ကေဖးဆုိင္အေတြးမ်ား
ကေဖးဆိုင္ေလးထဲ ကၽြန္ေတာ္ေရာက္တယ္
ေက်ာပိုးအိတ္တစ္လံုး၊ ဖုန္းတစ္လံုးနဲ႔
ေထာင့္နားက ခံုတစ္ခုမွာ ကိုယ့္ကိုယ့္ကို ေလ်ာ့ေလ်ာ့ရဲရဲ ႏြမ္းႏြမး္နယ္နယ္ပစ္ခ်...
ေကာ္ဖီေအးတစ္ခြက္မွာျပီး
ဖန္ခြက္ေပၚက ေရသီးေလးေတြ ဘယ္လိုေလ်ာက်လဲ ထုိင္ၾကည့္ေနမိတယ္
ကၽြန္ေတာ္တို႔ အျဖစ္ကလည္း ေရသီးေလးေတြလို ေလ်ာက်၊ ေအာက္ေျခမွာ အိုင္တဲ့ အခါ တစ္သွ်ဴးထုတ္ျပီး သုတ္ခံရဖို႔ပဲမလား...

ဘယ္ဘက္ေထာင့္ဝုိင္းဆီက အသက္ႏွစ္ဆယ္စြန္းစ လူငယ္ေတြရဲ့ ရယ္သံတစ္အုပ္ၾကီးတက္လာတယ္၊ အရင္စိတ္နဲ႔ဆိုရင္ေတာ့ မ်က္ေမွာင္ကုတ္ျပီး တစ္ခ်က္ၾကည့္မိမွာပဲ။
ခုေတာ့ ကၽြန္ေတာ္ ေပ်ာ္ေနတယ္၊
ေဘးဝုိင္းက လူၾကီးေတြရဲ့ မ်က္ေမွာင္ကုတ္ၾကည့္တာကိုလည္း စိတ္ထဲကေန Angry bird ေတြလို႔ တိတ္တိတ္ေခၚၾကည့္ျပီး ကၽြန္ေတာ့္ေကာ္ဖီခြက္ကိုပဲ ျပန္အာရုံစိုက္ေနမိ။

လူငယ္သဘာဝဆိုတာ စာအုပ္ထဲမွာ ေရးရုံ မဟုတ္ဘူး၊ အဲဒီလို ရယ္သံႏုႏုနယ္နယ္ပ်ိဳပ်ိဳျမစ္ျမစ္နဲ႔ အဓိပၸာယ္တစ္စက္မွ မရွိလည္း ေဝါခနဲ အုန္းခနဲ ရယ္ခ်လိုက္ဖို႔ပဲ မလား။
အရြယ္တစ္ခုေရာက္ရင္ ျပံဳးတာေတာင္ အေပၚႏႈတ္ခမ္းက စေကြးရမလား၊ ေအာက္ႏႈတ္ခမ္းက စညႊတ္ရမလား ေသခ်ာေတာ့တာ မဟုတ္ေတာ့။
မ်က္ေစာင္းထုိးဝုိင္းမွာ ခ်စ္သူစံုတြဲ တစ္တြဲ...
ခုေခတ္စားတဲ့ အတုိင္း ေကာင္မေလးက ဟုိဘက္ကို ေငးလို႔ မသိခ်င္ေယာင္ေဆာင္ေပးတယ္၊
ေကာင္ေလးက Snap Shot ရုိက္မိသလိုနဲ႔ ေဘးတေစာင္းမ်က္ႏွာကို အလင္းအေမွာင္ေသခ်ာခ်ိန္ရုိက္။
ေကာင္မေလးက မသိခ်င္ေယာင္ေဆာင္ေနတယ္ဆိုတာကို ေကာင္ေလးက မသိခ်င္ေယာင္ေဆာင္ေပး။
အခ်စ္ဆိုတာ အဲဒီလို မသိခ်င္ေယာင္ေဆာင္ရျခင္းတဲ့လား၊ သိရက္နဲ႔ေလ.. ခက္တယ္။
ဆုိင္ထဲကို ေက်ာ့ေက်ာ့ေမာ့ေမာ့ဝင္လာတဲ့ ေဒါက္ဖိနပ္တစ္စံုရွိတယ္။
သူ႔ေျခသလံုးအထက္ပုိင္းေက်ာ္ျပီး ကၽြန္ေတာ္မၾကည့္ဘူး၊ ၾကည့္စရာလည္း မလိုဘူး။
သူဝင္လာတည္းက ေဘးပတ္ပတ္လည္ဟာ တပ္မက္တဲ့ မ်က္လံုးေတြနဲ႔ အပူခိုးအပူေငြ႔ေတြ လႈိင္လို႔။
ေကာင္တာမွာ တစ္ခုခုမွာျပီး ျပန္ထြက္သြားပံု။ ဝင္လာေတာ့လည္း တပ္တပ္မက္မက္၊ ျပန္ထြက္ေတာ့လည္း တပ္တပ္မက္မက္။
ကၽြန္ေတာ္ကေရာ ....
