Friday, October 27, 2017

တစ္စံုတစ္ေယာက္ဟာ by name နဲ႔သာ လာပါတယ္

[Zawgyi]

တစ္စံုတစ္ေယာက္ဟာ by name နဲ႔သာ လာပါတယ္

လူေတြဟာ ညည္းတတ္ၾကတယ္။
"အနားမွာ တစ္စံုတစ္ေယာက္႐ွိရင္ ေကာင္းမယ္" ဒါမွ မဟုတ္ "ငါ့ကို ခ်စ္တဲ့သူ တစ္ေယာက္ေယာက္႐ွိရင္ ေကာင္းမွာပဲ" ေပါ့။
တစ္စံုတစ္ေယာက္ကို ႐ွာၾကတယ္၊ တစ္စံုတစ္ေယာက္႐ွိလာေအာင္ ႀကိဳးစားၾကတယ္၊ အားထုတ္ၾကတယ္။ တစ္စံုတစ္ေယာက္ ကိုယ့္နားလာဖို႔ ေနရာကြက္လပ္ေလး ခ်န္ထားေပးတတ္ၾကတယ္။
အခ်ိန္အတိုင္းအတာ တစ္ခုကြာရင္ ကြာမယ္၊ အခ်ိန္တစ္ခုေရာက္ရင္ေတာ့ တစ္စံုတစ္ေယာက္ ဒါမွ မဟုတ္ တစ္စံုတစ္ေယာက္ထက္ ပိုေသာေတြ ေရာက္လာၾကမယ္၊ ေရာက္လာၾကတယ္၊ ကြက္လပ္ဝင္ျဖည့္ၾကမယ္။
အဲဒီမွာ ေတြ႕ထိ စကားေျပာၾကည့္ၾကတဲ့ အခါ ကိုယ့္တစ္စံုတစ္ေယာက္မဟုတ္ဘူးလို႔ တြန္းကန္ၾကတယ္၊ ဒီတစ္စံုတစ္ေယာက္ေတာ့ မဟုတ္ေသးပါဘူးတို႔၊ တစ္စံုတစ္ေယာက္ကို မလိုေတာ့ပါဘူး ျဖစ္ၾကျပန္ေရာ။
ေျပာခ်င္တာက တစ္စံုတစ္ေယာက္႐ွိေစခ်င္တယ္ဆိုတဲ့ စိတ္ဟာ အိပ္မက္ထဲမွာ ျမင္ရတဲ့ မ်က္ႏွာလို ဝိုးတဝါးမဟုတ္ပါဘူး။ FB မွာ profile pic မတင္ထားသလို Anonymous figure ပံုနဲ႔လည္း မဟုတ္ပါဘူး။ ခင္ဗ်ားတို႔၊ ကြၽန္ေတာ္တို႔သာ မသိတာ၊ ကြၽန္ေတာ္တို႔ စိတ္ထဲမွာ တစ္စံုတစ္ေယာက္႐ွိေစခ်င္တယ္ဆိုတာ သတ္မွတ္ထားတဲ့ "သူတစ္ေယာက္ေယာက္"ကို ႐ွိေစခ်င္တာပါ။ ကိုယ္သတ္မွတ္ထားတဲ့ သူေပ့ါ၊ by name နဲ႔ လာတဲ့ တစ္စံုတစ္ေယာက္ပါ။
အဲ့ဒါကို မသိေတာ့ ေဘးမွာ တစ္စံုတစ္ေယာက္ေတြ၊ ႏွစ္စံု ႏွစ္ေယာက္ေတြ၊ သံုးပြင့္ဆိုင္ေတြ၊ ငါးေထာင့္ၾကယ္ေတြ ျဖစ္ကုန္ၾကတာ။ 
ရိုးလူ


[Unicode]

တစ်စုံတစ်ယောက်ဟာ by name နဲ့သာ လာပါတယ်


လူတွေဟာ ညည်းတတ်ကြတယ်။
"အနားမှာ တစ်စုံတစ်ယောက်ရှိရင် ကောင်းမယ်" ဒါမှ မဟုတ် "ငါ့ကို ချစ်တဲ့သူ တစ်ယောက်ယောက်ရှိရင် ကောင်းမှာပဲ" ပေါ့။
တစ်စုံတစ်ယောက်ကို ရှာကြတယ်၊ တစ်စုံတစ်ယောက်ရှိလာအောင် ကြိုးစားကြတယ်၊ အားထုတ်ကြတယ်။ တစ်စုံတစ်ယောက် ကိုယ့်နားလာဖို့ နေရာကွက်လပ်လေး ချန်ထားပေးတတ်ကြတယ်။
အချိန်အတိုင်းအတာ တစ်ခုကွာရင် ကွာမယ်၊ အချိန်တစ်ခုရောက်ရင်တော့ တစ်စုံတစ်ယောက် ဒါမှ မဟုတ် တစ်စုံတစ်ယောက်ထက် ပိုသောတွေ ရောက်လာကြမယ်၊ ရောက်လာကြတယ်၊ ကွက်လပ်ဝင်ဖြည့်ကြမယ်။
အဲဒီမှာ တွေ့ထိ စကားပြောကြည့်ကြတဲ့ အခါ ကိုယ့်တစ်စုံတစ်ယောက်မဟုတ်ဘူးလို့ တွန်းကန်ကြတယ်၊ ဒီတစ်စုံတစ်ယောက်တော့ မဟုတ်သေးပါဘူးတို့၊ တစ်စုံတစ်ယောက်ကို မလိုတော့ပါဘူး ဖြစ်ကြပြန်ရော။
ပြောချင်တာက တစ်စုံတစ်ယောက်ရှိစေချင်တယ်ဆိုတဲ့ စိတ်ဟာ အိပ်မက်ထဲမှာ မြင်ရတဲ့ မျက်နှာလို ဝိုးတဝါးမဟုတ်ပါဘူး။ FB မှာ profile pic မတင်ထားသလို Anonymous figure ပုံနဲ့လည်း မဟုတ်ပါဘူး။ ခင်ဗျားတို့၊ ကျွန်တော်တို့သာ မသိတာ၊ ကျွန်တော်တို့ စိတ်ထဲမှာ တစ်စုံတစ်ယောက်ရှိစေချင်တယ်ဆိုတာ သတ်မှတ်ထားတဲ့ "သူတစ်ယောက်ယောက်"ကို ရှိစေချင်တာပါ။ ကိုယ်သတ်မှတ်ထားတဲ့ သူပေ့ါ၊ by name နဲ့ လာတဲ့ တစ်စုံတစ်ယောက်ပါ။
အဲ့ဒါကို မသိတော့ ဘေးမှာ တစ်စုံတစ်ယောက်တွေ၊ နှစ်စုံ နှစ်ယောက်တွေ၊ သုံးပွင့်ဆိုင်တွေ၊ ငါးထောင့်ကြယ်တွေ ဖြစ်ကုန်ကြတာ။ 
ရိုးလူ
😁

No comments:

Post a Comment