Friday, October 27, 2017

Paradox (3)

[Zawgyi]

Paradox (3)

ေကာ္ဖီတစ္ခြက္ေဖ်ာ္လိုက္တယ္။
ၿပီးမွ လွဲအိပ္ခ်ပလိုက္တယ္။
မနက္က်မွ မႈတ္ေသာက္လို႔ မရဘူးလား။

ငုတ္တုတ္ထိုင္ေနမယ္။
ငုတ္တုတ္ထိုင္ေနရတာ ႀကိဳက္တယ္။
ဘယ္အလြမ္းအေဆြးကားမဆို အေဝးကို ေငးေမ်ွာ္ရင္ တစ္ေနရာမွာ ငုတ္တုတ္ထိုင္ျပီး လြမ္းၾကရဲ႕။
He's cool လို႔ေျပာခံရဖို႔ Mr. Cool လုပ္ဖို႔ ဝါသနာမပါဘူး။
ေပ်ာ္မယ္၊ ရႊင္မယ္၊ေပါမယ္...ဒီစၾကာဝဠာမွာ Mr.Cool ဟာ Mr.I want to be ေလာက္ အေရးမပါဘူး။

မိန္းမတစ္ေယာက္ကို ဘယ္ေတာ့မွ ေလ်ွာ့မတြက္ဘူး။
သူလုပ္ႏိုင္တယ္ေျပာတာထက္ သူအျမဲပိုလုပ္ႏိုင္တယ္။
ငါနမ္းလိုက္တဲ့အခါ သူ႔မ်က္ဝန္းေတြ ေမွးမွိတ္သြားၿပီး မ်က္ႏွာေပၚက ဟန္ေဆာင္မွုေတြ တဒဂၤ ေျပေလ်ာ့သြားတာေလးကိုပဲ ငါခ်စ္တာ။

ေဖေဖလည္း ျပန္မလာနဲ႔။ ေမေမလည္း ရွိမေနနဲ႔။
တစ္ေကာင္ၾကြက္ဆိုတာ ျဖစ္ခဲလွတဲ့ အမ်ိဳးေလ။

Social Network မွာ အုတ္အုတ္က်တ္က်တ္ Cele ဆိုတဲ့ Status ေတြလည္း လစ္၊
ဘဝမွာ ေလရွဴဖို႔ လိုတာ၊ လူရွဴဖို႔ လိုတာမွ မဟုတ္တာ။

တစ္ေယာက္ကုိ တစ္ေယာက္ ေပ်ာ္ေပ်ာ္ပါးပါး ကစားေနၾကတာပဲ ျဖစ္ပါေစ၊
ေလာင္းေၾကးေတြ မမ်ားေစနဲ႔၊ ငါတို႔ဟာ ေရထက္က ေရပြက္ေလးေတြပဲဟာ။

သစၥာမရွိျခင္းကိုလည္း ျပႆနာလုပ္မေနနဲ႔၊ ဘဝမွာ တစ္ပတ္ ၇ရက္ရွိတာကို ပ်င္းလာတာ၊ ကိုယ့္နာမည္ေတာင္ ေျပာင္းပစ္ခ်င္တာ၊ ရုပ္ရွင္ကားကို အသစ္ထြက္တုိင္း ၾကည့္ခ်င္တာ.. ဘယ္သူေတြ ထင္လဲ။
လူေလ.... လူေတြ။

ရိုးလူ

[Unicode]

Paradox (3)

ကော်ဖီတစ်ခွက်ဖျော်လိုက်တယ်။
ပြီးမှ လှဲအိပ်ချပလိုက်တယ်။
မနက်ကျမှ မှုတ်သောက်လို့ မရဘူးလား။

ငုတ်တုတ်ထိုင်နေမယ်။
ငုတ်တုတ်ထိုင်နေရတာ ကြိုက်တယ်။
ဘယ်အလွမ်းအဆွေးကားမဆို အဝေးကို ငေးမျှော်ရင် တစ်နေရာမှာ ငုတ်တုတ်ထိုင်ပြီး လွမ်းကြရဲ့။

He's cool လို့ပြောခံရဖို့ Mr. Cool လုပ်ဖို့ ဝါသနာမပါဘူး။
ပျော်မယ်၊ ရွှင်မယ်၊ပေါမယ်...ဒီစကြာဝဠာမှာ Mr.Cool ဟာ Mr.I want to be လောက် အရေးမပါဘူး။

မိန်းမတစ်ယောက်ကို ဘယ်တော့မှ လျှော့မတွက်ဘူး။
သူလုပ်နိုင်တယ်ပြောတာထက် သူအမြဲပိုလုပ်နိုင်တယ်။ 
ငါနမ်းလိုက်တဲ့အခါ သူ့မျက်ဝန်းတွေ မှေးမှိတ်သွားပြီး မျက်နှာပေါ်က ဟန်ဆောင်မှုတွေ တဒင်္ဂ ပြေလျော့သွားတာလေးကိုပဲ ငါချစ်တာ။

ဖေဖေလည်း ပြန်မလာနဲ့။ မေမေလည်း ရှိမနေနဲ့။ 
တစ်ကောင်ကြွက်ဆိုတာ ဖြစ်ခဲလှတဲ့ အမျိုးလေ။

Social Network မှာ အုတ်အုတ်ကျတ်ကျတ် Cele ဆိုတဲ့ Status တွေလည်း လစ်၊ 
ဘဝမှာ လေရှူဖို့ လိုတာ၊ လူရှူဖို့ လိုတာမှ မဟုတ်တာ။

တစ်ယောက်ကို တစ်ယောက် ပျော်ပျော်ပါးပါး ကစားနေကြတာပဲ ဖြစ်ပါစေ၊
လောင်းကြေးတွေ မများစေနဲ့၊ ငါတို့ဟာ ရေထက်က ရေပွက်လေးတွေပဲဟာ။

သစ္စာမရှိခြင်းကိုလည်း ပြဿနာလုပ်မနေနဲ့၊ ဘဝမှာ တစ်ပတ် ၇ရက်ရှိတာကို ပျင်းလာတာ၊ ကိုယ့်နာမည်တောင် ပြောင်းပစ်ချင်တာ၊ ရုပ်ရှင်ကားကို အသစ်ထွက်တိုင်း ကြည့်ချင်တာ.. ဘယ်သူတွေ ထင်လဲ။

လူလေ.... လူတွေ။

ရိုးလူ

No comments:

Post a Comment