ေရွ႕က ေကာ္ဖီေအးခြက္က ေရသီးေတြဟာ ကၽြန္ေတာ့ အသက္ရႈေငြ႕မွာ ပူေႏြးလို႔ ျမန္ျမန္ျပိဳဆင္းက်လာ။
ညာဘက္ ခပ္ေဝးေဝးဝုိင္းမွာ မိန္းမတစ္ေယာက္ရွိတယ္။
ေခါင္းငံု႔ထားတယ္၊ စာအုပ္တစ္အုပ္ေရွ႕မွာ ဖြင့္ထားရုံနဲ႔ စာဖတ္ေနတယ္လို႔ အတိအက်မစြပ္စြဲခ်င္ဘူး။
မ်က္ႏွာကို မျမင္ရ။ ဆံပင္ဟာ လွုိင္းတြန္႔ျပီး အရွည္ပံုနဲ႔ ဆံပင္ေတြကို ညာဘက္တစ္ဘက္တည္းကို သိမ္းထား။
အေရျပားပါးလြန္းေတာ့ အသက္ရႈေနရုံနဲ႔ လည္ပင္းေလးခုန္လႈပ္ေနတာ ျမင္ရ။ လည္ဂုတ္အစပ္က ေမႊးညင္းစိမ္းမ်ား။
အို...ကၽြန္ေတာ့္အာရုံဟာ ခြက္ေပၚက ေရသီးေတြမွာ မဟုတ္ဘူး။
အဲဒီေမႊးညင္းစိမ္းမ်ား၊ အဲဒီဂုတ္စပ္ေလး.. ။
သိပ္လွတာပဲလို႔ သြားစကားေျပာၾကည့္တယ္၊ တူတူအေအးေသာက္ျဖစ္တယ္။ ေန႔လည္စာမစားရေသးရင္ သြားစားၾကမယ္လို႔ စကားစၾကည့္တယ္။ အျပင္မွာ ေနက အေတာ္ပူတယ္၊ သူမက ကၽြန္ေတာ့္ဘက္ကပ္ျပီး ထီးေဆာင္းတယ္။
လည္ဂုတ္စပ္ေလးဟာ ပိုနီးလာတယ္၊ ကၽြန္ေတာ့္ႏွာသီးဖ်ားမွာ ေမႊးတယ္။
ကုိယ္ကို သူမဘက္ကို ပိုငံု႔ကုိင္းမိ။ သူမ စာအုပ္ပိတ္လိုက္တယ္။ တစ္ေယာက္ေယာက္ေရာက္လာတယ္၊ ေရာက္ေနတာ ၾကာေနျပီဆိုတဲ့ ရုပ္နဲ႔ ေမးဆတ္ျပတယ္။ ပိုက္ဆံရွင္းျပီးသားမို႔ ေဘာက္ဆတ္ ေဘာက္ဆတ္နဲ႔ ထထြက္သြားၾကတယ္။
ေခါင္းတစ္ပတ္လွည့္အျပီးမွာ ကၽြန္ေတာ့္ေရသီးေလးေတြဟာ ေအာက္မွာ ေရကြက္အျဖစ္နဲ႔ အိုင္ေနပါျပီ။
တစ္သွ်ဴးဆြဲထုတ္ သုတ္ျပီး ခြက္ကို တစ္ၾကိဳက္တည္း ေမာ့ခ်လိုက္တယ္။ ေနာက္ဆံုးေတာ့ ဘဝဆိုတာ ကုိယ့္ေရွ႕ကခြက္ကိုပဲ မက္မက္စက္စက္အရသာခံေမာ့တတ္ဖို႔ပဲမလား။ ။

ရိုးလူ
[Unicode]
ကဖေးဆိုင်အတွေးများ
ကဖေးဆိုင်လေးထဲ ကျွန်တော်ရောက်တယ်ကျောပိုးအိတ်တစ်လုံး၊ ဖုန်းတစ်လုံးနဲ့
ထောင့်နားက ခုံတစ်ခုမှာ ကိုယ့်ကိုယ့်ကို လျော့လျော့ရဲရဲ နွမ်းနွမ်းနယ်နယ်ပစ်ချ...
