Unicode]

Exodus (သို့မဟုတ်) နိုင်ငံတစ်ခုမွေးဖွားခြင်း


ကမ္ဘာအရပ်ရပ်မှာ နိုင်ငံအသစ်တွေ တစ်ခုပြီး တစ်ခုဖြစ်ပေါ်လာတာ တွေ့ကြမှာပါ။ တချို့နိုင်ငံငယ်လေးတွေကတော့ နိုင်ငံကြီးတွေ အစိတ်စိတ်အမွှာမွှာ ပြိုကွဲပြီး နိုင်ငံငယ်လေးတွေအဖြစ် ပြန့်ကျဲသွားတာ ဖြစ်သလို တချို့ကျတော့လည်း ကိုယ့်အားကိုယ်ကိုး ခြစ်ကုပ်ပြီး အချုပ်အခြာအာဏာကို ရအောင် တိုက်ယူပြီး နိုင်ငံတစ်ခုအဖြစ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အစ္စရေးနိုင်ငံကတော့ ဒုတိယအမျိုးအစားထဲမှာ ပါဝင်ပါတယ်။
အစ္စရေးနိုင်ငံဆိုတာ ကမ္ဘာအရှေ့အလယ်ပိုင်းဒေသက အာရပ်နိုင်ငံတွေအလယ်မှာ အထီးတည်းတည်ရှိတဲ့ ဂျူးလူမျိုးတွေရဲ့ နိုင်ငံပါ။ ဂျူးလူမျိုးဆိုတာ ဒုတိယကမ္ဘာစစ်တုန်းကလည်း နာဇီဂျာမဏီလက်ချက်နဲ့ လူမျိုးတုန်းသတ်ဖြတ်ခံရပြီး ရရာနိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ လူမျိုးစုပါ။ ဒီလိုလူမျိုးတွေက သူတို့ရဲ့ အစ္စရေးနိုင်ငံတော်ကို ဘယ်လိုထူထောင်ခဲ့တယ်ဆိုတဲ့ အကြောင်းကို Exodus ဆိုပြီး အမေရိကန်စာရေးဆရာ Leon Uris က ၁၉၅၈ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပါတယ်။
စာရေးသူ Leon Uris
---
ဒီဝတ္ထုဟာ ဘယ်လောက်များ အောင်မြင်သလဲဆိုရင် ၁၉၃၆ ခုနှစ်က ထုတ်တဲ့ Gone with the wind ပြီးရင် အမေရိကန်နိုင်ငံရဲ့ အရောင်းရဆုံးဝတ္ထုထဲမှာပါပါတယ်။ စာအုပ်အကြောင်းမပြောခင် စာရေးဆရာ Leon Uris အကြောင်းပြောပြရရင် သူဟာ သမိုင်းဆိုင်ရာအချက်အလက်တွေကို အခြေခံတဲ့ ဝတ္ထုတွေနဲ့ အောင်မြင်ပြီး သူ့ရဲ့ အကောင်းဆုံးလက်ရာတွေကတော့ ဒီ Exodus စာအုပ်နဲ့ Trinity တို့ပဲ ဖြစ်ပါတယ်။
Exodus ကို မြန်မာဘာသာပြန်သူ ဆရာကြီး မောင်မိုးသူ
---
Leon Uris ရဲ့ ကမ္ဘာကျော်လက်ရာကြီး Exodus ကို မြန်မာဘာသာပြန်ဆိုပေးတဲ့ ဆရာကြီးကတော့ ဘာသာပြန်လက်ရာကောင်းတွေ အများကြီးပြန်ဆိုထုတ်ဝေခဲ့တဲ့ မောင်မိုးသူပဲ ဖြစ်ပါတယ်။ မြန်မာဘာသာပြန် စာအုပ်ကို ဆရာကြီး လင်းယုန်မောင်မောင်က အမှာစာ ရေးသားပေးပြီး “ကျွန်တော်၏ အညံ့ဆုံးနှင့် မောင်မိုးသူ၏ အကောင်းဆုံး” လို့ တပ်ပြီး အမှာစာနဲ့တင် ဖတ်ချင်စရာကောင်းအောင် ရေးသားထားပါတယ်။
Exodus မြန်မာဘာသာပြန်မှတ်တမ်း
---
Exodus စာအုပ်ကို မြန်မာဘာသာပြန်တော့လည်း အတော်ကြီးကို အောင်မြင်ခဲ့တဲ့အတွက် စတုတ္ထအကြိမ်လောက်ထိ ပြန်လည်ရိုက်နှိပ်ခဲ့ရပါတယ်။ တကယ်ဖတ်ကြည့်တဲ့အခါမှာလည်း မူရင်းဝတ္ထုကိုက အတော့်ကို ကောင်းတဲ့အပြင် မောင်မိုးသူရဲ့ ဘာသာပြန်လက်ရာကလည်း ညက်ညောတဲ့အတွက် လက်ကမချချင်လောက်အောင် ဖြစ်ပြီး ဖတ်ပြီးတဲ့အခါမှာလည်း အစ္စရေးလူမျိုးတွေရဲ့ မျိုးချစ်စိတ်၊ ကိုယ့်မြေကို တစ်ပေတစ်လက်မမှ မကျန်ချစ်တဲ့စိတ်နဲ့ နိုင်ငံတစ်ခုဖြစ်ပေါ်လာဖို့ဆိုတာ မလွယ်ပါလားဆိုပြီး တသသဖြစ်ကျန်ခဲ့ရပါတယ်။
Exodus ရဲ့ အပျိုး
---
Exodus ရဲ့ အပျိုးကိုက စတည်းက ယဉ်သကိုဆိုသလို ဆိုက်ပရပ်စ်ကျွန်းမှာ အင်္ဂလိပ်တွေက ယာယီစခန်းဖွင့်ပြီး ထိန်းသိမ်းထားတဲ့ ဂျူးကလေးသူငယ် ၃ရာကျော်ကို ပါလက်စတိုင်းဒေသကို သဘောၤကြီးနဲ့ ခိုးပို့ဖို့ ကြံစည်ပုံနဲ့ စထားပါတယ်။ သဘောၤကြီးနာမည်ကတော့ ဝတ္ထုနာမည်ဖြစ်တဲ့ Exodus ပါပဲ။ အဲဒီအစနေရာကနေစပြီး နှလုံးရည်အရရော၊ လက်ရုံးရည်အရပါ အင်္ဂလိပ်တွေနဲ့ ဘယ်လိုယှဉ်ပြိုင်ပြီး လူ ၃ရာလောက် ခိုးထုတ်မယ့် အမှုကြီးကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ စိတ်ဝင်စားစရာ ဖတ်ရတော့မှာပါ။
ဇာတ်ကောင်များ
---
ဂျူးမျိုးဆက်သစ်ခေါင်းဆောင် အယ်ရီဘီကင်နင်၊ အမေရိကန်လူမျိုး သူနာပြုဆရာမ ကစ်တီဖရီးမွန့်၊ အမေရိကန်လူမျိုးသတင်းထောက် မတ်ပါကား၊ ကလေးမ ကာရင်ဟန်ဆန်ကလီမင့် နဲ့ သူ့ချစ်သူ ဒပ်လန်ဒေါ၊ အခြား ဇာတ်ရုပ်တစ်ခုချင်းကိုလည်း သူ့နေရာနဲ့သူ အကွက်ကျအောင် ပုံဖော်ထားပါတယ်။
ဇာတ်လမ်းအပေါ်အမြင်
---
အယ်ရီနဲ့ ကစ်တီတို့ကြားက ထိန်းချုပ်ထားတဲ့အချစ်တွေ၊ ဂျူးလူမျိုးတွေ တဲလ်အဗစ်ကို ဘယ်လိုရောက်လာတာတွေ၊ ဂျူးလူမျိုးတွေရဲ့ ဉာဏ်ကြီးပုံ၊ အမြော်အမြင်ကြီးပုံတွေ၊ အာရပ်တွေနဲ့ ဂျူးတွေကြား က သွေးမြေကျဖြစ်ရပ်တွေကို သမိုင်းအချက်အလက်တွေနဲ့ ရောမွှေပြီး ရေးလိုက်တဲ့အခါ ဒီဝတ္ထုဟာ အရောင်းရဆုံးဝတ္ထုလို့ ပြောသင့်ပါပေတယ်လို့ကို ညွှန်းချင်ပါတယ်။
ကဲ! နိုင်ငံတစ်ခုကို ဘယ်လိုမွေးဖွားပါသလဲ၊ စနေ၊တနင်္ဂနွေမှာ အချိန်လေးများရရင် ဖတ်သင့်တဲ့စာတစ်အုပ်အဖြစ် လက်တို့လိုက်ပါတယ်။ တတိယအကြိမ်ထုတ်ခဲ့တဲ့ စာအုပ်တိုက်ကတော့ ရာပြည့်စာအုပ်တိုက်ဖြစ်ပြီး စတုတ္ထအကြိမ်မှာတော့ ငါတို့ စာပေက ပြန်လည်ရိုက်နှိပ်ဖြန့်ချိထားပါတယ်။
ရိုးလူ

13 Reasons Why Part 6

13 Reasons Why Part 6

Alex Standall... မတရားမႈေတြကို ဟန္႔တားသူေတြက ရုပ္ရွင္ေတြထဲကလို လူဆိုးေတြကို မႏုိင္ဘူးကြ၊ မင္းပက္ပက္စက္စက္ထုိးခံရတာေလ၊ ျပီးေတာ့ မင္းကိုေတာင္ ဝုိင္း Judge လုပ္ၾကေသးတာ။
ထားပါေလ။ Hannah ေျပာသလို ငါတုိ႔က ကုိယ့္ဘာသာေတာင္ ဘာလိုခ်င္ၾကမွန္း၊ ဘာျဖစ္ခ်င္ေနၾကမွန္း မသိတာ။
ဒီထဲမွာ Clay တစ္ေယာက္လည္း ပါတယ္၊ စိတ္အဆင္ေျပမလားလို႔ ထင္တာေတြ ေလွ်ာက္လုပ္မိေနတာ၊ တကယ္တမ္း Sheryl က သူ႔စိတ္ထဲ မူလတန္ဖိုးတစ္ခုကို မေက်ာ္ႏုိင္ဘူးဆိုတာသိေတာ့ ....
Hannah ကို အရင္က Drama ခင္းတယ္လို႔ ငါထင္တယ္၊ ဒါေပမယ့္ ေနရာအရပ္ရပ္မွာ ေနာက္ေက်ာက ဓါးေတြကို ျမင္လာေတာ့ ေလာကၾကီးကိုက Drama ဆန္တာလား၊ လူေတြကပဲလား ငါမသဲကြဲေတာ့ဘူး။
Marcus တစ္ေယာက္ဟာ ရုိးပံုရိုးပန္းနဲ႔ ဒီပုပ္ထဲက ဒီပဲ အဆင္ေတြ လာေတာ့ Hannah ဘယ္ေလာက္စိတ္ပ်က္သြားမလဲ။ အခ်စ္စစ္ဆိုတာ ရွိတယ္လို႔ မိဘေတြကို ၾကည့္ျပီး သူယံုၾကည္ထားတာေလ။ ငတံုးမ Hannah .. ေပ်ာ့ညံ့တဲ့ Hannah.. ဘဝမွာ ဘယ္စိတၱဇနာမ္ကိုမွ ယံုၾကည္လို႔ မရတာ သူမသိေသးဘူး။ ဒါေၾကာင့္ပဲ နင္းေခ်ခံခဲ့ရေပါင္းမ်ားတာေပ့ါ။
လြတ္ေျမာက္ဖို႔ ဘယ္ႏွစ္ပိုင္းမွ မက်န္ေတာ့ဘူး Hannah ေရ..ဆက္သြားၾကပါစို႔။

ရိုးလူ 

[Unicode]

13 Reasons Why Part 6

Alex Standall... မတရားမှုတွေကို ဟန့်တားသူတွေက ရုပ်ရှင်တွေထဲကလို လူဆိုးတွေကို မနိုင်ဘူးကွ၊ မင်းပက်ပက်စက်စက်ထိုးခံရတာလေ၊ ပြီးတော့ မင်းကိုတောင် ဝိုင်း Judge လုပ်ကြသေးတာ။

ထားပါလေ။ Hannah ပြောသလို ငါတို့က ကိုယ့်ဘာသာတောင် ဘာလိုချင်ကြမှန်း၊ ဘာဖြစ်ချင်နေကြမှန်း မသိတာ။

ဒီထဲမှာ Clay တစ်ယောက်လည်း ပါတယ်၊ စိတ်အဆင်ပြေမလားလို့ ထင်တာတွေ လျှောက်လုပ်မိနေတာ၊ တကယ်တမ်း Sheryl က သူ့စိတ်ထဲ မူလတန်ဖိုးတစ်ခုကို မကျော်နိုင်ဘူးဆိုတာသိတော့ ....

