Saturday, October 28, 2017

အကြက္လွလွ ေရႊ႕ၾကမယ္

[Zawgyi]

အကြက္လွလွ ေရႊ႕ၾကမယ္

သၾကၤန္မွာ တစ္ခုခုလည္း ေရးခ်င္တယ္။ ေခါင္းထဲလည္း ဒီအေၾကာင္းပဲ ေရာက္ေနေတာ့ ဒါပဲ ေရးလိုက္ေတာ့မယ္။
ေခတ္ကိုက ေရႊ႕ႏုိင္မွ ရမယ့္ ေခတ္ကို၊ အဲဒီေတာ့ ေရႊ႕ၾကမယ္ေပါ့။
ဟုတ္ျပီ။ မေရႊ႕ခင္ တစ္ခု ၾကိဳေျပာခ်င္ပါတယ္။ ေရႊ႕ေတာ့မယ္ဆို ကိုယ့္စိတ္ကိုယ္ကို အရင္ျပန္ေမးၾကည့္ပါ၊ ေရႊ႕ရတာ ေပ်ာ္တဲ့ သူလား၊ အဲဒီလို လုပ္လိုက္ရရင္ ေပ်ာ္မလားေပါ့။ ေပ်ာ္တယ္၊ လုပ္ႏုိ္္င္တယ္ဆို ေအာက္မွာ ဆက္ဖတ္ပါ။
ကဲ! ေရႊ႕ျပီဆိုတာနဲ႔ စအေရးၾကီးတာ Opening ေပ့ါ။ အဖြင့္ကုိ ဘယ္လို စမလဲ။ ဒီေနရာမွာ သတိခ်ပ္ရမွာက ေရႊ႕ေတာ့မယ္ဆို ဂယ္ေပါက္၊ ေျပးေပါက္ထားပါ၊ ဘယ္ေလာက္ က်ဥ္းထဲက်ပ္ထဲ က်က်၊ အသာေလးလွိ်ဳျပီး လစ္လာလို႔ ရမယ့္ အကြက္ေလးေပါ့။
Opening အတြက္ အထူၾကီး ေရႊ႕မွာလား၊ ပါးပါးေလး ေရႊ႕မွာလား စစဥ္းစားပါ။ အထူၾကီးဆိုတာ အတံုးလိုက္၊ အတစ္လိုက္ ေရႊ႕မယ္ေပါ့၊ လုပ္ကြက္အၾကမ္းၾကီးေတြ၊ ရုပ္ေတာ့ ေပါက္တယ္၊ ပတ္ဝန္းက်င္လည္း ရိပ္မိတယ္၊အေရႊ႕ခံရတဲ့ သူကလည္း ျမန္ျမန္သိႏုိင္မယ္၊၊ ဒါမယ့္ ကုိယ့္ဘက္ကေတာ့ ပိုသာယာမယ္ေပါ့။ ေသာက္ဂရုသိပ္မစိုက္တတ္တဲ့ သူေတြ လုပ္တဲ့ အကြက္မ်ိဳးေပါ့။
ပါးပါးေလးဆိုတာေတာ့ ဘာစကားမွ မက်ြံဘူးေပါ့ေလ၊ ဘာတာဝန္ယူမႈ၊ တာဝန္ခံမႈမွ မယူထားဘူး။ ဟိုဘက္ေရာက္ရင္ ဟိုဘက္မွာ ေပ်ာ္ျပီး၊ ဒီဘက္ေရာက္ရင္ ဒီဘက္မွာ ျငိမ္းေနေစရမယ္။ တစ္ခုေတာ့ ရွိတာေပ့ါ၊ အတံုးအတစ္မေရႊ႕ရဲေတာ့ ၂ဘက္လံုး စိတ္ခ်မ္းသာေအာင္ လုပ္ရတာ အေတာ္လက္ဝင္လက္ေပါက္ကပ္တာေပါ့၊ မလြယ္ဘူးေပ့ါ။ စိတ္ရွည္တဲ့ သူေတြ သံုးတဲ့ နညး္တစ္ခုပါ။
အလယ္ေလာက္ ေရာက္လာျပီဆို အထာေတြ ပိုနပ္လာပါလိမ့္မယ္။ ဘယ္သူက ဘယ္လိုအကြက္ခင္းတတ္တယ္၊ ဘယ္သူ႔ကိုေတာ့ ဘာလုပ္လို႔ မရဘူးေပါ့။ ဒါေတာင္ ၾကားထဲမွာ Failed ျဖစ္တဲ့ အၾကိမ္ေရေတြ၊ လူမိတဲ့ အကြက္ေတြ အမ်ားၾကီးျပီးမွ သိလာတတ္တာမ်ိဳးပါ။
အဲ..အဆံုးပုိင္းေရာက္လာျပီဆို သတိထားေတာ့ဗ်။ ကိုယ္က သားေကာင္လို႔ ထင္တဲ့ သူက မုဆိုး ျဖစ္ရင္ ျဖစ္ေနတာ။ ယုန္သူငယ္ေလးက က်ားၾကီး ထျဖစ္ရင္ ထျဖစ္တာ။ ျပီးေတာ့ အျမဲမွတ္ထားရမွာက ဘယ္ပြဲမဆို အဆံုးေတာ့ သတ္ရတာပဲဗ်။ တစ္ဘက္ဘက္ကိုေတာ့ ေသခ်ာေပါက္ကပ္ရေတာ့မယ္။ ဒီအခ်ိန္မွာ ခင္ဗ်ားဥာဏ္ရည္တင္မကဘူး၊ ခင္ဗ်ားရဲ့ ရင္ထဲက ခံစားရတဲ့ အာရံုကိုပါ ထုတ္သံုးရေတာ့မယ္။ ဘယ္ဘက္က ငါနဲ႔ ပိုသင့္ေတာ္တာလဲေပါ့။ ေရရွည္ၾကီးလည္း ၾကိဳးတန္းလမ္းေလွ်ာက္ေနလို႔ ရတာမွ မဟုတ္တာဗ်ာ။
အဆံုးေရာက္လို႔ ေရြးျပီးရင္ေတာ့ လွလွပပအဆံုးသတ္ဖို႔ လုပ္ေလေတာ့ဗ်ာ။ ၂ ဘက္ရွိျပီဆိုမွေတာ့ ၁ဘက္ကေတာ့ နာမွာပဲ၊ နစ္နာမႈအနည္းဆံုးနဲ႔ ကစားပြဲသိမ္းႏုိ္င္တယ္ဆိုရင္ေတာ့ ခင္ဗ်ား ႏုိင္ျပီပဲ။
ဟုတ္ကဲ့ ! အဆံုးထိ ဖတ္ျပီးေနာက္မွာေတာ့ က်ေန္ာ Chess ထိုးနည္း၊ က်ားထိုးနည္း အေျခခံသေဘာကို ေရးခ်င္တာပါ။ ဒါပါပဲ။ :3

