ဆစ္ဂနယ္တစ္ေယာက္ရဲ႕ ေကာင္းျခင္း ဆိုးျခင္းမ်ား
ကဲ! Single ေလးေတြ Super FA ေလးေတြ Third wheel ေလးေတြေရ...Single ဘဝနဲ႔ ျဖတ္သန္းေနရတာ ေျခာက္ေသြ႔ေနၿပီလား၊ ေလေနၿပီလား။ မေလပါနဲ႔
ေကာင္းကြက္ေတြ
1) အျပင္သြားဖို႔ ေခၚလို႔ မလိုက္ခ်င္ရင္ ဟာ နင္တို႔က အတြဲေတြခ်ည္းပဲ ဘာညာသာ မူလိုက္ပါ။ စရိတ္စကအျပည့္အစံုနဲ႔ ေရမီးအစံု အကုန္အက်ခံၿပီး ေခၚပါလိမ့္မယ္။ (third wheel လုပ္ဖို႔ပါ

2) အဖြဲ႔ထဲမွာ တျခား Single တစ္ေယာက္ကို ေခၚလာရင္ စိတ္မပူပါနဲ႔၊ အဲ့ဒါ ကိုယ့္ဖို႔ပါပဲ။ ကိုယ့္အတြက္ရည္ရြယ္ေပးတယ္ေျပာတာပါ။ ၿပီးရင္ ျမန္မာကားေတြ ႐ိုက္ျပပါလိမ့္မယ္။
3) Single ေတြဟာ သိပ္လြတ္လပ္ပါတယ္။ ဘယ္သူနဲ႔ေတြ႕ေတြ႕ ဘယ္သူနဲ႔ တြဲေတြ႕ေတြ႕ မ်က္ႏွာေျပာင္တိုက္ၿပီး ရယ္ျပႏိုင္ပါတယ္။ Single : ဘာလုပ္လုပ္တင့္တယ္ ထံုး ႏွလံုးမူပါ။
4) Single ဘဝနဲ႔ တစ္ေယာက္တည္း လုပ္စရာ႐ွိတာေတြ၊ လုပ္ခ်င္တာေတြ လုပ္ပါ။ တစ္ေယာက္တည္း ႐ုပ္႐ွင္ၾကည့္ပါ၊ မုန္႔စားပါ၊ ေလ်ွာက္လည္ပါ၊ စာဖတ္ပါ၊ ဖြန္ေၾကာင္ခ်င္ ေၾကာင္ပါ
5) Single ဟာ ပိုက္ဆံစုမိပါတယ္၊ စုၿပီး ခရီးသြားပါ၊စာသင္ပါ။ အရည္အခ်င္းျဖည့္ပါ။
ဆိုးကြက္က
1) ဆိုးကြက္က single ျဖစ္လာရင္ ၾကံ႔ၾကံ႕ခံပါ၊ ဟိုလူနဲ႔ စြပ္စြဲ၊ ဒီလူနဲ႔ သမုတ္တာ ခံရမွာပါ။2) စႏႈိက္ေၾကာ္ဆိုလည္း ကိုယ္ပါပဲ၊ comment ေပးရင္ သတိထားပါ၊ အေႏွာင့္အသြားလြတ္ေအာင္တတ္ႏိုင္သေလာက္ ေရးပါ။ ႐ုိးရင္ေတာင္ single ျဖစ္ေတာ႔ သူတို႔က မ႐ိုးဘူး ထင္ေနတာ

3) Third wheel ေပါ့ဗ်ာ၊ Third wheel ကိစၥေပါ့၊ နင္က ေစာ္မ႐ွိေတာ့ ေခၚလို႔ေကာင္းတယ္ဟဆိုၿပီး ေခၚပါလိမ့္မယ္၊ သူတို႔ ၾကင္နာတာ ထိုင္ၾကည့္ေပါ့၊