Hannah ကို အရင်က Drama ခင်းတယ်လို့ ငါထင်တယ်၊ ဒါပေမယ့် နေရာအရပ်ရပ်မှာ နောက်ကျောက ဓါးတွေကို မြင်လာတော့ လောကကြီးကိုက Drama ဆန်တာလား၊ လူတွေကပဲလား ငါမသဲကွဲတော့ဘူး။

Marcus တစ်ယောက်ဟာ ရိုးပုံရိုးပန်းနဲ့ ဒီပုပ်ထဲက ဒီပဲ အဆင်တွေ လာတော့ Hannah ဘယ်လောက်စိတ်ပျက်သွားမလဲ။ အချစ်စစ်ဆိုတာ ရှိတယ်လို့ မိဘတွေကို ကြည့်ပြီး သူယုံကြည်ထားတာလေ။ ငတုံးမ Hannah .. ပျော့ညံ့တဲ့ Hannah.. ဘဝမှာ ဘယ်စိတ္တဇနာမ်ကိုမှ ယုံကြည်လို့ မရတာ သူမသိသေးဘူး။ ဒါကြောင့်ပဲ နင်းချေခံခဲ့ရပေါင်းများတာပေ့ါ။

လွတ်မြောက်ဖို့ ဘယ်နှစ်ပိုင်းမှ မကျန်တော့ဘူး Hannah ရေ..ဆက်သွားကြပါစို့။

ရိုးလူ

13 Reasons Why Part 5

13 Reasons Why Part 5

ကိစၥေတြက ၾကာေလ ပိုရႈပ္ေထြးလာေလပဲ။ ဒါကို Courtney ေနရာေရာက္မွ သိရေတာ့တယ္။ ကိစၥတိုင္းရဲ့ ေနာက္ကြယ္မွာ ဖံုးကြယ္ထားတဲ့ အေၾကာင္းတရားေတြနဲ႔။
Courtney ..Social ေကာင္းတယ္၊ စာေတာ္တယ္၊ အရာရာကို ဟန္ေဆာင္မ်ိဳသိပ္ႏုိင္စြမ္းရွိတယ္၊ ဒါေပမယ့္ သူလည္း လူထဲက လူေပပဲ။
ေက်ာင္းရဲ့ ကိစၥေတြမွာလည္း တက္တက္ၾကြၾကြပါဝင္တတ္တဲ့သူ၊ ဆရာ ဆရာမေတြရဲ့ အခ်စ္ေတာ္ေလးမိ်ဳးေပါ့။ ဒီလိုမ်ိဳး ဘက္စံုေတာ္ေနေအာင္ ဘာလို႔ အသည္းအသန္လုပ္ခဲ့ရလဲ၊ ေကာင္းတယ္ဆိုတဲ့ဘက္မွာပဲ သူ႔အရိပ္ကို က်ေစခ်င္လို႔ေပါ့။ ငါ အဲဒီခံစားခ်က္ကို သိတယ္၊ ကိုယ့္ Dark side ကို မျမင္ေစခ်င္တဲ့အခါ ငါတုိ႔ဟာ ဟန္ေဆာင္ေကာငး္တတ္ၾကတယ္။
တစ္ခါတေလ ဘဝကလည္း ေရြးခ်ယ္ခြင့္မရဘူး၊ ကိုယ့္ကို ေမြးဖြားလာမယ့္ မိဘေတြကအစေပ့ါ၊ ဘဝထဲ ဒီလိုပဲ အုိးနင္းခြက္နင္းဝင္ေရာက္လာရတာ၊ ဝင္လာျပီး မၾကိဳက္လို႔ ျပန္ထြက္ခြင့္ကိုက် မေပးခ်င္ၾကဘူး၊ ဘယ္ေလာက္မတရားလိုက္သလဲ။
Hannah နဲ႔ Courtney အခ်စ္ခံရတဲ့ မိဘေတြ ရွိတာခ်င္းတူတူ လိင္တူ လိင္ကြဲဆုိတာက ဒီေနရာမွာ အေရးၾကီးလား၊ လူေတြမွာ လိင္တူ လိင္ကြဲက အေရးမၾကီးဘူးကြ၊ ကိုယ့္ျဖစ္တည္မႈအတြက္ သူတစ္ပါးကုိ ခ်နင္း၊ မနင္းဆိုတာကမွ အေရးၾကီးတာ။ Hannah ရဲ့ Drama ေတြေလာက္ ငါလိုက္မမီေပမယ့္ ဘယ္သူေသေသ ငေတမာရင္ျပီးေရာ စိတ္ဓာတ္ကိုေတာ့ လိင္မခြဲျခား ငါေစာက္ရမး္ရြံတယ္။
ထားပါေတာ့။ ဘဝမွာ အခါးေတြ မ်ားေပမယ့္ Clay နဲ႔ Hannah တို႔ရဲ့ ကပြဲသဘင္ညေလးလို အခ်ိဳေလးေတြလည္း ရွိမွ။ ဒါမွလည္း ဘဝကို ခ်ီတံုခ်တံုေတာ့ ဆက္ေလွ်ာက္လို႔ ရေအာင္ အားျဖစ္ေစမေပ့ါ။
ဘယ္လိုပဲ Drama မ်ားမ်ား Hannah ကေတာ့ မိန္းမေကာင္းေလးပါဆုိတာ ယံုၾကည္လာတယ္။ ေနာက္အပုိင္းေတြမွာေရာ..ငါယံုၾကည္သလို ဆက္ရွိေနပ့ါမလား။

ရိုးလူ

[Unicode]

13 Reasons Why Part 5


ကိစ္စတွေက ကြာလေ ပိုရှုပ်ထွေးလာလေပဲ။ ဒါကို Courtney နေရာရောက်မှ သိရတော့တယ်။ ကိစ္စတိုင်းရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အကြောင်းတရားတွေနဲ့။

Courtney ..Social ကောင်းတယ်၊ စာတော်တယ်၊ အရာရာကို ဟန်ဆောင်မျိုသိပ်နိုင်စွမ်းရှိတယ်၊ ဒါပေမယ့် သူလည်း လူထဲက လူပေပဲ။

ကျောင်းရဲ့ ကိစ္စတွေမှာလည်း တက်တက်ကြွကြွပါဝင်တတ်တဲ့သူ၊ ဆရာ ဆရာမတွေရဲ့ အချစ်တော်လေးမျိုးပေါ့။ ဒီလိုမျိုး ဘက်စုံတော်နေအောင် ဘာလို့ အသည်းအသန်လုပ်ခဲ့ရလဲ၊ ကောင်းတယ်ဆိုတဲ့ဘက်မှာပဲ သူ့အရိပ်ကို ကျစေချင်လို့ပေါ့။ ငါ အဲဒီခံစားချက်ကို သိတယ်၊ ကိုယ့် Dark side ကို မမြင်စေချင်တဲ့အခါ ငါတို့ဟာ ဟန်ဆောင်ကောင်းတတ်ကြတယ်။

တစ်ခါတလေ ဘဝကလည်း ရွေးချယ်ခွင့်မရဘူး၊ ကိုယ့်ကို မွေးဖွားလာမယ့် မိဘတွေကအစပေ့ါ၊ ဘဝထဲ ဒီလိုပဲ အိုးနင်းခွက်နင်းဝင်ရောက်လာရတာ၊ ဝင်လာပြီး မကြိုက်လို့ ပြန်ထွက်ခွင့်ကိုကျ မပေးချင်ကြဘူး၊ ဘယ်လောက်မတရားလိုက်သလဲ။

Hannah နဲ့ Courtney အချစ်ခံရတဲ့ မိဘတွေ ရှိတာချင်းတူတူ လိင်တူ လိင်ကွဲဆိုတာက ဒီနေရာမှာ အရေးကြီးလား၊ လူတွေမှာ လိင်တူ လိင်ကွဲက အရေးမကြီးဘူးကွ၊ ကိုယ့်ဖြစ်တည်မှုအတွက် သူတစ်ပါးကို ချနင်း၊ မနင်းဆိုတာကမှ အရေးကြီးတာ။ Hannah ရဲ့ Drama တွေလောက် ငါလိုက်မမီပေမယ့် ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ်ကိုတော့ လိင်မခွဲခြား ငါစောက်ရမ်းရွံတယ်။

ထားပါတော့။ ဘဝမှာ အခါးတွေ များပေမယ့် Clay နဲ့ Hannah တို့ရဲ့ ကပွဲသဘင်ညလေးလို အချိုလေးတွေလည်း ရှိမှ။ ဒါမှလည်း ဘဝကို ချီတုံချတုံတော့ ဆက်လျှောက်လို့ ရအောင် အားဖြစ်စေမပေ့ါ။

ဘယ်လိုပဲ Drama များများ Hannah ကတော့ မိန်းမကောင်းလေးပါဆိုတာ ယုံကြည်လာတယ်။ နောက်အပိုင်းတွေမှာရော..ငါယုံကြည်သလို ဆက်ရှိနေပ့ါမလား။

ရိုးလူ

13 Reasons Why Part 4


13 Reasons Why Part 4

လူေတြက မင္းကို အာရုံစုိက္ေနတာ ခံဖူးလား။ ေအး ငါေတာ့ ခံဖူးေတာ့ ဘယ္ေလာက္စိတ္က်ဥ္းက်ပ္ရမွန္း သိတယ္။ ဘယ္ေလာက္ပဲ ေသာက္ဂရုမစိုက္ဘူးဆိုဆို သူတို႔ဟာ မင္းရဲ့ အေရးအရာမွာ အျမင္အာရုံအားျဖင့္ ဝင္ေရာက္စြက္ဖက္ေနတာ မင္းကို ေကာင္းေကာင္းၾကီး စိတ္အေႏွာင့္အယွက္ျဖစ္ေစမွာပဲ။
ဟုတ္တယ္ လူေတြဟာ (ငါအပါအဝင္) Hannah ေျပာသလုိ တစ္ေယာက္ကို တစ္ေယာက္ေစာင့္ၾကည့္၊ ဒါမွ မဟုတ္ ေခ်ာင္းေျမာင္းၾကည့္ရႈေနၾကတာ။ အထူးသျဖင့္ Social Network ေတြကေပ့ါ။ You are following someone or you are being followed ပဲ။ Facebook, Instagram, Twitter they make our society as stalkers တဲ့။ ျပီးေတာ့ အခြင့္ရွိသလို သူတစ္ပါးဘဝကို ျခယ္လွယ္ခ်င္ေနတာ၊ သတင္းေတြကုိ ျမိန္ေရယွက္ေရ ျဖန္႔ေဝခ်င္ေနတာ။ ေတြးၾကည့္ရင္ သိပ္ေအာ္ဂလီဆန္စရာေကာင္းခဲ့တာေပ့ါကြာ။
ထားပါေတာ့။ မင္းမွာေရာ Clay လို ကိုယ္သေဘာက်ေနတဲ့ ေကာင္မေလးတစ္ေယာက္ကို အိမ္ျပန္လိုက္ပို႔ျပီး အနမ္းတစ္ပြင့္မေခၽြဘဲ ထြက္သြားခဲ့တာမ်ိဳး ရွိလား။ ျဖစ္တတ္ပါတယ္၊ သိပ္တန္ဖိုးထားလြန္းတဲ့အခါျဖစ္ရင္ ျဖစ္၊ ဒါမွ မဟုတ္ သိပ္တံုးလြန္းတဲ့ အခါမွာ ျဖစ္ျဖစ္ေပါ့။
သူတို႔ဆီမွာ လူေတြကို တန္ဖိုးထားတယ္တဲ့။ မေတာ္တဆ(ဒီလိုပဲဆုိပါစို႔) ေသဆံုးခဲ့ရင္ေတာင္ စံုစမ္းမႈေတြ အမ်ားၾကီးနဲ႔။ ဒီမွာေတာ့ လူအမ်ားေသရင္ေတာင္ ခဏဝမ္းနည္းျပျပီး ျပီးရင္ ပိုေနျမဲ၊က်ားေနျမဲပဲ၊ ရင္နာရတယ္။
ေလာကအေရးေတြဟာ ငါတို႔ ဦးေႏွာက္ေသးေသးေလးနဲ႔ မမီဘူး၊ ရႈပ္ေထြးေပြလီတယ္၊ မိန္းမခ်င္း ခ်စ္တာ တစ္ခါတေလ ဆန္းတယ္ဆိုေပမယ့္ တစ္ခါတေလ ဘာဆန္းလို႔လဲ ေမးမိတယ္။ အထက္တန္းေက်ာင္းသားဘဝမွာ ပထမအနမ္း ဒါမွမဟုတ္ လိင္တူတစ္ေယာက္ကို နမ္းပစ္တာမ်ိဳး ဘယ္သူနဲ႔ မဆို စမ္းမိတာ ငါကေတာ့ သဘာဝလို႔ ထင္တယ္။ လူေတြက အလြန္အက်ြံေတြ ဖံုးထားခ်င္ခဲ့ၾကတာေတြ သက္သက္ပဲ။
ဆက္ေျပာရေအာင္၊ လူေတြဟာ ဝါသနာပါရာတစ္ခုခုကို စိတ္ႏွစ္ျပီး ယစ္မူးတဲ့ အခါ သူ႔လုပ္ေဆာင္မႈက ေဘးပတ္ဝန္းက်င္ကို ဘာေတြ သက္ေရာက္လဲ မေတြးေတာ့ဘူး။ အထူးသျဖင့္ Tyler Down လိုေပါ့၊ သူ႔ Camera ေအာက္မွာ Hannah ဟာ Object တစ္ခုပဲ၊ အသက္ရႈေနတဲ့ အေသြးနဲ႔ အသားနဲ႔ ဓာတ္ပံုခုိးရုိက္ခံရတာ မၾကိဳက္တဲ့ လူသားလို႔ကို မျမင္ေတာ့ဘူး။
အဲဒီညမွာ Tyler ရုိက္ခဲ့တဲ့ ပံုက သိပ္အသက္ဝင္တယ္၊ ဘယ္လိုလဲ ဆုိေတာ့ ေကာင္ေလးေတြ မွန္းခ်င္စရာေကာင္းေလာက္ေအာင္ အသက္ဝင္တာမ်ိဳးေပ့ါ။ အမွန္ေတာ့ ဒီကိစၥ ဒီမွာတင္ ျပီးသင့္တာ၊ Why so serious Courtney? မခုပ္တတ္တဲ့ ေၾကာင္လုပ္ခ်င္တာ အျမဲတမ္းေတာ့ မေကာင္းပါဘူး။ ညက မူးလို႔ျဖစ္သြားတာပါလို႔ ေတာင္းပန္ခံရမယ့္အစား ဘာမွ မေျပာခံရတာကမွ ဂုဏ္သိကၡာရွိပါေသးတယ္ကြာ။ ထပ္ဇာတ္နာရပါတယ္။
Tyler အေၾကာင္းေျပာတဲ့ အခါ သူ႔မရင့္က်က္မႈ တနည္းအားျဖင့္ ယုတ္မာမႈကို ခြင့္လႊတ္လို႔ ရပါတယ္။ ကိုယ္ခ်စ္တဲ့သူဆီက Date လုပ္ဖို႔ ျငင္းခံရတာေလ။ အဲ့ဒီအတြက္လည္း သူညတိုင္းျပန္ခံစားေနရေတာ့မယ္။ အိမ္ျပတင္းေပါက္ကို ခဲက်မွ မဟုတ္ပါဘူး Tyler ရယ္၊ မင္းႏွလံုးသားဟာလည္း ခဲဆြဲထားသလို အျမဲ ေလးလံေနေတာ့မွာပါ၊ မဟုတ္ဘူးလား။
Clay ကေတာ့ Making my own justice လို႔ ဒီတစ္ခါ သတၱိရွိရွိတံု႔ျပန္လိုက္ျပီေလ။ Go ahead Clay! ေနာက္တစ္ပုိင္းမွာ ငါ မင္းနဲ႔ တူတူရွိမယ္။