ကော်ဖီအေးတစ်ခွက်မှာပြီး
ဖန်ခွက်ပေါ်က ရေသီးလေးတွေ ဘယ်လိုလျောကျလဲ ထိုင်ကြည့်နေမိတယ်
ကျွန်တော်တို့ အဖြစ်ကလည်း ရေသီးလေးတွေလို လျောကျ၊ အောက်ခြေမှာ အိုင်တဲ့ အခါ တစ်သျှူးထုတ်ပြီး သုတ်ခံရဖို့ပဲမလား...
ဘယ်ဘက်ထောင့်ဝိုင်းဆီက အသက်နှစ်ဆယ်စွန်းစ လူငယ်တွေရဲ့ ရယ်သံတစ်အုပ်ကြီးတက်လာတယ်၊ အရင်စိတ်နဲ့ဆိုရင်တော့ မျက်မှောင်ကုတ်ပြီး တစ်ချက်ကြည့်မိမှာပဲ။
ခုတော့ ကျွန်တော် ပျော်နေတယ်၊
ဘေးဝိုင်းက လူကြီးတွေရဲ့ မျက်မှောင်ကုတ်ကြည့်တာကိုလည်း စိတ်ထဲကနေ Angry bird တွေလို့ တိတ်တိတ်ခေါ်ကြည့်ပြီး ကျွန်တော့်ကော်ဖီခွက်ကိုပဲ ပြန်အာရုံစိုက်နေမိ။
လူငယ်သဘာဝဆိုတာ စာအုပ်ထဲမှာ ရေးရုံ မဟုတ်ဘူး၊ အဲဒီလို ရယ်သံနုနုနယ်နယ်ပျိုပျိုမြစ်မြစ်နဲ့ အဓိပ္ပာယ်တစ်စက်မှ မရှိလည်း ဝေါခနဲ အုန်းခနဲ ရယ်ချလိုက်ဖို့ပဲ မလား။
အရွယ်တစ်ခုရောက်ရင် ပြုံးတာတောင် အပေါ်နှုတ်ခမ်းက စကွေးရမလား၊ အောက်နှုတ်ခမ်းက စညွှတ်ရမလား သေချာတော့တာ မဟုတ်တော့။
မျက်စောင်းထိုးဝိုင်းမှာ ချစ်သူစုံတွဲ တစ်တွဲ...
ခုခေတ်စားတဲ့ အတိုင်း ကောင်မလေးက ဟိုဘက်ကို ငေးလို့ မသိချင်ယောင်ဆောင်ပေးတယ်၊
ကောင်လေးက Snap Shot ရိုက်မိသလိုနဲ့ ဘေးတစောင်းမျက်နှာကို အလင်းအမှောင်သေချာချိန်ရိုက်။
ကောင်မလေးက မသိချင်ယောင်ဆောင်နေတယ်ဆိုတာကို ကောင်လေးက မသိချင်ယောင်ဆောင်ပေး။
အချစ်ဆိုတာ အဲဒီလို မသိချင်ယောင်ဆောင်ရခြင်းတဲ့လား၊ သိရက်နဲ့လေ.. ခက်တယ်။
ဆိုင်ထဲကို ကျော့ကျော့မော့မော့ဝင်လာတဲ့ ဒေါက်ဖိနပ်တစ်စုံရှိတယ်။
သူ့ခြေသလုံးအထက်ပိုင်းကျော်ပြီး ကျွန်တော်မကြည့်ဘူး၊ ကြည့်စရာလည်း မလိုဘူး။
သူဝင်လာတည်းက ဘေးပတ်ပတ်လည်ဟာ တပ်မက်တဲ့ မျက်လုံးတွေနဲ့ အပူခိုးအပူငွေ့တွေ လှိုင်လို့။
ကောင်တာမှာ တစ်ခုခုမှာပြီး ပြန်ထွက်သွားပုံ။ ဝင်လာတော့လည်း တပ်တပ်မက်မက်၊ ပြန်ထွက်တော့လည်း တပ်တပ်မက်မက်။
ကျွန်တော်ကရော ....