===========
စာၾကြင္း : ဒီလိုေတြ ေရးလို႔ က်ေနာ့္ကို ဆရာၾကီး မွတ္မေနနဲ႔ဦး။ က်ေနာ္က Beginner ပါ။ ဒါေပမယ့္ ေလ့လာသင္ယူမႈအားေကာင္းတယ္။
ဆရာ့ဆရာမေတြကလည္း အသင္အျပေကာင္းတာကိုး။ :3

ရိုးလူ



[Unicode]

အကွက်လှလှ ရွှေ့ကြမယ်

သင်္ကြန်မှာ တစ်ခုခုလည်း ရေးချင်တယ်။ ခေါင်းထဲလည်း ဒီအကြောင်းပဲ ရောက်နေတော့ ဒါပဲ ရေးလိုက်တော့မယ်။
ခေတ်ကိုက ရွှေ့နိုင်မှ ရမယ့် ခေတ်ကို၊ အဲဒီတော့ ရွှေ့ကြမယ်ပေါ့။
ဟုတ်ပြီ။ မရွှေ့ခင် တစ်ခု ကြိုပြောချင်ပါတယ်။ ရွှေ့တော့မယ်ဆို ကိုယ့်စိတ်ကိုယ်ကို အရင်ပြန်မေးကြည့်ပါ၊ ရွှေ့ရတာ ပျော်တဲ့ သူလား၊ အဲဒီလို လုပ်လိုက်ရရင် ပျော်မလားပေါ့။ ပျော်တယ်၊ လုပ်နို်င်တယ်ဆို အောက်မှာ ဆက်ဖတ်ပါ။
ကဲ! ရွှေ့ပြီဆိုတာနဲ့ စအရေးကြီးတာ Opening ပေ့ါ။ အဖွင့်ကို ဘယ်လို စမလဲ။ ဒီနေရာမှာ သတိချပ်ရမှာက ရွှေ့တော့မယ်ဆို ဂယ်ပေါက်၊ ပြေးပေါက်ထားပါ၊ ဘယ်လောက် ကျဉ်းထဲကျပ်ထဲ ကျကျ၊ အသာလေးလျှိုပြီး လစ်လာလို့ ရမယ့် အကွက်လေးပေါ့။
Opening အတွက် အထူကြီး ရွှေ့မှာလား၊ ပါးပါးလေး ရွှေ့မှာလား စစဉ်းစားပါ။ အထူကြီးဆိုတာ အတုံးလိုက်၊ အတစ်လိုက် ရွှေ့မယ်ပေါ့၊ လုပ်ကွက်အကြမ်းကြီးတွေ၊ ရုပ်တော့ ပေါက်တယ်၊ ပတ်ဝန်းကျင်လည်း ရိပ်မိတယ်၊အရွှေ့ခံရတဲ့ သူကလည်း မြန်မြန်သိနိုင်မယ်၊၊ ဒါမယ့် ကိုယ့်ဘက်ကတော့ ပိုသာယာမယ်ပေါ့။ သောက်ဂရုသိပ်မစိုက်တတ်တဲ့ သူတွေ လုပ်တဲ့ အကွက်မျိုးပေါ့။
ပါးပါးလေးဆိုတာတော့ ဘာစကားမှ မကျွံဘူးပေါ့လေ၊ ဘာတာဝန်ယူမှု၊ တာဝန်ခံမှုမှ မယူထားဘူး။ ဟိုဘက်ရောက်ရင် ဟိုဘက်မှာ ပျော်ပြီး၊ ဒီဘက်ရောက်ရင် ဒီဘက်မှာ ငြိမ်းနေစေရမယ်။ တစ်ခုတော့ ရှိတာပေ့ါ၊ အတုံးအတစ်မရွှေ့ရဲတော့ ၂ဘက်လုံး စိတ်ချမ်းသာအောင် လုပ်ရတာ အတော်လက်ဝင်လက်ပေါက်ကပ်တာပေါ့၊ မလွယ်ဘူးပေ့ါ။ စိတ်ရှည်တဲ့ သူတွေ သုံးတဲ့ နည်းတစ်ခုပါ။