ရိုးလူ

[Unicode]

13 Reasons Why Part 4


လူတွေက မင်းကို အာရုံစိုက်နေတာ ခံဖူးလား။ အေး ငါတော့ ခံဖူးတော့ ဘယ်လောက်စိတ်ကျဉ်းကျပ်ရမှန်း သိတယ်။ ဘယ်လောက်ပဲ သောက်ဂရုမစိုက်ဘူးဆိုဆို သူတို့ဟာ မင်းရဲ့ အရေးအရာမှာ အမြင်အာရုံအားဖြင့် ဝင်ရောက်စွက်ဖက်နေတာ မင်းကို ကောင်းကောင်းကြီး စိတ်အနှောင့်အယှက်ဖြစ်စေမှာပဲ။
ဟုတ်တယ် လူတွေဟာ (ငါအပါအဝင်) Hannah ပြောသလို တစ်ယောက်ကို တစ်ယောက်စောင့်ကြည့်၊ ဒါမှ မဟုတ် ချောင်းမြောင်းကြည့်ရှုနေကြတာ။ အထူးသဖြင့် Social Network တွေကပေ့ါ။ You are following someone or you are being followed ပဲ။ Facebook, Instagram, Twitter they make our society as stalkers တဲ့။ ပြီးတော့ အခွင့်ရှိသလို သူတစ်ပါးဘဝကို ခြယ်လှယ်ချင်နေတာ၊ သတင်းတွေကို မြိန်ရေယှက်ရေ ဖြန့်ဝေချင်နေတာ။ တွေးကြည့်ရင် သိပ်အော်ဂလီဆန်စရာကောင်းခဲ့တာပေ့ါကွာ။
ထားပါတော့။ မင်းမှာရော Clay လို ကိုယ်သဘောကျနေတဲ့ ကောင်မလေးတစ်ယောက်ကို အိမ်ပြန်လိုက်ပို့ပြီး အနမ်းတစ်ပွင့်မချွေဘဲ ထွက်သွားခဲ့တာမျိုး ရှိလား။ ဖြစ်တတ်ပါတယ်၊ သိပ်တန်ဖိုးထားလွန်းတဲ့အခါဖြစ်ရင် ဖြစ်၊ ဒါမှ မဟုတ် သိပ်တုံးလွန်းတဲ့ အခါမှာ ဖြစ်ဖြစ်ပေါ့။
သူတို့ဆီမှာ လူတွေကို တန်ဖိုးထားတယ်တဲ့။ မတော်တဆ(ဒီလိုပဲဆိုပါစို့) သေဆုံးခဲ့ရင်တောင် စုံစမ်းမှုတွေ အများကြီးနဲ့။ ဒီမှာတော့ လူအများသေရင်တောင် ခဏဝမ်းနည်းပြပြီး ပြီးရင် ပိုနေမြဲ၊ကျားနေမြဲပဲ၊ ရင်နာရတယ်။
လောကအရေးတွေဟာ ငါတို့ ဦးနှောက်သေးသေးလေးနဲ့ မမီဘူး၊ ရှုပ်ထွေးပွေလီတယ်၊ မိန်းမချင်း ချစ်တာ တစ်ခါတလေ ဆန်းတယ်ဆိုပေမယ့် တစ်ခါတလေ ဘာဆန်းလို့လဲ မေးမိတယ်။ အထက်တန်းကျောင်းသားဘဝမှာ ပထမအနမ်း ဒါမှမဟုတ် လိင်တူတစ်ယောက်ကို နမ်းပစ်တာမျိုး ဘယ်သူနဲ့ မဆို စမ်းမိတာ ငါကတော့ သဘာဝလို့ ထင်တယ်။ လူတွေက အလွန်အကျွံတွေ ဖုံးထားချင်ခဲ့ကြတာတွေ သက်သက်ပဲ။
ဆက်ပြောရအောင်၊ လူတွေဟာ ဝါသနာပါရာတစ်ခုခုကို စိတ်နှစ်ပြီး ယစ်မူးတဲ့ အခါ သူ့လုပ်ဆောင်မှုက ဘေးပတ်ဝန်းကျင်ကို ဘာတွေ သက်ရောက်လဲ မတွေးတော့ဘူး။ အထူးသဖြင့် Tyler Down လိုပေါ့၊ သူ့ Camera အောက်မှာ Hannah ဟာ Object တစ်ခုပဲ၊ အသက်ရှုနေတဲ့ အသွေးနဲ့ အသားနဲ့ ဓာတ်ပုံခိုးရိုက်ခံရတာ မကြိုက်တဲ့ လူသားလို့ကို မမြင်တော့ဘူး။
အဲဒီညမှာ Tyler ရိုက်ခဲ့တဲ့ ပုံက သိပ်အသက်ဝင်တယ်၊ ဘယ်လိုလဲ ဆိုတော့ ကောင်လေးတွေ မှန်းချင်စရာကောင်းလောက်အောင် အသက်ဝင်တာမျိုးပေ့ါ။ အမှန်တော့ ဒီကိစ္စ ဒီမှာတင် ပြီးသင့်တာ၊ Why so serious Courtney? မခုပ်တတ်တဲ့ ကြောင်လုပ်ချင်တာ အမြဲတမ်းတော့ မကောင်းပါဘူး။ ညက မူးလို့ဖြစ်သွားတာပါလို့ တောင်းပန်ခံရမယ့်အစား ဘာမှ မပြောခံရတာကမှ ဂုဏ်သိက္ခာရှိပါသေးတယ်ကွာ။ ထပ်ဇာတ်နာရပါတယ်။
Tyler အကြောင်းပြောတဲ့ အခါ သူ့မရင့်ကျက်မှု တနည်းအားဖြင့် ယုတ်မာမှုကို ခွင့်လွှတ်လို့ ရပါတယ်။ ကိုယ်ချစ်တဲ့သူဆီက Date လုပ်ဖို့ ငြင်းခံရတာလေ။ အဲ့ဒီအတွက်လည်း သူညတိုင်းပြန်ခံစားနေရတော့မယ်။ အိမ်ပြတင်းပေါက်ကို ခဲကျမှ မဟုတ်ပါဘူး Tyler ရယ်၊ မင်းနှလုံးသားဟာလည်း ခဲဆွဲထားသလို အမြဲ လေးလံနေတော့မှာပါ၊ မဟုတ်ဘူးလား။
Clay ကတော့ Making my own justice လို့ ဒီတစ်ခါ သတ္တိရှိရှိတုံ့ပြန်လိုက်ပြီလေ။ Go ahead Clay! နောက်တစ်ပိုင်းမှာ ငါ မင်းနဲ့ တူတူရှိမယ်။

ရိုးလူ

13 Reasons Why Part 3

13 Reasons Why Part 3

Butterfly Effect တဲ့၊ တကယ္လို႔ လိပ္ျပာတစ္ေကာင္က အခ်ိန္မွန္ ေနရာမွန္တစ္ခုမွာ အေတာင္ပံခတ္လိုက္ရင္ မုိင္ေထာင္ေပါင္းမ်ားစြာ အေဝးမွာ ဟာရီကိန္းေတြ တုိက္သြားႏုိင္တယ္တဲ့။
တကယ့္ဘဝမွာေရာ အဲဒီလိုလား။ သူစိမ္းတစ္ေယာက္ဟာ ကိုယ္တို႔ ႏွစ္ေယာက္ၾကားထဲ ဝင္ျပီး ဒီလို လြယ္လြယ္ေလးဖ်က္ဆီးသြားလိမ့္မယ္လို႔ ထင္ေတာင္ မထင္ခဲ့ဘူးမလား။
ထားပါ။ အရာရာတုိင္းမွာ ျဖစ္လာရတဲ့ အေၾကာင္းရင္းရွိတယ္ဆိုတာကို ဒီအပိုင္းမွာ ျမင္ႏုိင္တယ္။ Justin တစ္ေယာက္ ဘာလို႔ ဆိုးခ်င္ရလဲဆိုတဲ့ ေနာက္ကြယ္က အေၾကာင္းတရားကို ပါးပါးေလးလွစ္ဟျပတာ စိတ္ဝင္စားစရာေကာင္းတယ္။
လူဆုိးေတြလည္း ေကာင္းတဲ့ အရာေတြ ပိုင္ဆုိင္ခြင့္ရွိတယ္ဆိုတာ Justin က ျပသြားတယ္၊ သူ႔မွာ သူငယ္ခ်င္းေကာင္းတစ္ေယာက္နဲ႔ ဝမ္းနည္းအားငယ္တဲ့အခါ မွီတြယ္စရာ ပခံုးတစ္ဖက္ငွားမယ့္ ခ်စ္သူေကာင္းတစ္ေယာက္နဲ႔။
Alex Standall, The Cause of the Hurricane.. Gloomy Sunday ကိုမွ ေက်ာင္းပြဲမွာ တီးခ်င္တဲ့သူ၊ တကယ္ေတာ့ Alex အမွားလုပ္ခဲ့လား၊ မလုပ္ခဲ့ဘူးလား ငါလည္း မေသခ်ာဘူး။ Hannah က အေသးအဖြဲကအစ လိုက္ခံစားတတ္တာလည္း ျဖစ္ခ်င္ျဖစ္မွာေပ့ါ။ဒီအရြယ္မွာ Alex တင္မဟုတ္၊ ဘယ္သူမဆို Commitments ေတြ လုပ္ဖို႔ ခက္ခဲမွာပဲေလ။
Mrs.Baker (Olivia Baker ) ကေရာ ခုမွ ဘာကို သိခ်င္ေနခဲ့တာလဲ။ Courtney ကေရာ ..ဝမ္းနည္းျပတာပါပဲ.. ဒါေပမယ့္ အေမတစ္ေယာက္အေနနဲ႔ေတာ့ ကိုယ့္သမီး ဘာေတြ မုန္းမွန္းအလြယ္တကူ သိျပန္ေပ့ါ။
ႏွင္းဆီပန္းေတြကို Cliche’လို႔ ထင္တဲ့ Hannah ရယ္၊ ကုိယ္သေဘာက်ေနတဲ့ ေကာင္မေလးကို လၾကတ္တာတူတူၾကည့္ရေအာင္လို႔ Date တဲ့ ေၾကာင္ေတာင္ေတာင္ေကာင္ေလး Clay ရယ္.. ။Date တစ္ခုဟာ ဒီေလာက္အူေၾကာင္ေၾကာင္ႏုိင္မွန္း ေတြးမရခဲ့ဘူး၊ ရုိးရုိးေလးေတြးၾကည့္ရင္ေတာ့ ရိုးရိုးေလးပဲ ခ်စ္စရာေကာင္းပါတယ္ေပ့ါ။
အထက္တန္းေက်ာင္းေတြမွာ လိင္ပုိင္းဆုိင္ရာ စေနာက္တာေတြ ရွိတယ္၊ ပုတ္ခတ္တာေတြ ရွိတယ္၊ ဒါကို ငါတို႔ ၾကံဳခဲ့ရသလို Hannah လည္း အေသအခ်ာၾကံဳခဲ့ရတယ္။ ဒါဘာထူးျခားလဲ.. ထူးျခားသြားတာက ကိုယ့္သူငယ္ခ်င္းအရင္းျဖစ္တဲ့ သူက ဒါမ်ိဳးလုပ္တဲ့အခါမွာပဲ။
Hannah က တကယ့္ကို အမိုက္စားေကာင္မေလးပါပဲ၊တစ္ခုခုျဖစ္ရင္ ေျဖရွင္းလိုက္ရမွ ဆိုတာမ်ိဳးေလ၊ ေယာက်ာ္ေလးအဝတ္လဲခန္းထဲထိ ဝင္ျပီး ဝုန္းဒုိင္းၾကဲဖို႔လည္း ဝန္မေလးခဲ့ဘူး။ ဒီလိုမိန္းကေလးမ်ိဳးဟာ Tape ကို ဆက္နားေထာင္ရမွာေတာင္ ေၾကာက္တဲ့ Clay နဲ႔ (ကိုယ့္အျမင္) နည္းနည္းမွကို မလုိက္ဘူး။
Hannah ဟာ အစြမ္းရွိသေလာက္ေတာ့ ေတာင့္ခံခဲ့ပံုရပါတယ္။ ဒါေပမယ့္ Alex ရဲ့ ဘာမွ မဟုတ္တဲ့ စကားဟာ သူ႔ကို ပစ္မွတ္တစ္ခုျဖစ္ေစခဲ့တဲ့ အခါမွာေတာ့ ...
ဘဝဟာ အျမဲတမ္းေတာ့ စိတ္ဝင္စားဖို႔ ေကာင္းမေနပါဘူး၊ ဒီေတာ့ ဒီတစ္ပိုင္းဟာလည္း ဒီေလာက္စိတ္ဝင္စားဖို မေကာင္းတာ မထူးဆန္းဘူး၊ ေနာက္တစ္ပုိင္းဆက္ၾကည့္လုိက္ရေအာင္ ဒါေပမယ့္ Hannah ေျပာသလိုပဲ.. Be careful, don’t get caught!

