Saturday, October 28, 2017

The Outsider

[Zawgyi]

The Outsider


အျပင္က လူပါ။
အျပင္မွာပဲ ေနတယ္။
ေရပန္း႐ုပ္ေ႐ွ႕ ဆုေတာင္းၿပီး အေႂကြေစ့ေတြ ပစ္လိုက္သလို ဟေနတဲ့ တံခါးၾကားက ေမတၱာတရားေတြ ပစ္ထည့္လိုက္တယ္၊ ဆုေတာင္းေတြ တကယ္ျပည့္မျပည့္ မျငင္းခံုသလိုေပါ့၊ ေမတၱာတရားေတြ တကယ္ေရာက္မေရာက္ စိုးရြံ႔ျခင္းမ႐ွိဘူး။
တံခါးကို မဖ်က္ဘူး၊ မေခါက္ဘူး။
ၿငိမ္ၿငိမ္ေလးပဲ ရပ္ေနမွာ။ တည္႐ွိေၾကာင္း မျပခ်င္လို႔ အသက္ေတာင္ တိုးတိုး႐ွဴတယ္။
အျပင္မွာ ေနရတာၾကာလို႔ အထဲဝင္ဖို႔ အသားမက်တာလည္း ျဖစ္ရင္ျဖစ္မယ္။
အျပင္မွာ ေႏြဦးေလ၊ ပန္းေတြ ပြင့္ေနၿပီ ကေလးေရ၊ ေနေရာင္က ရႊန္းလဲ့လက္ျဖာလို႔ ၊ ဟထားတဲ့ တံခါးၾကားက ထြက္ၾကည့္ပါဦးလို႔ စိတ္ထဲက တိုးတိုးဖြဖြေျပာၿပီး တံခါးေ႐ွ႕ ေျခစံုရပ္ေနမိတယ္။
အဆင္ေျပပါတယ္။ ဒါေပမယ့္ ကိုယ္မလိမ္ပါဘူး။ တခ်ိဳ႕ရက္ေတြမွာ အျပင္ေလေတြက ေအးစက္လြန္းရဲ႕။
ရိုးလူ

[Unicode]

The Outsider

အပြင်က လူပါ။
အပြင်မှာပဲ နေတယ်။
ရေပန်းရုပ်ရှေ့ ဆုတောင်းပြီး အကြွေစေ့တွေ ပစ်လိုက်သလို ဟနေတဲ့ တံခါးကြားက မေတ္တာတရားတွေ ပစ်ထည့်လိုက်တယ်၊ ဆုတောင်းတွေ တကယ်ပြည့်မပြည့် မငြင်းခုံသလိုပေါ့၊ မေတ္တာတရားတွေ တကယ်ရောက်မရောက် စိုးရွံ့ခြင်းမရှိဘူး။
တံခါးကို မဖျက်ဘူး၊ မခေါက်ဘူး။
ငြိမ်ငြိမ်လေးပဲ ရပ်နေမှာ။ တည်ရှိကြောင်း မပြချင်လို့ အသက်တောင် တိုးတိုးရှူတယ်။
အပြင်မှာ နေရတာကြာလို့ အထဲဝင်ဖို့ အသားမကျတာလည်း ဖြစ်ရင်ဖြစ်မယ်။
အပြင်မှာ နွေဦးလေ၊ ပန်းတွေ ပွင့်နေပြီ ကလေးရေ၊ နေရောင်က ရွှန်းလဲ့လက်ဖြာလို့ ၊ ဟထားတဲ့ တံခါးကြားက ထွက်ကြည့်ပါဦးလို့ စိတ်ထဲက တိုးတိုးဖွဖွပြောပြီး တံခါးရှေ့ ခြေစုံရပ်နေမိတယ်။
အဆင်ပြေပါတယ်။ ဒါပေမယ့် ကိုယ်မလိမ်ပါဘူး။ တချို့ရက်တွေမှာ အပြင်လေတွေက အေးစက်လွန်းရဲ့။
ရိုးလူ


No comments:

Post a Comment