အလယ်လောက် ရောက်လာပြီဆို အထာတွေ ပိုနပ်လာပါလိမ့်မယ်။ ဘယ်သူက ဘယ်လိုအကွက်ခင်းတတ်တယ်၊ ဘယ်သူ့ကိုတော့ ဘာလုပ်လို့ မရဘူးပေါ့။ ဒါတောင် ကြားထဲမှာ Failed ဖြစ်တဲ့ အကြိမ်ရေတွေ၊ လူမိတဲ့ အကွက်တွေ အများကြီးပြီးမှ သိလာတတ်တာမျိုးပါ။
အဲ..အဆုံးပိုင်းရောက်လာပြီဆို သတိထားတော့ဗျ။ ကိုယ်က သားကောင်လို့ ထင်တဲ့ သူက မုဆိုး ဖြစ်ရင် ဖြစ်နေတာ။ ယုန်သူငယ်လေးက ကျားကြီး ထဖြစ်ရင် ထဖြစ်တာ။ ပြီးတော့ အမြဲမှတ်ထားရမှာက ဘယ်ပွဲမဆို အဆုံးတော့ သတ်ရတာပဲဗျ။ တစ်ဘက်ဘက်ကိုတော့ သေချာပေါက်ကပ်ရတော့မယ်။ ဒီအချိန်မှာ ခင်ဗျားဉာဏ်ရည်တင်မကဘူး၊ ခင်ဗျားရဲ့ ရင်ထဲက ခံစားရတဲ့ အာရုံကိုပါ ထုတ်သုံးရတော့မယ်။ ဘယ်ဘက်က ငါနဲ့ ပိုသင့်တော်တာလဲပေါ့။ ရေရှည်ကြီးလည်း ကြိုးတန်းလမ်းလျှောက်နေလို့ ရတာမှ မဟုတ်တာဗျာ။
အဆုံးရောက်လို့ ရွေးပြီးရင်တော့ လှလှပပအဆုံးသတ်ဖို့ လုပ်လေတော့ဗျာ။ ၂ ဘက်ရှိပြီဆိုမှတော့ ၁ဘက်ကတော့ နာမှာပဲ၊ နစ်နာမှုအနည်းဆုံးနဲ့ ကစားပွဲသိမ်းနိုင်တယ်ဆိုရင်တော့ ခင်ဗျား နိုင်ပြီပဲ။
ဟုတ်ကဲ့ ! အဆုံးထိ ဖတ်ပြီးနောက်မှာတော့ ကျနေ်ာ Chess ထိုးနည်း၊ ကျားထိုးနည်း အခြေခံသဘောကို ရေးချင်တာပါ။ ဒါပါပဲ။ :3

===========
စာကြွင်း : ဒီလိုတွေ ရေးလို့ ကျနော့်ကို ဆရာကြီး မှတ်မနေနဲ့ဦး။ ကျနော်က Beginner ပါ။ ဒါပေမယ့် လေ့လာသင်ယူမှုအားကောင်းတယ်။
ဆရာ့ဆရာမတွေကလည်း အသင်အပြကောင်းတာကိုး။ :3

ရိုးလူ

No comments:

Post a Comment