ရိုးလူ

[Unicode]

13 Reasons Why Part 3

Butterfly Effect တဲ့၊ တကယ်လို့ လိပ်ပြာတစ်ကောင်က အချိန်မှန် နေရာမှန်တစ်ခုမှာ အတောင်ပံခတ်လိုက်ရင် မိုင်ထောင်ပေါင်းများစွာ အဝေးမှာ ဟာရီကိန်းတွေ တိုက်သွားနိုင်တယ်တဲ့။
တကယ့်ဘဝမှာရော အဲဒီလိုလား။ သူစိမ်းတစ်ယောက်ဟာ ကိုယ်တို့ နှစ်ယောက်ကြားထဲ ဝင်ပြီး ဒီလို လွယ်လွယ်လေးဖျက်ဆီးသွားလိမ့်မယ်လို့ ထင်တောင် မထင်ခဲ့ဘူးမလား။

ထားပါ။ အရာရာတိုင်းမှာ ဖြစ်လာရတဲ့ အကြောင်းရင်းရှိတယ်ဆိုတာကို ဒီအပိုင်းမှာ မြင်နိုင်တယ်။ Justin တစ်ယောက် ဘာလို့ ဆိုးချင်ရလဲဆိုတဲ့ နောက်ကွယ်က အကြောင်းတရားကို ပါးပါးလေးလှစ်ဟပြတာ စိတ်ဝင်စားစရာကောင်းတယ်။

လူဆိုးတွေလည်း ကောင်းတဲ့ အရာတွေ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာ Justin က ပြသွားတယ်၊ သူ့မှာ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ ဝမ်းနည်းအားငယ်တဲ့အခါ မှီတွယ်စရာ ပခုံးတစ်ဖက်ငှားမယ့် ချစ်သူကောင်းတစ်ယောက်နဲ့။

Alex Standall, The Cause of the Hurricane.. Gloomy Sunday ကိုမှ ကျောင်းပွဲမှာ တီးချင်တဲ့သူ၊ တကယ်တော့ Alex အမှားလုပ်ခဲ့လား၊ မလုပ်ခဲ့ဘူးလား ငါလည်း မသေချာဘူး။ Hannah က အသေးအဖွဲကအစ လိုက်ခံစားတတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေ့ါ။ဒီအရွယ်မှာ Alex တင်မဟုတ်၊ ဘယ်သူမဆို Commitments တွေ လုပ်ဖို့ ခက်ခဲမှာပဲလေ။

Mrs.Baker (Olivia Baker ) ကရော ခုမှ ဘာကို သိချင်နေခဲ့တာလဲ။ Courtney ကရော ..ဝမ်းနည်းပြတာပါပဲ.. ဒါပေမယ့် အမေတစ်ယောက်အနေနဲ့တော့ ကိုယ့်သမီး ဘာတွေ မုန်းမှန်းအလွယ်တကူ သိပြန်ပေ့ါ။

နှင်းဆီပန်းတွေကို Cliche’လို့ ထင်တဲ့ Hannah ရယ်၊ ကိုယ်သဘောကျနေတဲ့ ကောင်မလေးကို လကြတ်တာတူတူကြည့်ရအောင်လို့ Date တဲ့ ကြောင်တောင်တောင်ကောင်လေး Clay ရယ်.. ။Date တစ်ခုဟာ ဒီလောက်အူကြောင်ကြောင်နိုင်မှန်း တွေးမရခဲ့ဘူး၊ ရိုးရိုးလေးတွေးကြည့်ရင်တော့ ရိုးရိုးလေးပဲ ချစ်စရာကောင်းပါတယ်ပေ့ါ။

အထက်တန်းကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ စနောက်တာတွေ ရှိတယ်၊ ပုတ်ခတ်တာတွေ ရှိတယ်၊ ဒါကို ငါတို့ ကြုံခဲ့ရသလို Hannah လည်း အသေအချာကြုံခဲ့ရတယ်။ ဒါဘာထူးခြားလဲ.. ထူးခြားသွားတာက ကိုယ့်သူငယ်ချင်းအရင်းဖြစ်တဲ့ သူက ဒါမျိုးလုပ်တဲ့အခါမှာပဲ။

Hannah က တကယ့်ကို အမိုက်စားကောင်မလေးပါပဲ၊တစ်ခုခုဖြစ်ရင် ဖြေရှင်းလိုက်ရမှ ဆိုတာမျိုးလေ၊ ယောကျာ်လေးအဝတ်လဲခန်းထဲထိ ဝင်ပြီး ဝုန်းဒိုင်းကြဲဖို့လည်း ဝန်မလေးခဲ့ဘူး။ ဒီလိုမိန်းကလေးမျိုးဟာ Tape ကို ဆက်နားထောင်ရမှာတောင် ကြောက်တဲ့ Clay နဲ့ (ကိုယ့်အမြင်) နည်းနည်းမှကို မလိုက်ဘူး။

Hannah ဟာ အစွမ်းရှိသလောက်တော့ တောင့်ခံခဲ့ပုံရပါတယ်။ ဒါပေမယ့် Alex ရဲ့ ဘာမှ မဟုတ်တဲ့ စကားဟာ သူ့ကို ပစ်မှတ်တစ်ခုဖြစ်စေခဲ့တဲ့ အခါမှာတော့ ...

ဘဝဟာ အမြဲတမ်းတော့ စိတ်ဝင်စားဖို့ ကောင်းမနေပါဘူး၊ ဒီတော့ ဒီတစ်ပိုင်းဟာလည်း ဒီလောက်စိတ်ဝင်စားဖို မကောင်းတာ မထူးဆန်းဘူး၊ နောက်တစ်ပိုင်းဆက်ကြည့်လိုက်ရအောင် ဒါပေမယ့် Hannah ပြောသလိုပဲ.. Be careful, don’t get caught!

ရိုးလူ



အခ်စ္မွာ အေၾကာင္းျပခ်က္႐ွိသလား၊မ႐ွိဘူးလား?? စံခ်ိန္စံၫႊန္း႐ွိလား မ႐ွိဘူးလား???