ရှေ့က ကော်ဖီအေးခွက်က ရေသီးတွေဟာ ကျွန်တော့ အသက်ရှုငွေ့မှာ ပူနွေးလို့ မြန်မြန်ပြိုဆင်းကျလာ။
ညာဘက် ခပ်ဝေးဝေးဝိုင်းမှာ မိန်းမတစ်ယောက်ရှိတယ်။
ခေါင်းငုံ့ထားတယ်၊ စာအုပ်တစ်အုပ်ရှေ့မှာ ဖွင့်ထားရုံနဲ့ စာဖတ်နေတယ်လို့ အတိအကျမစွပ်စွဲချင်ဘူး။
မျက်နှာကို မမြင်ရ။ ဆံပင်ဟာ လှိုင်းတွန့်ပြီး အရှည်ပုံနဲ့ ဆံပင်တွေကို ညာဘက်တစ်ဘက်တည်းကို သိမ်းထား။
အရေပြားပါးလွန်းတော့ အသက်ရှုနေရုံနဲ့ လည်ပင်းလေးခုန်လှုပ်နေတာ မြင်ရ။ လည်ဂုတ်အစပ်က မွှေးညင်းစိမ်းများ။
အို...ကျွန်တော့်အာရုံဟာ ခွက်ပေါ်က ရေသီးတွေမှာ မဟုတ်ဘူး။
အဲဒီမွှေးညင်းစိမ်းများ၊ အဲဒီဂုတ်စပ်လေး.. ။
သိပ်လှတာပဲလို့ သွားစကားပြောကြည့်တယ်၊ တူတူအအေးသောက်ဖြစ်တယ်။ နေ့လည်စာမစားရသေးရင် သွားစားကြမယ်လို့ စကားစကြည့်တယ်။ အပြင်မှာ နေက အတော်ပူတယ်၊ သူမက ကျွန်တော့်ဘက်ကပ်ပြီး ထီးဆောင်းတယ်။
လည်ဂုတ်စပ်လေးဟာ ပိုနီးလာတယ်၊ ကျွန်တော့်နှာသီးဖျားမှာ မွှေးတယ်။
ကိုယ်ကို သူမဘက်ကို ပိုငုံ့ကိုင်းမိ။ သူမ စာအုပ်ပိတ်လိုက်တယ်။ တစ်ယောက်ယောက်ရောက်လာတယ်၊ ရောက်နေတာ ကြာနေပြီဆိုတဲ့ ရုပ်နဲ့ မေးဆတ်ပြတယ်။ ပိုက်ဆံရှင်းပြီးသားမို့ ဘောက်ဆတ် ဘောက်ဆတ်နဲ့ ထထွက်သွားကြတယ်။
ခေါင်းတစ်ပတ်လှည့်အပြီးမှာ ကျွန်တော့်ရေသီးလေးတွေဟာ အောက်မှာ ရေကွက်အဖြစ်နဲ့ အိုင်နေပါပြီ။
တစ်သျှူးဆွဲထုတ် သုတ်ပြီး ခွက်ကို တစ်ကြိုက်တည်း မော့ချလိုက်တယ်။ နောက်ဆုံးတော့ ဘဝဆိုတာ ကိုယ့်ရှေ့ကခွက်ကိုပဲ မက်မက်စက်စက်အရသာခံမော့တတ်ဖို့ပဲမလား။ ။