Saturday, October 28, 2017

ကဗျာဆရာဆီရေးတဲ့စာ

[Zawgyi]

ကဗျာဆရာဆီရေးတဲ့စာ






ရိုးလူ

[Unicode]

ကဗျာဆရာဆီရေးတဲ့စာ

ကြယ်တွေက ကိုယ့်ခန္ဓာနဲ့ကိုယ် လောင်ကျွမ်းနေရတာ..ကျွန်မတို့လည်းပဲ ငြိမ်းချမ်းနေတယ် ထင်လား ကဗျာဆရာရယ်..

ကြယ်ဆိုတာမျိုးက အသစ်အသစ်ရှာဖွေတွေ့ရှိနေတာပဲ.. အသစ်ပေါ်လာတိုင်း မေ့လျော့ခံရတဲ့ ကြယ်တွေရဲ့ ဘဝကို တွေးကြည့်ဖူးရဲ့လား ကဗျာဆရာ...

ကြယ်တွေ အများကြီးထဲမှာမှ ရှင်သတိထားမိအောင် ကိုယ့်ကိုယ်ကို ပိုလောင်ကျွမ်းခံပြီး ပိုလင်းလက်တောက်ပပြရတဲ့ ဘဝက ဘယ်လောက်ပူလောင်လဲရော ရှင်သိရဲ့လား...
ဒီကြားထဲ ကိုယ့်ဘာသာနေတာတောင် ဟိုကမ္ဘာအဝေးကနေ
ကိုယ်မသိတဲ့ နာမည်တွေ လှမ်းလှမ်းပေးတာ ခံရသေးတယ်...
သိပ်ခက်ပါတယ် ကဗျာဆရာရယ်။

ရိုးလူ

No comments:

Post a Comment