အခ်စ္မွာ အေၾကာင္းျပခ်က္ရွိသလား၊ မရွိဘူးလား။ စံခ်ိန္စံညႊန္းရွိလား၊ မရွိဘူးလား။

ေထြရာေလးပါးစဥ္းစားရင္း ဒီေခါင္းစဥ္ ေခါင္းထဲေရာက္လာတယ္။ လူေတြေျပာၾကတာ ၾကားဖူး ပါတယ္၊"ငါ သူ႔ကို ဘာေၾကာင့္ခ်စ္မိမွန္း မသိပါဘူးကြာ" ဆိုတာမ်ိဳး၊ ဒါမ်ိဳးကို ေကာင္ဆိုးေလးေတြ၊မိန္းမဆိုးေလးေတြကို ခ်စ္မိတဲ့ သူေတြ၊ ဒါမွ မဟုတ္ အမ်ားက မတူဘူး မတန္ဘူး မလိုက္ပါဘူး ေျပာခံရတဲ့ အတြဲေတြ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ အၾကိဳက္ခ်င္းတစ္စက္မွ မတူတဲ့ အတြဲေတြမွာ ခပ္ညည္းညည္းေလး ေျပာတာ ၾကားဖူးတာပါ။
ဒါလည္း ျဖစ္ႏုိင္ပါတယ္၊ ဘာေၾကာင့္မွန္းမသိ ခ်စ္မိပါတယ္ဆိုတဲ့ Statement ကိုေပါ့။ ကၽြန္ေတာ္ကေတာ့ အခ်စ္မွာ အေၾကာင္းျပခ်က္တစ္ခုခု (အနည္းဆံုး ဖံုးဝွက္ထားသည္ပဲ ျဖစ္ျဖစ္) ရွိတယ္လို႔ ယံုၾကည္တဲ့အတြက္ အဲဒီဘက္က ေရးမွာပါ။
ျမင္ျမင္ခ်င္းခ်စ္တယ္ဆိုတာကို မယံုၾကည္ပါဘူး၊ ျမင္ျမင္ခ်င္း တျမည့္ျမည့္ တသသျဖစ္တယ္ဆိုတာ မရွိမဟုတ္၊ ရွိႏုိင္ေပမယ့္ ရာခုိင္ႏႈန္းဆို ၁% ေလာက္ပဲ ရွိမွာပါ။ ဒါေတာင္ ေနာက္၁လ၊ ၂လၾကာလို႔ ေမ့ေပ်ာက္သြားမယ္ဆိုရင္ ျမင္ျမင္ခ်င္း ၾကိဳက္တာ ျဖစ္သြားပါျပီ။
အခ်စ္မွာ အေၾကာင္းျပခ်က္မရွိဘူးဆိုေပမယ့္ သူ႔ကိုေတြ႔ေတြ႔ခ်င္း၊ သိသိခ်င္းမွာ ကိုယ္သေဘာက်တဲ့၊ ကုိယ့္စိတ္ကို လႈပ္ခတ္သြားေစတဲ့ အျပဳအမူ၊အေျပာအဆို၊ အသံဟန္ပန္အမူအရာတစ္ခုနဲ႔ ရင္ကို စထိခတ္ရတာပါပဲ။ ဒါေၾကာင့္လည္း အခ်စ္အေၾကာင္းမတရားဖြဲ႔တဲ့ ဝတၳဳေတြမွာေတာင္ 'ငါသူ႔ကို သတိထားမိတာ အဲဒီ မ်က္ဝန္းညိဳေလးေတြကေပါ့'ဆိုတဲ့ အဖြဲ႔မ်ိဳးကို ေတြ႔ရတာပါ။
မယံုမရွိပါနဲ႔။ သုေတသနျပဳမႈေတြအရ လူေတြဟာ ကုိယ္အထင္မၾကီးတဲ့ သူကို ခ်စ္လို႔ မရပါဘူးတဲ့။ ဘယ္ေလာက္ပဲ လူသတ္၊ဝရမ္းေျပး လူဆိုးၾကီးကို ခ်စ္ပါတယ္ဆိုတဲ့ သူကို ေမးၾကည့္ရင္.. သူဒီလို ၾကမ္းရမ္းေယာက္က်ားဆန္တာေလးကိုမွ သေဘာက်လို႔ ဆိုတဲ့ အခ်က္ကို ေတြ႔ရတာမ်ိဳးေတြပါ၊ ဒီလိုပဲ..အျပန္အလွန္အေနနဲ႔ ဘယ္ေလာက္ပဲ မိုးပ်ံေအာင္ေတာ္ပါေစ၊ကိုယ္ေတာ္ေတ္ာအထင္ေသးတဲ့ အခ်က္ရွိရင္ ၾကိဳက္လို႔ မရပါဘူးတဲ့။
ဒီေနရာမွာ စိတ္ပညာေလ့လာခ်က္တစ္ခုက လာပါျပီ..လူေတြရဲ့ မသိစိတ္မွာ ပံုေဖာ္ထားတဲ့ တစ္စံုတစ္ေယာက္ရွိတယ္ဗ်၊ တျခားသူေတြနဲ႔ ေပါင္းသင္းဆက္ဆံရင္လည္း သိစိတ္က ဒီတုိင္းေပါင္းလိုက္တာပဲဆိုရင္ေတာင္ မသိစိတ္က အဲ့ဒီ တစ္စံုတစ္ေယာက္နဲ႔ သူ႔အလိုလို ခ်ိန္ထိုးအကဲျဖတ္ေနပါလိမ့္မယ္..။ ဒါေၾကာင့္ပဲ တခ်ိဳ႕မွာ ရည္းစားေဟာင္းေတြရဲ့ မ်က္ႏွာဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ဆင္တူလို၊စက္ရုံထြက္ေတြလို ျဖစ္ေနတာ။ ရည္းစားေဟာင္းေတြ အၾကိဳက္ခ်င္းတူတာ၊ အက်င့္ခ်င္းတူတာေတြကို ထူးထူးဆန္းဆန္းေတြ႔ရတာပါ။
ဒါကေတာ့ အေၾကာင္းျပခ်က္လိုမလို ဆိုတဲ့ အပိုင္းကို ေျပာခ်င္တာ ျဖစ္ျပီး ေနာက္တစ္ခ်က္ကေတာ့ စံခ်ိန္စံညႊန္းပိုင္းေပ့ါ။
ဟုတ္ပါျပီ၊ ရင္ခုန္သံကိုပဲ ၾကားနာျပီး ခ်စ္ပါျပီတဲ့။ အဆင္မေျပႏုိင္ဘူးလား၊ ေျပသမွ ေျပတာေပ့ါဗ်ာ၊ ေရတိုအတြက္ေပ့ါ။ လူႏွစ္ေယာက္ခ်စ္ၾကျပီဆိုတာနဲ႔ ခႏၶာကိုယ္ဟာ သူနဲ႔ သက္ဆိုင္ရာ ေဟာ္မုန္းေတြ ထြက္ပါတယ္ခင္ဗ်ာ၊ ဒါေတြေၾကာင့္ပဲ ပိုခ်စ္လာတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ေဟာ္မုန္းဆိုတဲ့ အတုိင္း အျမဲထြက္ေနတာ မဟုတ္ေတာ့ ေနာက္တစ္ႏွစ္တန္သည္၊ ႏွစ္ႏွစ္တန္သည္မွာ မထြက္ေတာ့ပဲ မခ်စ္ေတာ့သလို ခံစားရတတ္ပါတယ္။ ဒါေၾကာင့္ပဲ သမီးရညး္စားေတြ၊ လင္မယားေတြ ကြဲၾကတာမ်ိဳးေပါ့။
ေနာက္ျပီးေတာ့ ဘဝမွာ ခ်စ္ေရး၊ၾကိဳက္ေရးတင္ မဟုတ္ဘဲ စီးပြားေရးေတြ၊ သမီးသားအေရးေတြ၊မိသားစုေရးေတြ ပါလာျပီး ပင္ပန္းၾကတဲ့အခါ အရင္လို ခ်စ္ဖ်စ္ညစ္တစ္စိတ္ေတြ ေပ်ာက္ျပီး သည္းမခံႏုိင္၊အက္ေၾကာင္းေလးေတြ ထလာတတ္ပါတယ္။
ဒီအခ်ိန္မွာ အိမ္ေထာင္သည္ေတြက သံေယာဇဥ္ေတြ၊ သားသမီးေတြနဲ႔ ကိုယ့္ RS ကို ဆက္ထိန္းျပီးေတာ့၊ လူလြတ္ရည္းစားေတြကေတာ့ ကြဲၾကတာ မ်ားပါတယ္။ ျပီးမွ ျပန္ၾကိဳက္တာကေတာ့ တစ္မ်ိဳးေပါ့ေလ။
ဒီေနရာမွာ ခုန ေရတို၊ ေရရွည္ကိစၥ စကားေျပာလာပါျပီ။ အခ်စ္တစ္ခုကုန္သြားတဲ့ အခ်ိန္မွာ အျပစ္ေတြ ျမင္လာတတ္ၾကပါတယ္။ နဂိုက ေကာငး္တဲ့ သူ ျဖစ္ရင္ေတာင္၊ အျပစ္ျမင္တတ္ၾကပါတယ္ဆို၊ နဂိုတည္းက သိပ္သေဘာမက်ခဲ့တဲ့သူဆိုရင္ေတာ့ ျပီးပါေလေရာပဲ။ ခုလက္ရွိ RS ေတြကြဲတယ္၊ စႏႈိက္ေၾကာ္ေတြ ဝင္တယ္ဆိုတာ ဒါမ်ိဳးပါပဲ။ ႏွလံုးသားက အခ်ိန္ၾကာလို႔ ထံုလာတဲ့ အခ်ိန္မွာ ဦးေႏွာက္က ပိုသာတယ္(လို႔) ထင္တဲ့ သူကို ေရြးတတ္တာမ်ိဳးေၾကာင့္ပါ။
ဒီလို ထံုလာခ်ိန္မွာ ကိုယ္သေဘာက်စရာအခ်က္ေတြ အမ်ားၾကီးရွိတဲ့ သူဆိုရင္ေတာ့ တစ္ေယာက္ကို တစ္ေယာက္ လြယ္လြယ္နဲ႔ ဆံုးရႈံးခံၾကမွာ မဟုတ္ဘဲ တတ္ႏိုင္သမွ် ခုိင္ျမဲေအာင္ ၾကိဳးစားၾကမယ္လို႔ ကၽြန္ေတာ္ကေတာ့ ျမင္ပါတယ္။
အသက္ၾကီးလာတာနဲ႔အမွ် အရင္လို ရုပ္ရည္ေတြ၊ ဂုဏ္ေတြ ၾကည့္တာထက္ Intellectual level ကို လိုက္ျပီးပဲ ေပါင္းႏုိင္တာ သိသာလာပါတယ္။ ကိုနဲ႔ စကားေျပာရတာ အဆင္မေျပရင္ ဘယ္ေလာက္ခ်စ္ခ်စ္ အဆင္မေျပဘူးလို႔ပဲ သတ္မွတ္လာၾကတာမ်ိဳးပါ။
ကဲပါ! ဒီေလာက္ထိေျပာေနလို႔ အခ်စ္က အေရးမပါဘူးမဟုတ္ပါဘူး။ အခ်စ္သာ မပါရင္ ဒီစာပိုဒ္ကို ဒီထိေတာင္ ဆက္ဖတ္စရာလိုမယ္ မထင္ပါဘူးခင္ဗ်ာ။

ရိုးလူ

[Unicode]

အချစ်မှာ အကြောင်းပြချက်ရှိသလား၊ မရှိဘူးလား။ စံချိန်စံညွှန်းရှိလား၊ မရှိဘူးလား။


ထွေရာလေးပါးစဉ်းစားရင်း ဒီခေါင်းစဉ် ခေါင်းထဲရောက်လာတယ်။ လူတွေပြောကြတာ ကြားဖူး ပါတယ်၊"ငါ သူ့ကို ဘာကြောင့်ချစ်မိမှန်း မသိပါဘူးကွာ" ဆိုတာမျိုး၊ ဒါမျိုးကို ကောင်ဆိုးလေးတွေ၊မိန်းမဆိုးလေးတွေကို ချစ်မိတဲ့ သူတွေ၊ ဒါမှ မဟုတ် အများက မတူဘူး မတန်ဘူး မလိုက်ပါဘူး ပြောခံရတဲ့ အတွဲတွေ၊ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းတစ်စက်မှ မတူတဲ့ အတွဲတွေမှာ ခပ်ညည်းညည်းလေး ပြောတာ ကြားဖူးတာပါ။

ဒါလည်း ဖြစ်နိုင်ပါတယ်၊ ဘာကြောင့်မှန်းမသိ ချစ်မိပါတယ်ဆိုတဲ့ Statement ကိုပေါ့။ ကျွန်တော်ကတော့ အချစ်မှာ အကြောင်းပြချက်တစ်ခုခု (အနည်းဆုံး ဖုံးဝှက်ထားသည်ပဲ ဖြစ်ဖြစ်) ရှိတယ်လို့ ယုံကြည်တဲ့အတွက် အဲဒီဘက်က ရေးမှာပါ။

မြင်မြင်ချင်းချစ်တယ်ဆိုတာကို မယုံကြည်ပါဘူး၊ မြင်မြင်ချင်း တမြည့်မြည့် တသသဖြစ်တယ်ဆိုတာ မရှိမဟုတ်၊ ရှိနိုင်ပေမယ့် ရာခိုင်နှုန်းဆို ၁% လောက်ပဲ ရှိမှာပါ။ ဒါတောင် နောက်၁လ၊ ၂လကြာလို့ မေ့ပျောက်သွားမယ်ဆိုရင် မြင်မြင်ချင်း ကြိုက်တာ ဖြစ်သွားပါပြီ။

အချစ်မှာ အကြောင်းပြချက်မရှိဘူးဆိုပေမယ့် သူ့ကိုတွေ့တွေ့ချင်း၊ သိသိချင်းမှာ ကိုယ်သဘောကျတဲ့၊ ကိုယ့်စိတ်ကို လှုပ်ခတ်သွားစေတဲ့ အပြုအမူ၊အပြောအဆို၊ အသံဟန်ပန်အမူအရာတစ်ခုနဲ့ ရင်ကို စထိခတ်ရတာပါပဲ။ ဒါကြောင့်လည်း အချစ်အကြောင်းမတရားဖွဲ့တဲ့ ဝတ္ထုတွေမှာတောင် 'ငါသူ့ကို သတိထားမိတာ အဲဒီ မျက်ဝန်းညိုလေးတွေကပေါ့'ဆိုတဲ့ အဖွဲ့မျိုးကို တွေ့ရတာပါ။

မယုံမရှိပါနဲ့။ သုတေသနပြုမှုတွေအရ လူတွေဟာ ကိုယ်အထင်မကြီးတဲ့ သူကို ချစ်လို့ မရပါဘူးတဲ့။ ဘယ်လောက်ပဲ လူသတ်၊ဝရမ်းပြေး လူဆိုးကြီးကို ချစ်ပါတယ်ဆိုတဲ့ သူကို မေးကြည့်ရင်.. သူဒီလို ကြမ်းရမ်းယောက်ကျားဆန်တာလေးကိုမှ သဘောကျလို့ ဆိုတဲ့ အချက်ကို တွေ့ရတာမျိုးတွေပါ၊ ဒီလိုပဲ..အပြန်အလှန်အနေနဲ့ ဘယ်လောက်ပဲ မိုးပျံအောင်တော်ပါစေ၊ကိုယ်တော်တေ်ာအထင်သေးတဲ့ အချက်ရှိရင် ကြိုက်လို့ မရပါဘူးတဲ့။

ဒီနေရာမှာ စိတ်ပညာလေ့လာချက်တစ်ခုက လာပါပြီ..လူတွေရဲ့ မသိစိတ်မှာ ပုံဖော်ထားတဲ့ တစ်စုံတစ်ယောက်ရှိတယ်ဗျ၊ တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရင်လည်း သိစိတ်က ဒီတိုင်းပေါင်းလိုက်တာပဲဆိုရင်တောင် မသိစိတ်က အဲ့ဒီ တစ်စုံတစ်ယောက်နဲ့ သူ့အလိုလို ချိန်ထိုးအကဲဖြတ်နေပါလိမ့်မယ်..။ ဒါကြောင့်ပဲ တချို့မှာ ရည်းစားဟောင်းတွေရဲ့ မျက်နှာဟာ တစ်ယောက်နဲ့ တစ်ယောက်ဆင်တူလို၊စက်ရုံထွက်တွေလို ဖြစ်နေတာ။ ရည်းစားဟောင်းတွေ အကြိုက်ချင်းတူတာ၊ အကျင့်ချင်းတူတာတွေကို ထူးထူးဆန်းဆန်းတွေ့ရတာပါ။

ဒါကတော့ အကြောင်းပြချက်လိုမလို ဆိုတဲ့ အပိုင်းကို ပြောချင်တာ ဖြစ်ပြီး နောက်တစ်ချက်ကတော့ စံချိန်စံညွှန်းပိုင်းပေ့ါ။