ဆစ္ဂနယ္ဘဝက ဒီေလာက္ပါပဲ၊ က်န္တာေတြေတြ့ရင္ အပိုင္း ၂ ဆက္ေရးပါ့မယ္။
ရိုးလူ
[Unicode]
ဆစ်ဂနယ်တစ်ယောက်ရဲ့ ကောင်းခြင်း ဆိုးခြင်းများ
ကဲ! Single လေးတွေ Super FA လေးတွေ Third wheel လေးတွေရေ...Single ဘဝနဲ့ ဖြတ်သန်းနေရတာ ခြောက်သွေ့နေပြီလား၊ လေနေပြီလား။ မလေပါနဲ့ 😄။ Single တစ်ယောက်အနေနဲ့ ကြုံရသမျှမှာ ကောင်းကွက်လေးတွေ အရင်ပြောပါ့မယ်။ စိတ်ပျက်မသွားအောင်ပေါ့။
ကောင်းကွက်တွေ
1) အပြင်သွားဖို့ ခေါ်လို့ မလိုက်ချင်ရင် ဟာ နင်တို့က အတွဲတွေချည်းပဲ ဘာညာသာ မူလိုက်ပါ။ စရိတ်စကအပြည့်အစုံနဲ့ ရေမီးအစုံ အကုန်အကျခံပြီး ခေါ်ပါလိမ့်မယ်။ (third wheel လုပ်ဖို့ပါ ) ဘာပဲဖြစ်ဖြစ် စားရတယ်လေ။ 😅
2) အဖွဲ့ထဲမှာ တခြား Single တစ်ယောက်ကို ခေါ်လာရင် စိတ်မပူပါနဲ့၊ အဲ့ဒါ ကိုယ့်ဖို့ပါပဲ။ ကိုယ့်အတွက်ရည်ရွယ်ပေးတယ်ပြောတာပါ။ ပြီးရင် မြန်မာကားတွေ ရိုက်ပြပါလိမ့်မယ်။
3) Single တွေဟာ သိပ်လွတ်လပ်ပါတယ်။ ဘယ်သူနဲ့တွေ့တွေ့ ဘယ်သူနဲ့ တွဲတွေ့တွေ့ မျက်နှာပြောင်တိုက်ပြီး ရယ်ပြနိုင်ပါတယ်။ Single : ဘာလုပ်လုပ်တင့်တယ် ထုံး နှလုံးမူပါ။
4) Single ဘဝနဲ့ တစ်ယောက်တည်း လုပ်စရာရှိတာတွေ၊ လုပ်ချင်တာတွေ လုပ်ပါ။ တစ်ယောက်တည်း ရုပ်ရှင်ကြည့်ပါ၊ မုန့်စားပါ၊ လျှောက်လည်ပါ၊ စာဖတ်ပါ၊ ဖွန်ကြောင်ချင် ကြောင်ပါ
5) Single ဟာ ပိုက်ဆံစုမိပါတယ်၊ စုပြီး ခရီးသွားပါ၊စာသင်ပါ။ အရည်အချင်းဖြည့်ပါ။
ဆိုးကွက်က
1) ဆိုးကွက်က single ဖြစ်လာရင် ကြံ့ကြံ့ခံပါ၊ ဟိုလူနဲ့ စွပ်စွဲ၊ ဒီလူနဲ့ သမုတ်တာ ခံရမှာပါ။
2) စနှိုက်ကြော်ဆိုလည်း ကိုယ်ပါပဲ၊ comment ပေးရင် သတိထားပါ၊ အနှောင့်အသွားလွတ်အောင်တတ်နိုင်သလောက် ရေးပါ။ ရိုးရင်တောင် single ဖြစ်တော့ သူတို့က မရိုးဘူး ထင်နေတာ 😪
3) Third wheel ပေါ့ဗျာ၊ Third wheel ကိစ္စပေါ့၊ နင်က စော်မရှိတော့ ခေါ်လို့ကောင်းတယ်ဟဆိုပြီး ခေါ်ပါလိမ့်မယ်၊ သူတို့ ကြင်နာတာ ထိုင်ကြည့်ပေါ့၊ 😪 အသည်းမာထားပေါ့။
ဆစ်ဂနယ်ဘဝက ဒီလောက်ပါပဲ၊ ကျန်တာတွေတွေ့ရင် အပိုင်း ၂ ဆက်ရေးပါ့မယ်။
ရိုးလူ
No comments:
Post a Comment