Saturday, October 28, 2017


[Zawgyi]


သံယောဇဉ်တွေ၊အမျှင်မပြတ်တဲ့ အကြင်နာတွေ အကြောင်းပြပြီး

လွန်ပါတယ် Emily ရယ်၊

ရိုးလူ


[Unicode]

Emily သို့ ပရိသတ်တစ်ယောက်မှ အိတ်ဖွင့်ပေးစာ

မဖြစ်သင့်ပါဘူး Emily ရယ်။
မင်းတို့ နှစ်ယောက်ရဲ့ လေလှိုင်းကြားက ၊ ရင်ထဲက...
သံယောဇဉ်တွေ၊အမှျှင်မပြတ်တဲ့ အကြင်နာတွေ အကြောင်းပြပြီး
မင်းဘေးက မင်းနဲ့ အတူရှိနေတဲ့ အူလည်လည်ယောက်ကျားကို
စိတ်နဲ့ ပက်ပက်စက်စက်သစ္စာဖောက်ပြီး
သောက်ပေါကြီးလုံးလုံးဖြစ်အောင် မလုပ်သင့်ပါဘူး။

လွန်ပါတယ် Emily ရယ်၊
တစ်ကောင်ရဲ့ အတွေ့အထိမှာ ခံစားပြီး
တစ်ကောင်ကို စိတ်နဲ့ ပစ်မှားနေတာကျတော့။
နည်းနည်းတော့ များပါတယ် Emily။

ရိုးလူ

No comments:

Post a Comment