ဟုတ်ပါပြီ၊ ရင်ခုန်သံကိုပဲ ကြားနာပြီး ချစ်ပါပြီတဲ့။ အဆင်မပြေနိုင်ဘူးလား၊ ပြေသမှ ပြေတာပေ့ါဗျာ၊ ရေတိုအတွက်ပေ့ါ။ လူနှစ်ယောက်ချစ်ကြပြီဆိုတာနဲ့ ခန္ဓာကိုယ်ဟာ သူနဲ့ သက်ဆိုင်ရာ ဟော်မုန်းတွေ ထွက်ပါတယ်ခင်ဗျာ၊ ဒါတွေကြောင့်ပဲ ပိုချစ်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဟော်မုန်းဆိုတဲ့ အတိုင်း အမြဲထွက်နေတာ မဟုတ်တော့ နောက်တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည်မှာ မထွက်တော့ပဲ မချစ်တော့သလို ခံစားရတတ်ပါတယ်။ ဒါကြောင့်ပဲ သမီးရည်းစားတွေ၊ လင်မယားတွေ ကွဲကြတာမျိုးပေါ့။

နောက်ပြီးတော့ ဘဝမှာ ချစ်ရေး၊ကြိုက်ရေးတင် မဟုတ်ဘဲ စီးပွားရေးတွေ၊ သမီးသားအရေးတွေ၊မိသားစုရေးတွေ ပါလာပြီး ပင်ပန်းကြတဲ့အခါ အရင်လို ချစ်ဖျစ်ညစ်တစ်စိတ်တွေ ပျောက်ပြီး သည်းမခံနိုင်၊အက်ကြောင်းလေးတွေ ထလာတတ်ပါတယ်။

ဒီအချိန်မှာ အိမ်ထောင်သည်တွေက သံယောဇဉ်တွေ၊ သားသမီးတွေနဲ့ ကိုယ့် RS ကို ဆက်ထိန်းပြီးတော့၊ လူလွတ်ရည်းစားတွေကတော့ ကွဲကြတာ များပါတယ်။ ပြီးမှ ပြန်ကြိုက်တာကတော့ တစ်မျိုးပေါ့လေ။

ဒီနေရာမှာ ခုန ရေတို၊ ရေရှည်ကိစ္စ စကားပြောလာပါပြီ။ အချစ်တစ်ခုကုန်သွားတဲ့ အချိန်မှာ အပြစ်တွေ မြင်လာတတ်ကြပါတယ်။ နဂိုက ကောင်းတဲ့ သူ ဖြစ်ရင်တောင်၊ အပြစ်မြင်တတ်ကြပါတယ်ဆို၊ နဂိုတည်းက သိပ်သဘောမကျခဲ့တဲ့သူဆိုရင်တော့ ပြီးပါလေရောပဲ။ ခုလက်ရှိ RS တွေကွဲတယ်၊ စနှိုက်ကြော်တွေ ဝင်တယ်ဆိုတာ ဒါမျိုးပါပဲ။ နှလုံးသားက အချိန်ကြာလို့ ထုံလာတဲ့ အချိန်မှာ ဦးနှောက်က ပိုသာတယ်(လို့) ထင်တဲ့ သူကို ရွေးတတ်တာမျိုးကြောင့်ပါ။

ဒီလို ထုံလာချိန်မှာ ကိုယ်သဘောကျစရာအချက်တွေ အများကြီးရှိတဲ့ သူဆိုရင်တော့ တစ်ယောက်ကို တစ်ယောက် လွယ်လွယ်နဲ့ ဆုံးရှုံးခံကြမှာ မဟုတ်ဘဲ တတ်နိုင်သမျှ ခိုင်မြဲအောင် ကြိုးစားကြမယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ အရင်လို ရုပ်ရည်တွေ၊ ဂုဏ်တွေ ကြည့်တာထက် Intellectual level ကို လိုက်ပြီးပဲ ပေါင်းနိုင်တာ သိသာလာပါတယ်။ ကိုနဲ့ စကားပြောရတာ အဆင်မပြေရင် ဘယ်လောက်ချစ်ချစ် အဆင်မပြေဘူးလို့ပဲ သတ်မှတ်လာကြတာမျိုးပါ။

ကဲပါ! ဒီလောက်ထိပြောနေလို့ အချစ်က အရေးမပါဘူးမဟုတ်ပါဘူး။ အချစ်သာ မပါရင် ဒီစာပိုဒ်ကို ဒီထိတောင် ဆက်ဖတ်စရာလိုမယ် မထင်ပါဘူးခင်ဗျာ။

ရိုးလူ

အထူအပါး (၃)

အထူအပါး (၃)

မင္းအိမ္ျပန္အရမ္းေနာက္က်လို႔ ကိုယ္ေယာက္ယက္ခတ္ရတဲ့ညေတြမွာ
တိုက္တိုက္ဆိုင္ဆိုင္ပဲ မင္းဖုန္းေလးဟာ ဘက္ထရီအားကုန္ကုန္ေနတတ္တယ္။
သူတို႔ ေခၚသြားလို႔ ေနာက္က်တာဆိုတဲ့ စကားမွာ ကိုယ္က ျမင္ေတာင္ မျမင္ဖူးသူေတြကို ဆဲေရး၊ကိုယ့္ကိုယ္ကို ငရဲေပးမိတယ္။
အေစာႀကီး ျပန္ေရာက္ၿပီး ခ်က္ခ်င္းအိပ္ေပ်ာ္သြားတာလို႔ မနက္ခင္းမွာ ၾကားရဖို႔ တစ္ညလံုး ႏိုးတဝက္၊အိပ္တဝက္နဲ႔ ခ်စ္ျခင္းေမတၱာဟာ ေစာက္႐ူးသာျဖစ္တယ္လို႔ ေအာ္ေနမိတယ္...
မင္းေဘးမွာ ဘယ္ေကာင္႐ွိ႐ွိ ၊ဘယ္သူနဲ႔႐ွိ႐ွိိ မင္းအသက္နဲ႔ခႏၶာျမဲလ်က္သားေပ်ာ္ရႊင္ေနတယ္ဆိုရင္ေတာင္ ကိုယ္က ေက်နပ္တယ္။ခုေတာ့ ကိုယ္ဘာမွ မသိရဘဲ ဘယ္လိုအိပ္ေပ်ာ္ရမလဲကြယ္။
Are you still alive လို႔ေမးတိုင္း၊ ခြက္ထိုးခြက္လန္ရယ္ၿပီး Yes လို႔အေျဖေပးတိုင္း ၿငိမ္းေအးသြားတတ္တဲ့စိတ္ကိုလည္း ေစာက္႐ူးစိတ္လို႔ ထပ္ေခၚခ်င္တယ္။
ကိုယ္ေနမထိ ထိုင္မသာ ပူေလာင္ရသမ်ွ စြမ္းအင္အျဖစ္ေျပာင္းၿပီး မင္းဖုန္းမွာ အားဝင္သြားရင္လည္း ေကာင္းရဲ႕ေနာ္...။

ရိုးလူ

[Unicode]

အထူအပါး (၃)

မင်းအိမ်ပြန်အရမ်းနောက်ကျလို့ ကိုယ်ယောက်ယက်ခတ်ရတဲ့ညတွေမှာ

တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းဖုန်းလေးဟာ ဘက်ထရီအားကုန်ကုန်နေတတ်တယ်။

သူတို့ ခေါ်သွားလို့ နောက်ကျတာဆိုတဲ့ စကားမှာ ကိုယ်က မြင်တောင် မမြင်ဖူးသူတွေကို ဆဲရေး၊ကိုယ့်ကိုယ်ကို ငရဲပေးမိတယ်။

အစောကြီး ပြန်ရောက်ပြီး ချက်ချင်းအိပ်ပျော်သွားတာလို့ မနက်ခင်းမှာ ကြားရဖို့ တစ်ညလုံး နိုးတဝက်၊အိပ်တဝက်နဲ့ ချစ်ခြင်းမေတ္တာဟာ စောက်ရူးသာဖြစ်တယ်လို့ အော်နေမိတယ်...

မင်းဘေးမှာ ဘယ်ကောင်ရှိရှိ ၊ဘယ်သူနဲ့ရှိရှိ မင်းအသက်နဲ့ခန္ဓာမြဲလျက်သားပျော်ရွှင်နေတယ်ဆိုရင်တောင် ကိုယ်က ကျေနပ်တယ်။ခုတော့ ကိုယ်ဘာမှ မသိရဘဲ ဘယ်လိုအိပ်ပျော်ရမလဲကွယ်။

Are you still alive လို့မေးတိုင်း၊ ခွက်ထိုးခွက်လန်ရယ်ပြီး Yes လို့အဖြေပေးတိုင်း ငြိမ်းအေးသွားတတ်တဲ့စိတ်ကိုလည်း စောက်ရူးစိတ်လို့ ထပ်ခေါ်ချင်တယ်။

ကိုယ်နေမထိ ထိုင်မသာ ပူလောင်ရသမျှ စွမ်းအင်အဖြစ်ပြောင်းပြီး မင်းဖုန်းမှာ အားဝင်သွားရင်လည်း ကောင်းရဲ့နော်...။

ရိုးလူ

အထူအပါး (၂)

အထူအပါး (၂)

မင္းအိမ္က တစ္နာရီေလာက္ ေပ်ာက္ၿပီး တစ္ေယာက္ေယာက္နဲ႔ ႐ွိေနခ်ိန္ဟာ မင္းေခါင္းေလ်ွာ္ေနခ်ိန္ေတြျဖစ္ရင္ျဖစ္၊ဒါမွ မဟုတ္ ေမွးခနဲအိပ္ေပ်ာ္သြားတတ္တဲ့ အခ်ိန္ေတြျဖစ္တယ္လို႔ မွတ္ထားေပးရတယ္။
မင္းက ခုတေလာ ေခါင္းခဏခဏေလ်ွာ္၊ခဏခဏေမွးခနဲအိပ္ေပ်ာ္ေနတာပဲေနာ္...
အိမ္ကို အခ်ိန္မီျပန္မေရာက္တဲ့ အေခါက္ေတြမွာေတာ့ မီးျပတ္လို႔ ေခါင္းေျခာက္ေအာင္ သုတ္ေနရပါတယ္ဆိုတာေလးပါ ပိုလာတယ္။
မင္းဆံပင္ဖ်ားက က်လာေနတဲ့ေရစက္ေလးေတြ၊မင္းအိပ္မႈန္စံုမႊားမ်က္ႏွာေလးကို ဟာကြက္မ႐ွိေအာင္ ေျပာသမွ်လိုက္ပံုေဖာ္ၾကည့္ေပးပါ့မယ္။
မိုးႀကိဳးပစ္ကြာလို႔ ခ်စ္စဖြယ္ေျပာတိုင္း၊ ဘယ္အရပ္ေရာက္ေရာက္ မိုးၿခိမ္းသံေတြ ျကားတာနဲ႔ အေျပးအလြွားဆုေတာင္းအမႈျပဳရတယ္
"မင္း.....သြားလမ္းသာလို႔ လာလမ္းေျဖာင့္ပါေစကြယ္"

ရိုးလူ
[Unicode]

အထူအပါး (၂)

မင်းအိမ်က တစ်နာရီလောက် ပျောက်ပြီး တစ်ယောက်ယောက်နဲ့ ရှိနေချိန်ဟာ မင်းခေါင်းလျှော်နေချိန်တွေဖြစ်ရင်ဖြစ်၊ဒါမှ မဟုတ် မှေးခနဲအိပ်ပျော်သွားတတ်တဲ့ အချိန်တွေဖြစ်တယ်လို့ မှတ်ထားပေးရတယ်။

မင်းက ခုတလော ခေါင်းခဏခဏလျှော်၊ခဏခဏမှေးခနဲအိပ်ပျော်နေတာပဲနော်...

