Sunday, January 8, 2017

မြေပြင်မှာ ပွင့်တဲ့ နှင်းလည်း ဖြစ်နိုင်ရဲ့။

မြေပြင်မှာ ပွင့်တဲ့ နှင်းလည်း ဖြစ်နိုင်ရဲ့။

==============================
နှစ်ယောက်ပေါင်းရေးမယ့် အိပ်မက်တွေ ရှိတယ်။
ဘယ်လိုဝေးဝေး၊ ဘယ်လို ခြားခြား 
ငါတို့ဟာ တစ်ချိန်မှာတော့ တသားတည်းပါပဲ။
မနက်ခင်းရဲ့ ကော်ဖီတစ်ခွက်လို၊
သိပ်ကောင်းတဲ့ စာတစ်ရွက်လို
ငါတို့တွေ တစ်ယောက်ကို တစ်ယောက် နှစ်ခြိုက်စွဲလမ်းစွာ မော့သောက်ဖတ်ရှုကြ။
ဘဝချင်း ဝေးသွားတဲ့ အခါ အရာရာဝေးသွားနိုင်တယ်လို့ ထင်ပါသလား။
မှားပါတယ်။
စိတ်အလိုအရဆို ကောင်းကင်မှာ တူစုံလင်းတဲ့ ကြယ်လည်း ဖြစ်နိုင်ရဲ့။
မြေပြင်မှာ ပွင့်တဲ့ နှင်းလည်း ဖြစ်နိုင်ရဲ့။

No comments:

Post a Comment