အိမ်ကို အချိန်မီပြန်မရောက်တဲ့ အခေါက်တွေမှာတော့ မီးပြတ်လို့ ခေါင်းခြောက်အောင် သုတ်နေရပါတယ်ဆိုတာလေးပါ ပိုလာတယ်။

မင်းဆံပင်ဖျားက ကျလာနေတဲ့ရေစက်လေးတွေ၊မင်းအိပ်မှုန်စုံမွှားမျက်နှာလေးကို ဟာကွက်မရှိအောင် ပြောသမျှလိုက်ပုံဖော်ကြည့်ပေးပါ့မယ်။

မိုးကြိုးပစ်ကွာလို့ ချစ်စဖွယ်ပြောတိုင်း၊ ဘယ်အရပ်ရောက်ရောက် မိုးခြိမ်းသံတွေ ကြားတာနဲ့ အပြေးအလွှားဆုတောင်းအမှုပြုရတယ်

"မင်း.....သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေကွယ်"

ရိုးလူ


အထူအပါး (၁)

အထူအပါး (၁)

မင္းကေတာ့ လ်ွာ႐ုိးမ႐ွိဘဲ စကားေတြ ေျပာလို႔။ သိေစခ်င္တဲ့ ေနရာမွာ ဖိလို႔၊မသိေစခ်င္တဲ့ ေနရာမွာ ေဖာ့လို႔ ။ျကာလာေတာ့ မင္းအသံဟာ ၈နာရီသတင္းေၾကညာတဲ့ မိန္းမႀကီးေလသံမ်ိဴး ျဖစ္လာတယ္။ ဘာၿပီးဘာလာမယ္ အလြတ္ရလို႔။
ငါကေတာ့ မ်က္ေတာင္ေလး ပုတ္ခတ္၊ပုတ္ခတ္လုပ္လို႔၊ ပါးစပ္ေလး ဟလို႔၊ေခါင္းၿငိမ့္ေခါင္းခါ သံေယာင္လိုက္မသိက်ိဳးကြၽံျပဳလို႔။ အဲ့ဒါ နိစၥဓူဝေလ။
ပံုျပင္ေျပာတမ္းေဆာ့ျကသလို ေပ်ာ္ရဲ႕မလား။
ရိုးလူ

[Unicode]

အထူအပါး (၁)


မင်းကတော့ လျှာရိုးမရှိဘဲ စကားတွေ ပြောလို့။ သိစေချင်တဲ့ နေရာမှာ ဖိလို့၊မသိစေချင်တဲ့ နေရာမှာ ဖော့လို့ ။ကြာလာတော့ မင်းအသံဟာ ၈နာရီသတင်းကြေညာတဲ့ မိန်းမကြီးလေသံမျိူး ဖြစ်လာတယ်။ ဘာပြီးဘာလာမယ် အလွတ်ရလို့။
ငါကတော့ မျက်တောင်လေး ပုတ်ခတ်၊ပုတ်ခတ်လုပ်လို့၊ ပါးစပ်လေး ဟလို့၊ခေါင်းငြိမ့်ခေါင်းခါ သံယောင်လိုက်မသိကျိုးကျွံပြုလို့။ အဲ့ဒါ နိစ္စဓူဝလေ။
ပုံပြင်ပြောတမ်းဆော့ကြသလို ပျော်ရဲ့မလား။

ရိုးလူ

ဆုေတာင္း

[Zawgyi]

ဆုေတာင္း

ကိုယ္နာက်င္ပူေလာင္ခဲ့ရသမွ်
မင္း ျငိမး္ခ်မ္းေအးျမပါေစေၾကာငး္။   ။

ရိုးလူ

[Unicode]

ဆုတောင်း

ကိုယ်နာကျင်ပူလောင်ခဲ့ရသမျှ
မင်း ငြိမ်းချမ်းအေးမြပါစေကြောင်း။ ။

ရိုးလူ

13 Reasons Why Part 2

[Zawgyi]


13 Reasons Why Part 2

Welcome back တဲ့ Hannah က ႏႈတ္ဆက္တယ္။ ကမာၻေလာကၾကီးကေရာ ျပန္ႏႈတ္ဆက္ပါရဲ့လား။
ဒီေနရာမွာ Clay ေရာ ၊ ငါေရာ နားမလည္ႏုိင္တာက ေအးစက္မႈေတြ ၊ ဘာမွ မလုပ္ခဲ့တာေတြက အျပစ္ျဖစ္သြားသတဲ့လား။
သူငယ္ခ်င္းဆက္ဆံေရးဆိုတာ ရႈပ္ေထြးပါတယ္တဲ့ ၊ အမွန္ပဲ Clay ေရ ။ မင္းတုိ႔၊ Hannah တို႔ ၾကံဳခဲ့ရသလုိပဲ သူငယ္ခ်င္းဆက္ဆံေရးဟာ ထင္သေလာက္ မလြယ္ မေႏြးေထြးတာေတြ ရွိရဲ့။
Best friend .. သူငယ္ခ်င္းေကာင္းေတြလို႔ ယံုၾကည္ခဲ့ၾကတယ္၊ ေတြ႔ခဲ့ၾကတယ္။ စေတြ႔တည္းက အၾကိဳက္တူတာေတြ ရွိ၊ မတူတာေတြ ရွိ ၊ အသက္ေတြ ၾကီးတဲ့ထိ ခင္သြားဖို႔ ဒီလိုပဲ ညွိယူႏုိင္မယ္ ထင္ထားၾကတာပဲ၊ ဒါေပမယ့္ ဘဝက ဒီေလာက္မရိုးရွင္းဘူး Clay ရဲ့။
Hannah နဲ႔ Jessica တုိ႔ ဇာတ္လမ္းေရာ ဘယ္သူက တကယ္မ်ား မွားလို႔လဲ။ အထက္တန္းေက်ာင္းပံုျပင္ေတြထဲက ျဖစ္ေနက် တစ္ပုဒ္ပဲ။ Monet’s မွာ ေခ်ာကလက္ပူႏွစ္ခြက္နဲ႔ သူမ်ား မေကာင္းေၾကာင္း၊ ကုိယ္ေကာင္းေၾကာင္း ေျပာခ်င္ ေျပာမယ္၊ ေလာကၾကီးကုိ ဆဲပစ္မယ္။ ဒီထိ ရိုးရွင္းေသးတယ္။ ေနာက္ပုိင္း ခက္သြားတာက မိန္းမႏွစ္ေယာက္နဲ႔ ေယာက္က်ားတစ္ေယာက္ပါဝင္တဲ့ သူငယ္ခ်င္းမ်ား ဇာတ္လမ္းျဖစ္လာလို႔ပဲ၊ ေကာ္ဖီတစ္ခြက္အတြက္ ခံုေပၚမွာ ေနရာနည္းနည္းဖယ္ေပးရတာမ်ိဳးေပါ့။
လူေတြဟာ စိတ္ေျပာင္းလဲလြယ္ၾကတယ္၊ သူငယ္ခ်င္းသံေယာဇဥ္ကေန ခ်က္ခ်င္းအေရာင္ဆိုးသြားႏုိင္တယ္၊ စိတ္ထဲေတာ့ ကုိယ့္ထက္ သူမ်ားကို ပိုဦးစားေပးတာ လူတိုင္းက ဘယ္ၾကိဳက္ပါ့မလဲ Hannah ရယ္၊ ျဖစ္ရိုးျဖစ္စဥ္ေတြပါ။ ဒါေပမယ့္ မင္းက မ်ိဳသိပ္ႏုိင္ခဲ့ပါတယ္။ ရုပ္ရွင္ရုံမွာ Alex ကုိမွ ကြက္ျပီး လက္မွတ္ဖိုးေတာင္းတဲ့ ကေလးဆန္မႈေလးကလြဲလို႔ေပါ့။
ဒါေပမယ့္ ဒါေပမယ့္ေပါ့ေလ... အေပၚမွာ ေျပာခဲ့သလိုပဲ မင္းရဲ့ မ်ိဳသိပ္ႏုိင္မႈ၊ ေအးစက္မႈေတြအတြက္ ဘယ္သူ
အသိအမွတ္ျပဳလဲ။ အသိအမွတ္ျပဳမႈက ပါးေပၚက်လာတဲ့ လက္ဝါးတစ္ခ်က္လား ။ လူေတြက ကိုယ္မသိတာကို မသိေၾကာင္းေျပာတဲ့အခါ “Don’t act innocence” လို႔ ေျပာခံရတာက အခံရခက္ဆံုး၊ နားမလည္ႏုိင္ဆံုး စကားတစ္ခြန္းျဖစ္ေနမယ္ဆိုတာ Hannah .. မင္းအစား ငါနားလည္တယ္။
“You needed it to be my fault, so it was my fault” တဲ့၊ နားမလည္ျခင္းေတြကို လွလွပပအလံျဖဴျပလိုက္တဲ့ စကား။ ဆယ္ေက်ာ္သက္ဘဝမွာ သူငယ္ခ်င္းက ဘယ္ေလာက္အေရးၾကီးတယ္ဆိုတာ မင္းမသိဘူး Jessica ရယ္၊ ေက်လည္မယ္ဆို ေစလိုရာသာ လုပ္သြားပါေတာ့ ဆိုတာမ်ိဳး။
Clay ကေတာ့ စံတင္ရပါတယ္။ ေနွးတယ္၊ ေတြေဝတယ္၊ ကိုယ့္ဘဝကိုယ္ဆံုးျဖတ္သြားရဲတဲ့ Hannah ရဲ့ တိပ္ေခြကိုေတာင္ ဆက္နားမေထာင္ရဲေလာက္ေအာင္ ေသြးေၾကာင္တာမ်ိဳးလည္း ရွိရဲ့။
အမွန္တရားဆိုတာလည္း Clay တိပ္ေခြနားေထာင္သလိုေပါ့၊ တျဖည္းျဖည္းနဲ႔ ေနာက္က်မွ ေရာက္လာတာမ်ိဳး။ ဒါေၾကာင့္ပဲ Jessica က Justin ကို “If Hannah was lying, why are you here” လို႔ ေမးခဲ့တာေပ့ါ။
Hannah လိမ္ခဲ့သလား၊ အရာရာအားလံုး .. သူ႔မိဘေတြ အပါအဝင္ေပါ့၊ လြန္သြားျပီးမွ ကိုယ့္သမီးအေၾကာင္းကိုယ္နားမလည္ခဲ့တဲ့ ေနာင္တအျပည့္နဲ႔ မိဘေတြေလ။ ပဲ့ေၾကြခဲ့သမွ် တစ္စစီ ျပန္လိုက္ေကာက္ေနရေသာ သူေတြ။
ငါတို႔ေရာ အခ်ိန္လြန္ကာမွ ေနာင္တေတြနဲ႔ တစစီျပန္လိုက္ေကာက္ေနရတာမ်ိဳးရွိလား။ ရွိရင္ လက္ေထာင္ပါ၊ Part 3 ကို ၾကည့္ျပီး ဆက္လက္အသက္ရွဴက်ပ္ၾကတာေပါ့။

ရိုးလူ

[Unicode]

13 Reasons Why Part 2

Welcome back တဲ့ Hannah က နှုတ်ဆက်တယ်။ ကမ္ဘာလောကကြီးကရော ပြန်နှုတ်ဆက်ပါရဲ့လား။
ဒီနေရာမှာ Clay ရော ၊ ငါရော နားမလည်နိုင်တာက အေးစက်မှုတွေ ၊ ဘာမှ မလုပ်ခဲ့တာတွေက အပြစ်ဖြစ်သွားသတဲ့လား။
သူငယ်ချင်းဆက်ဆံရေးဆိုတာ ရှုပ်ထွေးပါတယ်တဲ့ ၊ အမှန်ပဲ Clay ရေ ။ မင်းတို့၊ Hannah တို့ ကြုံခဲ့ရသလိုပဲ သူငယ်ချင်းဆက်ဆံရေးဟာ ထင်သလောက် မလွယ် မနွေးထွေးတာတွေ ရှိရဲ့။
Best friend .. သူငယ်ချင်းကောင်းတွေလို့ ယုံကြည်ခဲ့ကြတယ်၊ တွေ့ခဲ့ကြတယ်။ စတွေ့တည်းက အကြိုက်တူတာတွေ ရှိ၊ မတူတာတွေ ရှိ ၊ အသက်တွေ ကြီးတဲ့ထိ ခင်သွားဖို့ ဒီလိုပဲ ညှိယူနိုင်မယ် ထင်ထားကြတာပဲ၊ ဒါပေမယ့် ဘဝက ဒီလောက်မရိုးရှင်းဘူး Clay ရဲ့။
Hannah နဲ့ Jessica တို့ ဇာတ်လမ်းရော ဘယ်သူက တကယ်များ မှားလို့လဲ။ အထက်တန်းကျောင်းပုံပြင်တွေထဲက ဖြစ်နေကျ တစ်ပုဒ်ပဲ။ Monet’s မှာ ချောကလက်ပူနှစ်ခွက်နဲ့ သူများ မကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း ပြောချင် ပြောမယ်၊ လောကကြီးကို ဆဲပစ်မယ်။ ဒီထိ ရိုးရှင်းသေးတယ်။ နောက်ပိုင်း ခက်သွားတာက မိန်းမနှစ်ယောက်နဲ့ ယောက်ကျားတစ်ယောက်ပါဝင်တဲ့ သူငယ်ချင်းများ ဇာတ်လမ်းဖြစ်လာလို့ပဲ၊ ကော်ဖီတစ်ခွက်အတွက် ခုံပေါ်မှာ နေရာနည်းနည်းဖယ်ပေးရတာမျိုးပေါ့။
လူတွေဟာ စိတ်ပြောင်းလဲလွယ်ကြတယ်၊ သူငယ်ချင်းသံယောဇဉ်ကနေ ချက်ချင်းအရောင်ဆိုးသွားနိုင်တယ်၊ စိတ်ထဲတော့ ကိုယ့်ထက် သူများကို ပိုဦးစားပေးတာ လူတိုင်းက ဘယ်ကြိုက်ပါ့မလဲ Hannah ရယ်၊ ဖြစ်ရိုးဖြစ်စဉ်တွေပါ။ ဒါပေမယ့် မင်းက မျိုသိပ်နိုင်ခဲ့ပါတယ်။ ရုပ်ရှင်ရုံမှာ Alex ကိုမှ ကွက်ပြီး လက်မှတ်ဖိုးတောင်းတဲ့ ကလေးဆန်မှုလေးကလွဲလို့ပေါ့။
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ... အပေါ်မှာ ပြောခဲ့သလိုပဲ မင်းရဲ့ မျိုသိပ်နိုင်မှု၊ အေးစက်မှုတွေအတွက် ဘယ်သူ 
အသိအမှတ်ပြုလဲ။ အသိအမှတ်ပြုမှုက ပါးပေါ်ကျလာတဲ့ လက်ဝါးတစ်ချက်လား ။ လူတွေက ကိုယ်မသိတာကို မသိကြောင်းပြောတဲ့အခါ “Don’t act innocence” လို့ ပြောခံရတာက အခံရခက်ဆုံး၊ နားမလည်နိုင်ဆုံး စကားတစ်ခွန်းဖြစ်နေမယ်ဆိုတာ Hannah .. မင်းအစား ငါနားလည်တယ်။
“You needed it to be my fault, so it was my fault” တဲ့၊ နားမလည်ခြင်းတွေကို လှလှပပအလံဖြူပြလိုက်တဲ့ စကား။ ဆယ်ကျော်သက်ဘဝမှာ သူငယ်ချင်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းမသိဘူး Jessica ရယ်၊ ကျေလည်မယ်ဆို စေလိုရာသာ လုပ်သွားပါတော့ ဆိုတာမျိုး။
Clay ကတော့ စံတင်ရပါတယ်။ နှေးတယ်၊ တွေဝေတယ်၊ ကိုယ့်ဘဝကိုယ်ဆုံးဖြတ်သွားရဲတဲ့ Hannah ရဲ့ တိပ်ခွေကိုတောင် ဆက်နားမထောင်ရဲလောက်အောင် သွေးကြောင်တာမျိုးလည်း ရှိရဲ့။
အမှန်တရားဆိုတာလည်း Clay တိပ်ခွေနားထောင်သလိုပေါ့၊ တဖြည်းဖြည်းနဲ့ နောက်ကျမှ ရောက်လာတာမျိုး။ ဒါကြောင့်ပဲ Jessica က Justin ကို “If Hannah was lying, why are you here” လို့ မေးခဲ့တာပေ့ါ။
Hannah လိမ်ခဲ့သလား၊ အရာရာအားလုံး .. သူ့မိဘတွေ အပါအဝင်ပေါ့၊ လွန်သွားပြီးမှ ကိုယ့်သမီးအကြောင်းကိုယ်နားမလည်ခဲ့တဲ့ နောင်တအပြည့်နဲ့ မိဘတွေလေ။ ပဲ့ကြွေခဲ့သမျှ တစ်စစီ ပြန်လိုက်ကောက်နေရသော သူတွေ။
ငါတို့ရော အချိန်လွန်ကာမှ နောင်တတွေနဲ့ တစစီပြန်လိုက်ကောက်နေရတာမျိုးရှိလား။ ရှိရင် လက်ထောင်ပါ၊ Part 3 ကို ကြည့်ပြီး ဆက်လက်အသက်ရှူကျပ်ကြတာပေါ့။

ရိုးလူ

13 Reasons Why Part 1

[Zawgyi]


13 Reasons Why Part 1

Hey, it’s Hannah. Hannah Baker
အေခြထဲမွာ ပထမဆံုး ေျခာက္ကပ္ကပ္ႏႈတ္ဆက္သံပဲ ၾကားတယ္၊ ဒါမွ မဟုတ္ အႏုိင္ပုိင္းသြားရလို႔ စိတ္ေပ့ါသြားတဲ့ အသံမ်ိဳးေပါ့။
Locker ထဲမွာ ေခတ္ေက်ာင္းသူတစ္ေယာက္နဲ႔ မလိုက္ ဘာမွ မထားခဲ့ဘူး၊ လူေတြရဲ့ စိတ္ထဲကိုေတာ့ တစ္ခုခုကို ထည့္ထားခဲ့ႏုိင္တယ္။ အဲ့ဒါ Hannah ပဲ။
Hannah ဟာ Popcorn ေပၚက ေထာပတ္ကိုပဲ ၾကိဳက္တဲ့သူမ်ိဳးလား၊ Clayရယ္.. Clay Jensen .. မငး္က အူေၾကာင္ေၾကာင္ရယ္..ဘာမွ သိမွာမဟုတ္ဘူး။
ဒီဆံပင္အေကာက္၊ ခပ္ျပည့္ျပည့္ေကာင္မေလးကို စိတ္ဝင္စားတာပဲ သိတယ္၊ ဘယ္လိုလိုက္ရမယ္မွန္းေတာင္ သိတာ မဟုတ္ဘူး။ ဘဝမွာ ဘယ္တိုက္ပြဲကိုမွ ေတာ္လွန္လိုစိတ္နဲ႔ တုိက္မလာခဲ့တဲ့ ေကာင္ကိုး။ဆံပင္ပံုပ်က္မွာကို မေၾကာက္ဘဲ Helmet ေဆာင္းျပီး Mama’s boy လုပ္မယ့္ ေကာင္ေလး။
Hannah ဟာ မင္းမွန္းတဲ့အထဲမွာ ခန္႔မွန္းနားလည္ရခက္တာ တစ္ခုပဲ မွန္တယ္။ Hannah ဟာ ေသြးဆူတယ္၊ စိတ္လႈပ္ရွားရတာ ၾကဳိက္တယ္၊ မင္းအက်ီ္အေပၚၾကယ္သီးကို ျဖဳတ္တဲ့ လက္ေခ်ာင္းေတြမွာတည္းက သူ႔တက္ၾကြမႈကို မင္းရွာေတြ႔ခဲ့ရမွာ။
မင္းက မင္းခံစားခ်က္ကို ၾကယ္သီးျပည့္တပ္ျပီး ဖံုးကြယ္ထားတဲ့ အခ်ိန္မွာ Justin Foley ကေတာ့ အေပၚပိုင္းဗလာနဲ႔ ရင္ဖြင့္ျပသြားခဲ့တာေပ့ါ။
Justin Foley ေလကြာ.. ခပ္မိုက္မိုက္၊ ခပ္ခ်ိဳခ်ိဳအျပံဳးနဲ႔ အားကစားသမား။ Hannah လိုပဲ ေသြးေႏြးသတၱဝါ၊ သိပ္ခ်စ္စရာေကာင္းတဲ့ ေကာင္ေလးေပါ့ ၊ Hannah အတြက္ ဥာဏ္ဆင္ျပီး ေရလာေျမာင္းေပးရေအာင္ ခပ္မိုက္မုိက္ဘဲေလး။
Hannah ဟာ ကုိယ္လုပ္ခ်င္ရာအတြက္ သတၱိရွိခဲ့ေၾကာင္း Justin နဲ႔ ေက်ာင္းကားေပၚက ကိစၥတည္းက မင္းသိခဲ့ရမွာ မင္းတားခဲ့ရမွာ Clay ရာ။
အိမ္က်ပ္တဲ့ ကေလးေတြက ပိုျပီး မုိက္ရူးရဲတတ္တယ္တဲ့၊ ေဝးေဝးမၾကည့္နဲ႔.. Hannah ကြာ။ သူသေဘာက်တဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ ပန္းျခံထဲမွာ နမ္းဖို႔ ၾကံစည္ျပီးသား၊ ဘယ္ေလာက္ ရဲရင့္လုိက္သလဲ။
သူ႔ရဲ့ ခပ္မိုက္မုိက္အေတြးစိတ္ကူးဟာ ဓာတ္ပံုတစ္ပံု အင္တာနက္ေပၚမျပန္႔ခင္အထိေပ့ါ။ မင္းကေရာ ဘယ္ေလာက္တံုးအမွာလဲ.. You really hurt my feeling လို႔ ေျပာခံရတဲ့ အထိလား။
ရိုးသားမႈဟာ ဆြဲေဆာင္မႈမရွိဘူးတဲ့လား၊ မင္းတစ္ခ်ိန္လံုး သင္ၾကားနားေထာင္လာရတဲ့ ေလာကနီတိလက္စြဲနဲ႔ေတာ့ ခပ္လြဲလြဲျဖစ္ေနတယ္ေပ့ါ Clay ရာ။ ဘဝက ခပ္ခက္ခက္ရယ္ပါ။

ရိုးလူ
[Unicode]

13 Reasons Why Part 1

Hey, it’s Hannah. Hannah Baker

အခွေထဲမှာ ပထမဆုံး ခြောက်ကပ်ကပ်နှုတ်ဆက်သံပဲ ကြားတယ်၊ ဒါမှ မဟုတ် အနိုင်ပိုင်းသွားရလို့ စိတ်ပေ့ါသွားတဲ့ အသံမျိုးပေါ့။
Locker ထဲမှာ ခေတ်ကျောင်းသူတစ်ယောက်နဲ့ မလိုက် ဘာမှ မထားခဲ့ဘူး၊ လူတွေရဲ့ စိတ်ထဲကိုတော့ တစ်ခုခုကို ထည့်ထားခဲ့နိုင်တယ်။ အဲ့ဒါ Hannah ပဲ။
Hannah ဟာ Popcorn ပေါ်က ထောပတ်ကိုပဲ ကြိုက်တဲ့သူမျိုးလား၊ Clayရယ်.. Clay Jensen .. မင်းက အူကြောင်ကြောင်ရယ်..ဘာမှ သိမှာမဟုတ်ဘူး။
ဒီဆံပင်အကောက်၊ ခပ်ပြည့်ပြည့်ကောင်မလေးကို စိတ်ဝင်စားတာပဲ သိတယ်၊ ဘယ်လိုလိုက်ရမယ်မှန်းတောင် သိတာ မဟုတ်ဘူး။ ဘဝမှာ ဘယ်တိုက်ပွဲကိုမှ တော်လှန်လိုစိတ်နဲ့ တိုက်မလာခဲ့တဲ့ ကောင်ကိုး။ဆံပင်ပုံပျက်မှာကို မကြောက်ဘဲ Helmet ဆောင်းပြီး Mama’s boy လုပ်မယ့် ကောင်လေး။

Hannah ဟာ မင်းမှန်းတဲ့အထဲမှာ ခန့်မှန်းနားလည်ရခက်တာ တစ်ခုပဲ မှန်တယ်။ Hannah ဟာ သွေးဆူတယ်၊ စိတ်လှုပ်ရှားရတာ ကြိုက်တယ်၊ မင်းအကျီ်အပေါ်ကြယ်သီးကို ဖြုတ်တဲ့ လက်ချောင်းတွေမှာတည်းက သူ့တက်ကြွမှုကို မင်းရှာတွေ့ခဲ့ရမှာ။

မင်းက မင်းခံစားချက်ကို ကြယ်သီးပြည့်တပ်ပြီး ဖုံးကွယ်ထားတဲ့ အချိန်မှာ Justin Foley ကတော့ အပေါ်ပိုင်းဗလာနဲ့ ရင်ဖွင့်ပြသွားခဲ့တာပေ့ါ။
Justin Foley လေကွာ.. ခပ်မိုက်မိုက်၊ ခပ်ချိုချိုအပြုံးနဲ့ အားကစားသမား။ Hannah လိုပဲ သွေးနွေးသတ္တဝါ၊ သိပ်ချစ်စရာကောင်းတဲ့ ကောင်လေးပေါ့ ၊ Hannah အတွက် ဉာဏ်ဆင်ပြီး ရေလာမြောင်းပေးရအောင် ခပ်မိုက်မိုက်ဘဲလေး။
Hannah ဟာ ကိုယ်လုပ်ချင်ရာအတွက် သတ္တိရှိခဲ့ကြောင်း Justin နဲ့ ကျောင်းကားပေါ်က ကိစ္စတည်းက မင်းသိခဲ့ရမှာ မင်းတားခဲ့ရမှာ Clay ရာ။
အိမ်ကျပ်တဲ့ ကလေးတွေက ပိုပြီး မိုက်ရူးရဲတတ်တယ်တဲ့၊ ဝေးဝေးမကြည့်နဲ့.. Hannah ကွာ။ သူသဘောကျတဲ့ ကောင်လေးတစ်ယောက်နဲ့ ပန်းခြံထဲမှာ နမ်းဖို့ ကြံစည်ပြီးသား၊ ဘယ်လောက် ရဲရင့်လိုက်သလဲ။
သူ့ရဲ့ ခပ်မိုက်မိုက်အတွေးစိတ်ကူးဟာ ဓာတ်ပုံတစ်ပုံ အင်တာနက်ပေါ်မပြန့်ခင်အထိပေ့ါ။ မင်းကရော ဘယ်လောက်တုံးအမှာလဲ.. You really hurt my feeling လို့ ပြောခံရတဲ့ အထိလား။
ရိုးသားမှုဟာ ဆွဲဆောင်မှုမရှိဘူးတဲ့လား၊ မင်းတစ်ချိန်လုံး သင်ကြားနားထောင်လာရတဲ့ လောကနီတိလက်စွဲနဲ့တော့ ခပ်လွဲလွဲဖြစ်နေတယ်ပေ့ါ Clay ရာ။ ဘဝက ခပ်ခက်ခက်ရယ်ပါ။

ရိုးလူ